Pages

Saturday, March 1, 2014

လူတွေရဲ့ Privacy တွေကိုအဓိကကာကွယ်ပေးမည့် Blackphone ထွက်ပေါ်လာပြီ


RangonNewsDaily: March . 1 .2014
ယခုပြသလျှက်ရှိသသော Mobile World Congress (MWC) ပြပွဲတွင်လူတွေရဲ့ Personal Data တွေကိုအပြည့်အ၀ကာကွယ် ပေးနိုင်မဲ့ Blackphone ကိုစတင်မိတ်ဆက်ပြသခဲ့ကြောင်းသိရှိရသည်။
Android OS သုံးထားတဲ့ယင်းဖုန်းကို အမေရိကန်ဒေါ်လာ ၆၂၉ကျပ်နဲ့ရောင်း ချမှာ ဖြစ်ပြီးယင်းဖုန်းက WiFi ကနေတစ်ဆင့်သင့်ရဲ့ဖုန်းဒေတာတွေကို ခိုးယူလို့ မရအောင်ကာကွယ်ထား သည်ဟုသိရသည်။

”သင့်ရဲ့ ဒေတာတွေကိုသိမ်းဆည်းထားနိုင်ဖို့အတွက်ဖုန်းဆိုတာရှိလာတာပါ။ကျွန်တော်တို့ဟာ PGP(Pretty Good Privacy) လို့ခေါ်တဲ့ စနစ်တစ်ခုကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိပါတယ်။ ကျွန်တော်တို့ဟာ Privacy Feature ထည့်ထားတဲ့ဖုန်းတွေကို ရောင်းတဲ့ဖုန်းကုမ္ပဏီမဟုတ်ပဲ ဖုန်းရောင်းတဲ့ Privacy ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ် “လို့ Blackphone Cofounder Phil Zimmer- mann ကပြောကြားခဲ့သည်။

အဆိုပါဖုန်းကိုထုတ်လုပ်ရန်စပိန်နိုင်ငံရဲ့ Smartphone ထုတ်တဲ့ Geeksphone နှင့် Silent Circle ကုမ္ပဏီနှစ်ခု Zimmermann တည်ထောင်ထားတဲ့ E-mail လုံခြုံရေးကုမ္ပဏီကပူးပေါင်းလုပ် ဆောင်သွားမည်ဟုသိရသည်။

ထိုဖုန်း တွင် Silent Circle Apps Tools ကိုထည့်သွင်းထားမှာဖြစ် ပြီးယင်းစနစ်ဟာ Voice ၊ Text ၊ E-mail နှင့်အခြားသောမိမိလုပ် ဆောင် သမျှလုပ်ငန်းတွေအားလုံးကိုမိမိတစ်ယောက်တည်းပဲသိအောင်လုပ်ပေးတဲ့ Apps တစ်ခုဖြစ်ပါသည်။

ဒါအပြင်အခြားသော Security ပိုင်းနဲ့ဆိုင်တဲ့စနစ်ပေါင်းမြောက်မြား စွာကိုထည့်သွင်းထားတဲ့အပြင်ထူးခြား တဲ့စနစ်တစ်ခုဖြစ်တဲ့ PrivatOS စနစ်ဟာသင် ဘယ်နေရာရှိနေတယ်ဆိုတာကိုဘယ် App နဲ့မှရှာလို့ မရအောင်လုပ်လို့ရသည် ဟုဆိုသည်။

လက်ရှိမှာတော့ KPN Mobile က ဘယ်(လ်)ဂျီယံ ၊ နယ်သာလန် နှင့် ဂျာမနီနိုင်ငံများမှာမကြာခင်စတင်ရောင်းချ တော့မည်ဟုကြေညာထားပြီး Blackphone ကို တကူးတကသုံးချင်တဲ့ Customer တွေကိုတော့ယင်းရဲ့ Offical Website မှာဝယ်ယူလို့ရမှာဖြစ်ကြောင်းသိရှိရပါသည်။

Tech Space  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment