Pages

Monday, March 18, 2013

မာလီစစ်ပွဲတွင် ပဉ္စမမြောက် ပြင်သစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

မာလီစစ်ပွဲတွင် ပဉ္စမမြောက် ပြင်သစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
Monday, March 18, 2013

မာလီမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း တနင်္ဂနွေနေ့က ပြင်သစ်စစ်သား တစ်ဦး သေဆုံးကြောင်း နိုင်ငံ၏ ကာကွယ်
ရေး ဝန်ကြီး ဂျင်းယီဗက်ဇ် လီဒရိန်းက မီဒီယာများထံ ပြောကြားခဲ့သည်။

မာလီနိုင်ငံတွင် ပါဝင်ဆင်နွှဲနေသည့် စစ်ဆင်ရေးများအတွင်း ပဉ္စမမြောက် ပြင်သစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ မာလီအစိုးရ၏ ပန်ကြားမှုကြောင့် ပြင်သစ် စစ်ကြောင်းများသည် ဘာသာရေး 
အစွန်းရောက် သူပုန်တပ်ဖွဲ့များကို ပါဝင်တိုက်ခိုက်လျှက် ရှိနေသည်။

မာလီမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဖြစ်ပွားနေသည့် စစ်
ပွဲအတွင်း တနင်္ဂနွေနေ့က ပြင်သစ်စစ်သား တစ်ဦး သေဆုံးကြောင်း
နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီး ဂျင်းယီဗက်ဇ် လီဒရိန်းက မီဒီယာများထံ
ပောကြားခဲ့သည်။

အဆိုပါ စစ်သားသည် အသက်(၂၄)နှစ်အရွယ် ရှိနေပြီး ယင်းသည် မာလီ၌ အသက်ဆုံးရှုံးသည့် (၅)ဦးမြောက် ပြင်သစ် တပ်ဖွဲ့ဝင်ဟုလည်း သိရှိရသည်။ လမ်းဘေးထောင် နင်းမိုင်းတစ်ခု ပေါက်ကွဲခြင်းကြောင့် ပြင်သစ်တပ်ဖွဲ့များ စီးနင်းလာသည့် ကားတစ်စင်း ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးကာ အဆိုပါ စစ်သည် သေဆုံးပြီး (၃)ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

အီဖိုဂက်စ် အရပ်တွင် ဖြစ်ပွားသော လမ်းဘေးဗုံး တိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ဝန်ကြီးဌာနက ရှင်းလင်း ပြောဆိုသွားခြင်း မရှိချေ။ 

လတ်တလောတွင် ပြင်သစ် လေတပ်သည် အစွန်းရောက် စစ်သွေးကြွ
များကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေသလို မြေပြင်တွင်လည်း ပြင်
သစ် ကွန်မန်ဒို တပ်များက မာလီစစ်သည်များနှင့်အတူ ထိုးစစ်ဆင်နွှဲနေ
ဆဲ ဖြစ်သည်။

Planet Myanmar Network

Monday, March 18, 2013

မာလီမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း တနင်္ဂနွေနေ့က ပြင်သစ်စစ်သား တစ်ဦး သေဆုံးကြောင်း နိုင်ငံ၏ ကာကွယ် ရေး ဝန်ကြီး ဂျင်းယီဗက်ဇ် လီဒရိန်းက မီဒီယာများထံ ပြောကြားခဲ့သည်။ မာလီနိုင်ငံတွင် ပါဝင်ဆင်နွှဲနေသည့် စစ်ဆင်ရေးများအတွင်း ပဉ္စမမြောက် ပြင်သစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ မာလီအစိုးရ၏ ပန်ကြားမှုကြောင့် ပြင်သစ် စစ်ကြောင်းများသည် ဘာသာရေး
အစွန်းရောက် သူပုန်တပ်ဖွဲ့များကို ပါဝင်တိုက်ခိုက်လျှက် ရှိနေသည်။

မာလီမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဖြစ်ပွားနေသည့် စစ် ပွဲအတွင်း တနင်္ဂနွေနေ့က ပြင်သစ်စစ်သား တစ်ဦး သေဆုံးကြောင်း နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီး ဂျင်းယီဗက်ဇ် လီဒရိန်းက မီဒီယာများထံ ပောကြားခဲ့သည်။

အဆိုပါ စစ်သားသည် အသက်(၂၄)နှစ်အရွယ် ရှိနေပြီး ယင်းသည် မာလီ၌ အသက်ဆုံးရှုံးသည့် (၅)ဦးမြောက် ပြင်သစ် တပ်ဖွဲ့ဝင်ဟုလည်း သိရှိရသည်။ လမ်းဘေးထောင် နင်းမိုင်းတစ်ခု ပေါက်ကွဲခြင်းကြောင့် ပြင်သစ်တပ်ဖွဲ့များ စီးနင်းလာသည့် ကားတစ်စင်း ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးကာ အဆိုပါ စစ်သည် သေဆုံးပြီး (၃)ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

အီဖိုဂက်စ် အရပ်တွင် ဖြစ်ပွားသော လမ်းဘေးဗုံး တိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ဝန်ကြီးဌာနက ရှင်းလင်း ပြောဆိုသွားခြင်း မရှိချေ။

လတ်တလောတွင် ပြင်သစ် လေတပ်သည် အစွန်းရောက် စစ်သွေးကြွ များကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေသလို မြေပြင်တွင်လည်း ပြင် သစ် ကွန်မန်ဒို တပ်များက မာလီစစ်သည်များနှင့်အတူ ထိုးစစ်ဆင်နွှဲနေ ဆဲ ဖြစ်သည်။

Planet Myanmar Network
Rangonnewsdaily
RND:  :18.3.2013

0 comments:

Post a Comment