Pages

Saturday, March 1, 2014

ပြည်တွင်း၊ ပြည်ပဧည့်သည်များအတွက် ရွှေတိဂုံစေတီတော်သမိုင်း Audio Guide Application စီစဉ်

RangonNewsDaily: March . 1 .2014
ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (ရွှေပြည်သာ) က မဟာသိပ္ပံ ကျောင်းသား ကျောင်းသူ ၁၈ ဦး ရေးဆွဲထားသော ရွှေတိဂုံ စေတီတော်သမိုင်း ထည့်သွင်းထားသည့် Shwedagon Audio Guide Application ကို ပြည်တွင်း၊ ပြည်ပဧည့်သည့်များ သုံးစွဲရန် အခမဲ့ဖြန့်ချိရန် စီစဉ်နေကြောင်း အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲသူ ကျောင်းသူတစ်ဦးက The Voice သို့ပြောကြားသည်။
ရွှေတိဂုံ စေတီတော်ပေါ်ရှိ အထင်ကရနေရာ ၄၇ ခုကို ရှင်းလင်းထားသော အသံနှင့်စာများကို အဆိုပါ ဆော့ဖ်ဝဲတွင် ထည့်သွင်းမည် ဖြစ်ပြီး လက်ရှိတွင် အံ့ဖွယ်ကိုးခု ထည့်သွင်းပြီး ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

နောက်ဆုံးအဆင့် ရေးဆွဲပြီးပါက အဆိုပါ ဆော့ဖ်ဝဲကို ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းပြီး အများပြည်သူများ အလွယ်တကူ သုံးစွဲနိုင်ရန် ရွှေတိဂုံ စေတီတော်တွင် ဆော့ဖ်ဝဲ ကူးယူနိုင်သော နေရာများစီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကို လာရောက် သင်တန်း ပို့ချပေးနေသူ ထိုင်းနိုင်ငံ Stamford တက္ကသိုလ်နည်းပြ ဦးဖြိုးမင်းထွန်းက ပြောကြားသည်။

အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲမှုမှာ ယခုနှစ်အတွင်း ပြီးမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲသူများတွင် ပါဝင်သည့် ကျောင်းသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရွှေတိဂုံ စေတီတော်သမိုင်း Audio Guide ကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၁ ရက်နေ့အထိ ခေါင်းစဉ်ခွဲများဖြင့် ယှဉ်ပြိုင်ရသည့် Application ရေးဆွဲမှု ပြိုင်ပွဲဝင် ကျောင်းသား ၁၈ ဦးကို ရေးဆွဲရန် တာဝန်ပေးထားခြင်း ဖြစ်သည်။

အဆိုပါ Application ကို Google Play သို့ ရောင်းချနိုင်သည် အထိ ရေးဆွဲနေကြောင်းလည်း ပြိုင်ပွဲဖွင့်ပွဲတွင် ထိုင်းနိုင်ငံ Sripatum တက္ကသိုလ်မှ လာရောက် သင်တန်းပို့ချသူ Dr. Pilastpung Subsermsri က ပြောကြားသည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment