မတ်လ ၊ ၁၈ ၊ ၂၀၁၃
တန်ဖိုး–၂၀၀၀ ကျပ်ပါ။
http://www.m-mediagroup.com/ news/11843
လူ.အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)ရဲ. ဒါရိုက်တာ
ဦးအောင်မျိုးမင်းရေးသားသော HUMAN RIGHT MANUAL လူ.အခွင့်အရေး လက်စွဲစာအုပ်
ဖြစ်ပါတယ်။ စာအုပ်မှာ အခန်း(၁၄) ခန်းပါဝင်ပြီး
လူ.အခွင့်အရေးဆိုတာဘာလဲ? လူ.အခွင့်အရေးသမိုင်းကြောင်း၊ နိုင်ငံတကာဥပဒေ၊
အပြည်ပြည်ဆိုင်ရာလူ.အခွင့်အရေးဥ ပဒေများ၊ အမျိုးသမီးနှင့်ကလေးအခွင့်အရေး၊
NGO များအကြောင်း၊ လူ.အခွင့်အရေးနှင့် ပတ်သက်၍ မှတ်တမ်းတင်ခြင်း၊
တွေ.ဆုံမေးမြန်းခြင်း၊ ပညာပေးခြင်း၊ သတင်းဌာနများနှင့်
ဆက်သွယ်ခြင်း၊လူ.အခွင့်အရေးနှင့်  ပတ်သက်သော စာချုပ်စာတန်းများ စသည့် အကြောင်းအရာများပါဝင်ပါသည်။
လူ.အခွင့်အရေးဆိုတာ လူသားအားလုံးအပေါ် ခွဲခြားခြင်းမရှိဘဲ မွေးရာပါ
ဂုဏ်သိက္ခာနှင့်အတူ လူတိုင်းရရှိ ခံစားခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ကြောင်း၊
လူ.အခွင့်အရေးအကြောင်း လူတိုင်းနားလည် သဘောပေါက်လာလျှင် လူတဦးခြင်း၏
ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို လေးစား တန်ဖိုးထားတက်တဲ့ ယဉ်ကျေးမှု
ထွန်းကားလာမှာဖြစ်ကြောင်း စာရေးသူက စာအုပ်အမှာမှာ ရေးသားထားပါတယ်။
ဒီစာအုပ်က ပြည်ပမှာ ၄ ကြိမ်ရိုက်နှိပ်ခဲ့ဖူးပေမယ့် ပြည်တွင်းမှာတော့ ပထမဆုံးအကြိမ် ဖြန့်ချီတာဖြစ်ပါတယ်။ လူ.အခွင့်အရေးနှင့် ပတ်သက်ပြီး နောက်ဆုံးရ သတင်း အချက်အလက်များကို ယခုအကြီမ်တွင် ဖြည့်စွက်ဖော်ပြထားပါသည်။
ဒီစာအုပ်က ပြည်ပမှာ ၄ ကြိမ်ရိုက်နှိပ်ခဲ့ဖူးပေမယ့် ပြည်တွင်းမှာတော့ ပထမဆုံးအကြိမ် ဖြန့်ချီတာဖြစ်ပါတယ်။ လူ.အခွင့်အရေးနှင့် ပတ်သက်ပြီး နောက်ဆုံးရ သတင်း အချက်အလက်များကို ယခုအကြီမ်တွင် ဖြည့်စွက်ဖော်ပြထားပါသည်။
တန်ဖိုး–၂၀၀၀ ကျပ်ပါ။
http://www.m-mediagroup.com/
Rangonnewsdaily
RND: :18.3.2013
RND: :18.3.2013
0 comments:
Post a Comment