Pages

Monday, March 18, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင် ငံတော် သမ္မတ ဦးသိန်းစိန် သြစတြေးလျ နိုင်ငံသို့ ရောက်ရှိ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင် ငံတော် သမ္မတ ဦးသိန်းစိန် သြစတြေးလျ နိုင်ငံသို့ ရောက်ရှိ
Monday, March 18, 2013 

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ် ၁၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နယူးဇီလန် နိုင်ငံ အော့ကလန် မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာပြီး ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဆစ်ဒနီမြို့သို့ ရောက်ရှိကြရာ နယူးဆောက်ဝေးလ် ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိ သူများ၊ ဝန်ကြီးချုပ်ရုံးနှင့် နိုင် ငံခြားရေး ဝန်ကြီး ဌာနမှ တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် ဆစ်ဒနီမြို့မှ သြစတြေးလျ တပ်မတော် လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ ခဲ့ကြပြီး ကင်ဘာရာမြို့ တပ်မတော် လေယာဉ်ကွင်းသို့ ရောက်ရှိကြ ရာ ဝန်ကြီးချုပ် ရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ကြိုဆို ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့များသည် ခေတ္တ တည်းခိုမည့် ကင်ဘာရာ မြို့ရှိ ဟိုင်းယပ် ဟိုတယ်သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိ ကြသည်။

ညပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် သြစတြေးလျ
နိုင်ငံရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး နှင့်သံရုံး မိသားစု ဝင်များ၊ သြစတြေးလျ နိုင်ငံရောက် မြန်မာနိုင်ငံသား များ နှင့်တွေ့ဆုံ နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

မြ၀တီ

Monday, March 18, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ် ၁၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နယူးဇီလန် နိုင်ငံ အော့ကလန် မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာပြီး ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဆစ်ဒနီမြို့သို့ ရောက်ရှိကြရာ နယူးဆောက်ဝေးလ် ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိ သူများ၊ ဝန်ကြီးချုပ်ရုံးနှင့် နိုင် ငံခြားရေး ဝန်ကြီး ဌာနမှ တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် ဆစ်ဒနီမြို့မှ သြစတြေးလျ တပ်မတော် လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ ခဲ့ကြပြီး ကင်ဘာရာမြို့ တပ်မတော် လေယာဉ်ကွင်းသို့ ရောက်ရှိကြ ရာ ဝန်ကြီးချုပ် ရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ကြိုဆို ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့များသည် ခေတ္တ တည်းခိုမည့် ကင်ဘာရာ မြို့ရှိ ဟိုင်းယပ် ဟိုတယ်သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိ ကြသည်။ ညပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် သြစတြေးလျ နိုင်ငံရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး နှင့်သံရုံး မိသားစု ဝင်များ၊ သြစတြေးလျ နိုင်ငံရောက် မြန်မာနိုင်ငံသား များ နှင့်တွေ့ဆုံ နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

မြ၀တီ
Rangonnewsdaily
RND:  :18.3.2013

0 comments:

Post a Comment