Pages

Sunday, March 17, 2013

လင်ဆေးလိုဟန်ကို နောက်ပြောင်မိသည့်အတွက် ဂျက်စတင် ဘီဘာ တောင်းပန်


လင်းဆေးလိုဟန်၏ ဘဏ္ဍာရေး အကျပ်အတည်းများနှင့် ပတ်သက်၍ နောက်ပြောင်စကား ပြောဆိုမိခြင်း
အပေါ် ဂျက်စတင် ဘီဘာက ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရှိရသည်။
ဥပဒေရေးရာ ဖြေရှင်းမှုများနှင့် ကြုံနေရသလို သူမ၏ အနုပညာ နယ်ပယ်တွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်
နေသည့်နောက်အသက်(၂၆)နှစ်ရှိ MeansGirlစတား အဆိုတော်မင်းသမီး လင်းဆေးသည်း ငွေရေးကြေးရေး အကျပ်အတည်းများနှင့် ကြုံနေရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

လင်ဆေးလိုဟန်ကို နောက်ပြောင်မိသည့်အတွက် ဂျက်စတင် ဘီဘာ တောင်းပန်

Beauty and A Beastစတား အဆိုတော် ဘီဘာက မိမိအနေဖြင့် လိုဟန်ကို တစ်စုံတစ်ရာ နစ်နာစေလိုခြင်း မရှိခဲ့ဟု ပြန်လည် ဖြေရှင်း ပြောဆိုခဲ့သည်။ လိုဟန်သည် အခွန်အခများစွာ ပေးချေရန် ကိစ္စအတွက် တရား
ရင်ဆိုင်နေရသလို ယာဉ်တိုက်မှုအတွက်လည်း တရားရုံးတွင် ဖြေရှင်းနေရသည်။

ဘီဘာက လိုဟန်၏ ငွေရေးကြေးရေး အကျပ်အတည်းများကို လှောင်ပြောင်သည့် Instagram Commentတစ်
ခုကို ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ဖျက်ခဲ့သည်။ အသက်(၁၉)နှစ်ရှိ ဘီဘာက "ကျွန်တော် ပြောဆိုမိတာ
က မိနစ်ပိုင်းလောက်လေး ကြာပြီးတာနဲ့ ဒါဟာ မလုပ်သင့်ဘူးဆိုတာ သဘောပေါက်လိုက်တယ်။

ကျွန်တော် ကျီစယ်ချင်တဲ့ သဘောထားနဲ့ သွေဖည်နေပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ချက်ချင်း ပြန်
ဖျက်လိုက်တာပါ။ ကျွန်တော့် စကားတွေအတွက် လိုဟန်ကို ထိခိုက်စေချင်တာ မဟုတ်ပါဘူး"ဟု ရှင်းလင်း
သွားခဲ့သည်။

Source: FemaleFirst
Rangonnewsdaily
RND:  :17.3.2013


0 comments:

Post a Comment