Pages

Monday, March 18, 2013

ဗန်းမော်-မြစ်ကြီးနား ကားလမ်း တရားဝင် သွားလာခွင့်ပြုပြီ

ဗန်းမော်-မြစ်ကြီးနား ကားလမ်း တရားဝင် သွားလာခွင့်ပြု 

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေရဲ့တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် တစ်နှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို ဒီကနေ့မနက်က စတင်ပြီး ပြန်လည်သွားလာခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

ဗန်းမော်မြို့ကနေ မြစ်ကြီးနားမြို့ဘက်ကို ဒီကနေ့မနက် ၈ နာရီမှာ စတင်ထွက်ခွာခွင့်ပြုခဲ့တာလို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနက အမည်မဖော်လိုတဲ့ ပြည်နယ်အရာရှိတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

“ဗန်းမော်-မြစ်ကြီးနား ခရီးစဉ်ကတော့ ဒီနေ့ ၁၈ရက်နေ့ မနက် ၈နာရီမှာ ဟိုင်းလတ် ၁ စီး၊ လိုက်ထရပ် ၁ စီး၊ ဘင် ၃ စီးနဲ့ စတင်ပြီးတော့ ပြေးဆွဲတယ်လို့ သတင်းရရှိပါတယ်၊ ဗန်းမော်ဘက်ကတော့ လုံခြုံရေးအရ တာဝန်ရှိတဲ့ နယ်မြေခံတပ်မမှူးရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖွင့်ပွဲပုံစံလေးလုပ်ပြီးတော့ ဒီဘက်ကိုစမ်းသပ်ပြေးဆွဲတယ်လို့ သိရပါတယ်၊ ဒီဘက်ကတော့ ဝန်ကြီးချုပ်တို့ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်မယ်လို့သိထားရပါတယ်”

ဒီကနေ့မနက်ပိုင်းက ဗန်းမော်မြို့မှာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က ဗိုလ်ချုပ်ဖုန်းမြတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် တို့ကတက်ရောက်ဖွင့်လှစ်ပေးခဲ့တာလို့ သိရပါတယ်။

အဲဒီကားလမ်းကို ၂၀၁၁ ခုနှစ် ဇွန်လကစတင်ပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေရဲ့တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် တစ်နှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို ဒီကနေ့မနက်က စတင်ပြီး ပြန်လည်သွားလာခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

လူ.အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)ရဲ. ဒါရိုက်တာ ဦးအောင်မျိုးမင်းရေးသားသော HUMAN RIGHT MANUAL လူ.အခွင့်အရေး လက်စွဲစာအုပ်

လူ့အခွင့်အရေး လက်စွဲ  (M-Media စာအုပ်အညွှန်း ကဏ္ဍ)
-----------------------
မတ်လ ၊ ၁၈ ၊ ၂၀၁၃
M-Media
ဗေဒါလမ်း

လူ.အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)ရဲ. ဒါရိုက်တာ ဦးအောင်မျိုးမင်းရေးသားသော HUMAN RIGHT MANUAL လူ.အခွင့်အရေး လက်စွဲစာအုပ် ဖြစ်ပါတယ်။
စာအုပ်မှာ အခန်း(၁၄) ခန်းပါဝင်ပြီး လူ.အခွင့်အရေးဆိုတာဘာလဲ? လူ.အခွင့်အရေးသမိုင်းကြောင်း၊ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာလူ.အခွင့်အရေးဥပဒေများ၊ အမျိုးသမီးနှင့်ကလေးအခွင့်အရေး၊ NGO များအကြောင်း၊ လူ.အခွင့်အရေးနှင့် ပတ်သက်၍ မှတ်တမ်းတင်ခြင်း၊ တွေ.ဆုံမေးမြန်းခြင်း၊ ပညာပေးခြင်း၊ သတင်းဌာနများနှင့် ဆက်သွယ်ခြင်း၊လူ.အခွင့်အရေးနှင့် ပတ်သက်သော စာချုပ်စာတန်းများ စသည့် အကြောင်းအရာများပါဝင်ပါသည်။

လူ.အခွင့်အရေးဆိုတာ လူသားအားလုံးအပေါ် ခွဲခြားခြင်းမရှိဘဲ မွေးရာပါ ဂုဏ်သိက္ခာနှင့်အတူ လူတိုင်းရရှိ ခံစားခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ကြောင်း၊ လူ.အခွင့်အရေးအကြောင်း လူတိုင်းနားလည် သဘောပေါက်လာလျှင် လူတဦးခြင်း၏ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို လေးစား တန်ဖိုးထားတက်တဲ့ ယဉ်ကျေးမှု ထွန်းကားလာမှာဖြစ်ကြောင်း စာရေးသူက စာအုပ်အမှာမှာ ရေးသားထားပါတယ်။

ဒီစာအုပ်က ပြည်ပမှာ ၄ ကြိမ်ရိုက်နှိပ်ခဲ့ဖူးပေမယ့် ပြည်တွင်းမှာတော့ ပထမဆုံးအကြိမ် ဖြန့်ချီတာဖြစ်ပါတယ်။ လူ.အခွင့်အရေးနှင့် ပတ်သက်ပြီး နောက်ဆုံးရ သတင်း အချက်အလက်များကို ယခုအကြီမ်တွင် ဖြည့်စွက်ဖော်ပြထားပါသည်။

တန်ဖိုး–၂၀၀၀ ကျပ်ပါ။

http://www.m-mediagroup.com/news/11843

မတ်လ ၊ ၁၈ ၊ ၂၀၁၃

လူ.အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)ရဲ. ဒါရိုက်တာ ဦးအောင်မျိုးမင်းရေးသားသော HUMAN RIGHT MANUAL လူ.အခွင့်အရေး လက်စွဲစာအုပ် ဖြစ်ပါတယ်။ စာအုပ်မှာ အခန်း(၁၄) ခန်းပါဝင်ပြီး လူ.အခွင့်အရေးဆိုတာဘာလဲ? လူ.အခွင့်အရေးသမိုင်းကြောင်း၊ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာလူ.အခွင့်အရေးဥပဒေများ၊ အမျိုးသမီးနှင့်ကလေးအခွင့်အရေး၊ NGO များအကြောင်း၊ လူ.အခွင့်အရေးနှင့် ပတ်သက်၍ မှတ်တမ်းတင်ခြင်း၊ တွေ.ဆုံမေးမြန်းခြင်း၊ ပညာပေးခြင်း၊ သတင်းဌာနများနှင့် ဆက်သွယ်ခြင်း၊လူ.အခွင့်အရေးနှင့် ပတ်သက်သော စာချုပ်စာတန်းများ စသည့် အကြောင်းအရာများပါဝင်ပါသည်။

တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှားပြီး ကြိုတင်စာရင်းပေးသွင်းမှုများ ရှိနေ

တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား

ထက်နိုင်ဇော်| March 18, 2013 | 

အစိုးရတာဝန်ရှိသူများက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငွေကျပ်ထောင်ဂဏန်းဖြင့် တန်ဖိုးနည်းဖုန်းကတ်များ ရောင်းချမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ရာ ပြည်သူအများစုက ကြိတ်ကြိတ် တိုးတိုးဝယ်ယူကြမည့် အခြေအနေများ ဖြစ်ထွန်းနေသောကြောင့် ဖုန်းဈေးကွက်လှုပ်လှုပ်ရှားရှားဖြစ်လာကြောင်း သတင်းရရှိသည်။

ဂျီအက်စ်အမ်ဖုန်းကတ်တကတ်လျှင် ငွေကျပ် ၂၀၀၀ နှင့်  WCDMA ဖုန်းကတ်တကတ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဆိုသော သတင်းများက အပတ်စဉ်ထုတ်ပုဂ္ဂလိကသတင်းဂျာနယ်များတွင် ဖော်ပြထားရာ ပြည်သူအများစုမှာ မိုဘိုင်းလ်ဖုန်းဟန်းဆက်အရောင်းဆိုင်များသို့ ကြိုတင်စာရင်းပေးသွင်းမှုများ ရှိနေကြောင်း မိုဘိုင်းလ်ဖုန်းဟန်းဆက်အရောင်းဆိုင်များထံမှ သိရှိရသည်။

ရန်ကုန်-အင်းစိန်လမ်းမကြီးဘေး၊ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော NES ဖုန်းဟန်းအရောင်းဆိုင်ပိုင်ရှင် ဒေါ်မျိုးမျိုးက ဖုန်းကတ်များထွက်ရှိမည့် ဧပြီလ ၁ ရက်နေ့မတိုင်မီ လာရောက်ကြိုတင်စာရင်းပေးသွင်းနေသူ ရာချီရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ငွေကျပ်ထောင်ဂဏန်းလောက်နဲ့ ဖုန်းကတ်ရမယ်ဆိုတော့ လူတွေက တော်တော်လာမေးကြတယ်။ စာရင်းပေးတဲ့လူတွေလည်းရှိတယ်။ ကျမတို့ကလည်း သတင်းတွေမှာသာဖတ်နေရတာ၊ ဘယ်လိုပေးမလဲ၊ ဘယ်လိုရောင်းမလဲဆိုတာ သေသေချာချာမသိတော့ လာမေးတဲ့သူတိုင်းကို စာရင်းယူထားလိုက်တယ်။ ထောင်ဂဏန်းဆိုတော့ တကယ်ဖုန်းကတ်တွေထွက်လာရင် ဈေးကွက်က ရုတ်တရက် ၀ယ်လိုအား တအားထိုးတက်ဖို့ပဲ သေချာနေပြီ” ဟု ဒေါ်မျိုးမျိုးက ဆိုသည်။

ဧပြီလ ၁ ရက်နေ့ ငွေကျပ် ထောင်ဂဏန်းသာရှိသည့် ဖုန်းကတ်များအမှန်တကယ် ထွက်ပေါ်လာပါက ဈေးပေါပြီးသက်သာသည့် တရုတ်နိုင်ငံလုပ် ဖုန်းဟန်းဆက်များ ၀ယ်လိုအား ထိုးတက်လာနိုင်သည်ဟု လူကြီးမင်း ဖုန်းဆိုင်မှ တာဝန်ရှိသူတဦးဖြစ်သူ ကိုဝေယံ ကပြောသည်။

”တရုတ်က လာတဲ့ ဟန်းဆက်ဈေးပေါပေါလေး တွေရောင်းရဖို့များတယ်။ ငွေသောင်းဂဏန်းလောက်နဲ့ ဖုန်း ပြောနိုင်မယ့် ဖုန်းလေးတွေရောင်းရမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်လူငယ်အများစုမှာ လည်း ငွေကျပ်ထောင်ဂဏန်းဖြင့် ရောင်းချမည့် ဖုန်းကတ်များအပေါ် ရင်ခုန်စွာ စောင့်ဆိုင်း နေကြသည်ဟု သိရှိရသည်။

“ကျနော်က ဖုန်းကတ်ထွက်လာရင် ကိုင်ဖို့ ဟန်းဆက်လှလှလေးတွေ လိုက်ကြည့်နေတယ်။ ၂ သိန်းနဲ့ ရောင်းတုန်းက အိမ်က ၀ယ်မပေးနိုင်ဘူးလို့ပြောတယ်။ ထောင်ဂဏန်းဆိုတော့ ၀ယ်ပေးမယ်။ ဒါပေမယ့် ဟန်းဆက် ကိုတော့ ဈေးပေါပေါလေးပဲ ၀ယ်ပေးမယ်ပြောလို့ ဈေးလည်းပေါ ကင်မရာလေးဘာလေး ရိုက်လို့ရတဲ့ ဖုန်းဟန်းဆက်လေးတွေ လိုက်ရှာနေတာ။ ကျနော်တို့သူငယ်ချင်းတွေလည်း အားလုံး ဖုန်းကတ်ဝယ်ဖို့ လုပ်နေကြပြီ” ဟု မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြား နေသော Grade 9 ကျောင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

နယ်ဒေသများတွင် လည်း ထောင်ဂဏန်းမျှဖြင့် ဖုန်းကတ်များ ၀ယ်ယူအသုံးပြုနိုင်မည်ဆိုသော သတင်း များပျံ့နှံ့နေသည့်အတွက် လယ်သမားအပါအ၀င် ကျေးလက်နေ လူတန်းစား အများစုစိတ်ဝင်စား လျက်ရှိ ကြောင်း မအူပင်ဒေသခံ တဦးက ဆိုသည်။

“ဖုန်းကတ် တကတ်ကို ထောင်ဂဏန်းနဲ့ရမယ်ဆိုတဲ့ သတင်းကြားရတယ်။ မအူပင်ဘက်က လယ်သမား တွေလည်း တကယ်ဖုန်းထွက်ရင် မြို့တက်ဝယ်မယ်ဆိုပြီး ပြောကြ၊ ဆိုကြ တိုင်ပင်နေကြတယ်။ မအူပင်မြို့ပေါ်မှာလည်း ဖုန်းဟန်းဆက်အရောင်းဆိုင်တွေရှိပေမယ့် စောစောသုံးချင်ကြလို့ ရန်ကုန် တက်ဝယ်ကြမယ်ဆိုပြီး ကျနော့်အသိ လယ်သမားတွေက မေးနေကြတယ်” ဟု မအူပင်မြို့ပေါ်မှ ဆန်စပါးကုန်သည်တဦးက ပြောသည်။

ငွေကျပ်ထောင် ဂဏန်းတန် တန်ဖိုးနည်းဖုန်းများကြောင့် ပြည်သူအများစု၏ ဆက်သွယ်ရေး အဆင်ပြေလာ မည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးလုပ်ကိုင်နေသော လယ်သမားများ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် လယ်သမားများသည် အခက်အခဲများနှင့် သိရှိလိုသော သတင်းအချက်အလက် များကိုသတ်မှတ်နေရာ များနှင့် ကုန်စည်ဒိုင်များတွင် မေးမြန်းနိုင်သဖြင့် လယ်ယာစီးပွားရေး လုပ်ငန်း အထူးအောင်မြင်ဖြစ်ထွန်းကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပဲဈေး၊ နှမ်းဈေး၊ စပါးဈေး အပါအ၀င် သတင်း အချက်အလက်အားလုံး မေးမြန်းနိုင်သည့် စနစ်တရပ်ပေါ်ထွန်းလျှင် ဖုန်းကိုင်မည့် လယ်သမားများ အဆင်ပြေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။

”လယ်ပြင်မယ်။ ပိုးသတ်ဆေးဖြန်းမယ်။ သီးနှံစိုက်မယ် ဆိုရင် မိုဘိုင်းလ်ဖုန်း တစ်လုံးရှိတာနဲ့ Service Provider လို့ခေါ်တဲ့ဒေသတွင်း သတင်းအချက်အလက်စင်တာတွေနဲ့ လှမ်းချိတ်ပြီးတော့ အချိန်နဲ့ တပြေးညီ အကုန်လုံး လုပ်လို့ရသွားတာပေါ့။ အချင်းချင်းလည်း ဒေသအလိုက်ပေါက်ဈေး တွေညှိုလို့ ရလာမယ်။ မိုဘိုင်းလ်ဖုန်း လုပ်ငန်းဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရအနေနဲ့အမြတ် ထုတ်ရမယ့် လုပ်ငန်း မဟုတ်ဘူး။ အရင်က လုပ်စားတဲ့ခွင်ကြီးတစ်ခုဖြစ်ခဲ့တာ။ အဲဒီအတွက် တိုင်းပြည်က အများကြီး နိမ့်ကျ ကျန်ခဲ့တယ်။ အခုမှဖြစ်လာပေမယ့် ၀မ်းသာပါတယ်”ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်းဖုန်းများအမှန်တကယ်ထွက်ရှိလာပါက လူထုကို မှန်ကန်စွာ အသုံးပြုစေနိုင်ရန်အတွက် ပညာပေးမှုများ ဆောင်ရွက်သင့်ကြောင်း ဘလော့ဂါကိုနေဘုန်းလတ်က ဧရာဝတီသို့ ပြောသည်။

”တော်တော်များများက ဖုန်းကို ဆက်သွယ်စကားပြောဖို့လောက်ပဲ သုံးကြတာများတယ်။ အင်တာနက်သုံးလို့ရတယ်။ သတင်း တွေကြည့်မယ်။ ဖုန်းကိုဆက်သွယ် ပြောဆိုတာထက် အကျိုးရှိရှိသုံးနိုင်အောင် ပညာပေးလေးတွေတော့များများလုပ်ဖို့လိုမယ်”ဟု အိုင်တီကျွမ်းကျင်သူ ကိုနေဘုန်းလတ် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းတယ်လီဖုန်းသန်းချီ တိုးချဲ့ တပ်ဆင်မည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မိုဘိုင်းလ်ဖုန်းအလုံးရေ ၁၀ သန်း၊ ၂၀၁၄-၂၀၁၅ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၁၄ သန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်  ၁၅ ဒသမ ၅ သန်း စုစုပေါင်း၃၉ ဒသမ ၅ သန်းအထိ ချထား ပေး မည်ဖြစ်ပြီး မြန်မာနိုင်ငံ ၏ လူဦးရေ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ မိုဘိုင်းလ်ဖုန်း သုံးစွဲခွင့်ရလာ ဖြစ် ကြောင်း၊ အနာဂတ် တွင် ဆက်သွယ်ရေးလုပ်ငန်းများကို အစိုးရဘက်ဂျက်ငွေကို မှီခိုအသုံးမပြုသည့် အများပိုင်ကုမ္ပဏီ အဖြစ်  ပြောင်းလဲဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရ သည်။

မြန်မာ့ ဆက်သွယ်ရေးက ထုတ်လုပ်ထားသော မိုဘိုင်းလ်ဖုန်းကတ် တခုကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Re-Post By ACM 18-3-2013
အေးချမ်းမွန် Credit & Copy From >>ဧရာဝတီ << Thank
မြန်မာ့ ဆက်သွယ်ရေးက ထုတ်လုပ်ထားသော မိုဘိုင်းလ်ဖုန်းကတ် တခုကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ထက်နိုင်ဇော်| March 18, 2013 |

အစိုးရတာဝန်ရှိသူများက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငွေကျပ်ထောင်ဂဏန်းဖြင့် တန်ဖိုးနည်းဖုန်းကတ်များ ရောင်းချမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ရာ ပြည်သူအများစုက ကြိတ်ကြိတ် တိုးတိုးဝယ်ယူကြမည့် အခြေအနေများ ဖြစ်ထွန်းနေသောကြောင့် ဖုန်းဈေးကွက်လှုပ်လှုပ်ရှားရှားဖြစ်လာကြောင်း သတင်းရရှိသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား (မန္တလေး)ကို ၁၉.၃.၂၀၁၃ မနက် ၉နာရီတွင် ကျင်းပပြုလုပ်မည်

ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား (မန္တလေး) ဖိတ်ကြားလွှာ

** ယနေ့ ၁၈၊ ၃၊၂၀၁၃  မနက် (၉) နာရီတွင် ပွဲကျင်းပခွင့် ပါမစ် ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား (မန္တလေး) ဖိတ်ကြားလွှာ
ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား (မန္တလေး)ကို ၁၉.၃.၂၀၁၃ မနက် ၉နာရီတွင် ကျင်းပပြုလုပ်မည်
ဖြစ်ကြောင်းသတင်းရရှိပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ နိုင်ငံရေးပါတီဖွဲ့မည်

၈၈ မျိုးဆက်ကျောင်းသားများ နိုင်ငံရေးပါတီဖွဲ့မည်

စနေလင်း| March 18, 2013 |

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့်  ဒီမိုကရေစီစနစ် အခြေကျရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် အတွက် နိုင်ငံရေး ပါတီတခု ထူထောင်ရန် မူဝါဒရှိနေပြီး ယခုနှစ်တွင် ပါတီဖွဲ့စည်းရန် မရှိသေးကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများသည် ယခုနှစ်အတွင်းတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ အားကောင်းစေရေးအတွက်သာ ရည်ရွယ် လုပ်ဆောင်နေပြီး လာမည့်နှစ်အနည်းငယ်အတွင်းတွင် နိုင်ငံရေးပါတီတခုအဖြစ် ဖွဲ့စည်းရန်ရှိသကဲ့သို့ အခြားတဘက်တွင်လည်း အရပ်ဘက် အဖွဲ့အစည်းကို ဆက်လက် ထားရှိပြီး ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်ဆောင်တစ်ဦးဖြစ်သည့် ကိုမင်းဇေယျက ပြောသည်။

“သေချာတာ ကတော့  ၂ လမ်းသွား မယ့် အခြေခံမူ ရှိတယ်။ လောလောဆယ်မှာက လျာထားချက်ပဲရှိသေးတယ်။ နိုင်ငံရေး ပါတီပုံစံ နဲ့ တစ်ဖက်၊ အရပ်ဘက်အဖွဲ့အစည်း NGO ပုံစံနဲ့ တဖက်လုပ်သွားမှာပါ။ အားလုံးက သဘောတူထား ပြီးသားပါ” ဟု ၎င်းက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွင် နိုင်ငံရေးပါတီထူထောင်ပြီး နိုင်ငံရေးလုပ်ဆောင်လိုသူများ ရှိနေပြီး ၂၀၁၃ ခုနှစ် ကျော်လွန်မှ သာ ပါတီထူထောင်ရေးအတွက် အစည်းအဝေးများ ပြုလုပ်ပြီး အနာဂတ်လုပ်ငန်းစဉ်များဆုံးဖြတ်မည် ဖြစ်ကြောင်း ကိုမင်းဇေယျ က ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတစ်ခု ယခုနှစ် အတွင်း ပေါ်ထွက်ရန်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုသို့ ခေတ္တအလည်အပတ်ရောက်ရှိနေသော ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်က လန်ဒန် အခြေစိုက် ဘီဘီစီအသံလွှင့်ဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင်  ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံရေးတွင် ရွေးကောက်ပွဲ၊ လွှတ်တော်ရှိရုံမျှဖြင့် ဒီမိုကရေစီရရှိပြီဟု မပြောနိုင်ကြောင်း၊ နှစ်ပေါင်းများစွာအခြေတည်လာသော ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းများ ကြောင့်  လက်နက်ကိုင်နေကြသော တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ၊ ဒုက္ခသည်များ အဖြစ် ပြည်ပတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အားလုံး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တွင်  ပါဝင်စေလိုသော ဆန္ဒ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အားလုံးတွင် ရှိနေကြောင်း၊ ပြည်ပရောက် မြန်မာ့အင်အားစုများ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင်လာစေရန် အစိုးရအနေဖြင့် လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း  ကိုဌေးကြွယ်က ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က နိုင်ငံရေးပါတီ ထူထောင်ရန် ဆန္ဒရှိနေသည့်အပေါ် နိုင်ငံရေး အင်အားစုများက ကြိုဆိုလိုက် ကြပြီး  ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးသမားများအဖြစ် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင် လာမှုက မြန်မာ့နိုင်ငံရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်စေသော အလားအလာများဖြစ်ပေါ်စေမည်ဟု သုံးသပ်မှု များ ရှိနေသည်။

“ကျနော် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက် ကတည်းက  ပြောဖူးပါတယ်။ သူတို့ကို နိုင်ငံရေးလောကထဲဝင်လာဖို့။ လူငယ်တွေ နိုင်ငံရေးပါဝင်လာဖို့။  NLD ပါတီ ထဲကို ၀င်ချင်ဝင်၊ မ၀င်ချင်လည်း တလှေထဲမစီးနိုင်တာ တောင် တစ်ခရီး ထဲသွားဖို့ ပြောဖူးတယ်။ အခုလို နိုင်ငံရေးလောကထဲကို ထဲထဲဝင် လာကြဖို့ရှိတာ  ကြိုဆိုတယ်။ ကောင်းတယ်လို့ ယူဆတယ် ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းအနေဖြင့် မဟုတ်ဘဲ နိုင်ငံရေးပါတီအဖြစ် ရှင်းရှင်း လင်းလင်း ရပ်တည်မည်ဆိုပါက ပိုမို ကောင်းမွန်မည်ဖြစ်ကြောင်း ပြည်တွင်းတွင် လူ့ဘောင်သစ်ပါတီ ထူထောင်ရန် ကြိုးစားနေသူ ကိုဇေယျက ဆိုသည်။

“ကျနော် ထောင်က ထွက်လာတုန်း သူတို့နဲ့ အစည်းအဝေးတွေ လုပ်ခဲ့ဖူးတယ်။ ဒီနိုင်ငံရေးပါတီထူထောင်မယ့် မူဝါဒတော့ ရှိတယ်လို့ မသိခဲ့ရဘူး။ အခုလို ရှင်းရှင်းလင်းလင်း လုပ်တာ ပိုကောင်းတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား လိုက်နာရင် ပြီးတာပဲ ” ဟု ၎င်းက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွင်  ပါတီနိုင်ငံရေးဘက်သို့ ကူးပြောင်းမည့် သူများရှိသကဲ့သို့  နိုင်ငံရေးမလုပ်ဘဲ အနုပညာ၊စာပေနှင့် လူမှုရေးလုပ်ငန်းများတွင် ဆက်လက် လုပ်ကိုင်ဆောင်ရွက်လိုသူများ လည်းရှိနေကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုမင်းကိုနိုင် အနေဖြင့် နိုင်ငံရေးထက် စာပေအနုပညာနှင့် အရပ်ဘက် အဖွဲ့ အစည်းများ အား ကောင်းရေး အတွက် လူမှုရေး လုပ်ငန်းများကို လုပ်လိုသည်ဟု မကြာခဏ ပြောဆိုလေ့ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုစိုးထွန်းက ပြောသည်။

“တဦးချင်း သဘောထားကိုတော့ မပြောချင်ပါဘူး။ ကျနော် အနေနဲ့တော့ နိုင်ငံရေးဘက်ကို လုံးဝ မကူးချင်သေးဘူး။ ခေတ်က  တောင်းဆိုလာရင်တော့ တမျိုးပေါ့။ ကျနော်တို့က ကျောင်းသားဘက်ကနေ တက်လာတဲ့သူတွေဆိုတော့ သင်ယူစရာ၊ လေ့လာစရာတွေ ရှိနေသေးတယ် ” ဟု ကိုစိုးထွန်းက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နှင့် ကိုအံ့ဘွယ်ကျော် (ဓာတ်ပုံ – ဧရာဝတီ)

Re-Post By ACM 18-3-2013
အေးချမ်းမွန် Credit & Copy From >> ဧရာဝတီ << Thank
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နှင့် ကိုအံ့ဘွယ်ကျော် (ဓာတ်ပုံ – ဧရာဝတီ)
စနေလင်း| March 18, 2013 |

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့်ဒီမိုကရေစီစနစ်အခြေကျရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး
နှင့် ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် အတွက် နိုင်ငံရေး ပါတီတခု ထူထောင်ရန် မူဝါဒရှိနေပြီး ယခုနှစ်တွင် ပါတီဖွဲ့စည်းရန် မရှိသေးကြောင်း သိရသည်။

သြစတြေးလျ ရောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို မြန်မာနိုင်ငံသား ၂၀၀ ကျော်က ယနေ့ ဆန္ဒပြ



မတ်လ ၁၈ရက်၊ ၂၀၁၃ခုနှစ်
နယူးဇီလန်နိုင်ငံမှတဆင့် သြစတြေးလျားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်း
စိန် ကို သြစတြေးလျားရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော်က ယနေ့ ဆန္ဒပြခဲ့ကြသည်။

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ 

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၁၇ မိနစ် 

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့က ဆိုကြသည်။

မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင်က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန်စရာများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူးခဲ့ဖူးသည့် အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ် အောင်မြင်နိုင်ရေး လမ်းခရီးကို ဖြတ်သန်းရာတွင် လွယ်ကူလိမ့်မည် မဟုတ်ဟု ဆိုခဲ့ဖူးသည်။ 

ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့သည့် ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်၏ ရပ်တည်ချက်အပေါ် ဝေဖန်လာကြသည်။ 

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှ လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်းအရာများက လွှမ်းမိုးခဲ့သည်ဟု Oxford Student အစီရင်ခံစာ တစောင်က ဆိုသည်။   

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အပေါ် အပြုသဘောဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော်လည်း မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ စစ်မှန်သော အပြောင်းအလဲ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်းဆိုင်ရာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြသည်။ 

အစိုးရက ကချင်လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်က တောက်လျှောက် နှုတ်ဆိတ်နေခဲ့ခြင်းအပေါ် အထူးဝေဖန်ခဲ့ကြသည်ဟု Oxford Student အစီရင်ခံစာက ဆိုသည်။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှုကို ဆုံးရှုံးနေသည်ဟုလည်း ဆိုခဲ့သည်။ 

“မျှော်လင့်ချက်တွေဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စုဟာလည်း ပြောသင့်တာတွေကို ပြောဖို့လိုအပ်ပါတယ်” ဟု Dr. Carey က ဆိုသည်။ 

မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိကိုလည်း ဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့သေးသည်။ Burma Campaign (UK) မှ အလုပ်အမှုဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ နည်းကျ ဦးတည် မောင်းနှင်ထားတာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီတင်း နှစ်ပတ်ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ် ကျောင်းသား ကိုယ်စားလှယ် အဖွဲ့က ထိုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၈ ရက် ၂၀၁၃ ခုနှစ်
လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့က ဆိုကြသည်။မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင်က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန်စရာများ ရှိခဲ့သည်။

တောင်းဆိုချက် (ကဗျာ)

တောင်းဆိုချက်
***********

ငါဟာ တောသားပါ
စကားလှလှတွေပြောပြီး
လူအများ ရဲ့နှလုံးသားကို
မသိမ်းယူတတ်ဘူး

ငါဟာ တောသားပါ
လောဘ မထားဖို့နဲ့
ဒေါသမများဖို့
ဟောကြားတဲ့စကားကလွဲရင်
ဟိုက်ဒရိုဂျင်က ဘာ
နိုက်ထရိုဂျင်က ဘာ
ငါ မလေ့လာဘူးဖူး

ငါဟာ တောသားပါ
အနားကနွားတစ်ရှဉ်းနဲ့
လယ်ထဲဆင်းဖိုက လွဲရင်
မင်းစီးတဲ့ကား
ဘာအမျိုးအစားဆိုတာ
ငါ နားမလည်ပါဘူး

ငါဟာ တောသားပါ
အများကောင်းစားဖို့
ခေါင်းစဉ်နဲ့
ငါ့လယ်ယာတွေကို
ရောင်းစားလိုက ရောင်းစားပါ
အမုန်းတရားတွေ
မထားခဲ့ပါနဲ့
ငတုံး င အ လို့
သုံးနှုံးလိုက သုံးနှုံးလိုက်ပါ
အများမုန်းအောင် မလုပ်ခဲ့ပါနဲ့


Dinay Oo

ငါဟာ တောသားပါ
စကားလှလှတွေပြောပြီး
လူအများ ရဲ့နှလုံးသားကို
မသိမ်းယူတတ်ဘူး


ငါဟာ တောသားပါ
လောဘ မထားဖို့နဲ့

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိ၍ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး