Pages

Monday, March 18, 2013

တောင်းဆိုချက် (ကဗျာ)

တောင်းဆိုချက်
***********

ငါဟာ တောသားပါ
စကားလှလှတွေပြောပြီး
လူအများ ရဲ့နှလုံးသားကို
မသိမ်းယူတတ်ဘူး

ငါဟာ တောသားပါ
လောဘ မထားဖို့နဲ့
ဒေါသမများဖို့
ဟောကြားတဲ့စကားကလွဲရင်
ဟိုက်ဒရိုဂျင်က ဘာ
နိုက်ထရိုဂျင်က ဘာ
ငါ မလေ့လာဘူးဖူး

ငါဟာ တောသားပါ
အနားကနွားတစ်ရှဉ်းနဲ့
လယ်ထဲဆင်းဖိုက လွဲရင်
မင်းစီးတဲ့ကား
ဘာအမျိုးအစားဆိုတာ
ငါ နားမလည်ပါဘူး

ငါဟာ တောသားပါ
အများကောင်းစားဖို့
ခေါင်းစဉ်နဲ့
ငါ့လယ်ယာတွေကို
ရောင်းစားလိုက ရောင်းစားပါ
အမုန်းတရားတွေ
မထားခဲ့ပါနဲ့
ငတုံး င အ လို့
သုံးနှုံးလိုက သုံးနှုံးလိုက်ပါ
အများမုန်းအောင် မလုပ်ခဲ့ပါနဲ့


Dinay Oo

ငါဟာ တောသားပါ
စကားလှလှတွေပြောပြီး
လူအများ ရဲ့နှလုံးသားကို
မသိမ်းယူတတ်ဘူး


ငါဟာ တောသားပါ
လောဘ မထားဖို့နဲ့ဒေါသမများဖို့
ဟောကြားတဲ့စကားကလွဲရင်
ဟိုက်ဒရိုဂျင်က ဘာ
နိုက်ထရိုဂျင်က ဘာ
ငါ မလေ့လာဘူးဖူး


ငါဟာ တောသားပါ
အနားကနွားတစ်ရှဉ်းနဲ့
လယ်ထဲဆင်းဖိုက လွဲရင်
မင်းစီးတဲ့ကား
ဘာအမျိုးအစားဆိုတာ
ငါ နားမလည်ပါဘူး


ငါဟာ တောသားပါ
အများကောင်းစားဖို့
ခေါင်းစဉ်နဲ့
ငါ့လယ်ယာတွေကို
ရောင်းစားလိုက ရောင်းစားပါ
အမုန်းတရားတွေ
မထားခဲ့ပါနဲ့
ငတုံး င အ လို့
သုံးနှုံးလိုက သုံးနှုံးလိုက်ပါ
အများမုန်းအောင် မလုပ်ခဲ့ပါနဲ့



Dinay Oo
Rangonnewsdaily
RND:  :18.3.2013

0 comments:

Post a Comment