Pages

Sunday, March 17, 2013

မြန်မာ့ပြုပြင်ပြောင်းလဲရေးများအတွက် အကူအညီများ ဆက်ပေး သွားမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ပြောကြား

မြန်မာ့ပြုပြင်ပြောင်းလဲရေးများအတွက် အကူအညီများ ဆက်ပေး သွားမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ပြောကြား Saturday, March 16, 2013

နယူးဇီလန်အစိုးရသည် မြန်မာတွင် လိုအပ်နေသော လူမှုရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ အတွက် ကူညီထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက မြန်မာ သမ္မတနှင့် တွေ့ ဆုံရာတွင် ပြောကြားခဲ့သည်။

ယမန်နေ့က အောက်ကလန်မြို့တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂျွန်ကီးက မြန်မာသို့ ပေးအပ်သော အကူအညီများတွင် ငွေကြေး၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိုက် ပျိုးရေးကဏ္ဍကဲ့သို့ သောနေရာများတွင် နည်းပညာပိုင်း ထောက်ပံ့မှုများ ပါဝင်မည် ဟု ပြောကြားခဲ့သည်။

မြန်မာ့အခြေအနေနှင့် ပတ်သက်၍လည်း ဂျွန်ကီးက လူတိုင်းသည် သည်းညဉ်းခံနိုင်မှု အတိုင်းအတာတစ်ရပ် လိုအပ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးများသည် ထူးခြားကြောင်း ဆိုသည်။

နယူးဇီလန်သည် ယမန်နှစ်က မြန်မာသို့ လူသားးချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်ရေး မွေး မြူရေးခြံတစ်ခု တည်ဆောက်ရန် ဒေါ်လာ ခုနှစ်သန်းထောက်ပံ့ခဲ့သည်။

နယူးဇီလန်သို့ အလည်အပတ်ရောက် ရှိနေသည့် မြန်မာ သမ္မတကလည်း နယူးဇီလန်ဝန်ကြီးချုပ်နှင့်ပြည်သူများအား မြန်မာသို့ ဆက်လက် ကူညီပေးမှုများအတွက် ကျေးဇူး တင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Ref: Radio newszealand
Photo - president-office.gov.mm

The Myanma Age

နယူးဇီလန်အစိုးရသည် မြန်မာတွင် လိုအပ်နေသော လူမှုရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ အတွက် ကူညီထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက မြန်မာ သမ္မတနှင့် တွေ့ ဆုံရာတွင် ပြောကြားခဲ့သည်။ ယမန်နေ့က အောက်ကလန်မြို့တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂျွန်ကီးက မြန်မာသို့ ပေးအပ်သော အကူအညီများတွင် ငွေကြေး၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိုက် ပျိုးရေးကဏ္ဍကဲ့သို့ သောနေရာများတွင် နည်းပညာပိုင်း ထောက်ပံ့မှုများ ပါဝင်မည် ဟု ပြောကြားခဲ့သည်။

မြန်မာ့အခြေအနေနှင့် ပတ်သက်၍လည်း ဂျွန်ကီးက လူတိုင်းသည် သည်းညဉ်းခံနိုင်မှု အတိုင်းအတာတစ်ရပ် လိုအပ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးများသည် ထူးခြားကြောင်း ဆိုသည်။

နယူးဇီလန်သည် ယမန်နှစ်က မြန်မာသို့ လူသားးချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်ရေး မွေး မြူရေးခြံတစ်ခု တည်ဆောက်ရန် ဒေါ်လာ ခုနှစ်သန်းထောက်ပံ့ခဲ့သည်။

နယူးဇီလန်သို့ အလည်အပတ်ရောက် ရှိနေသည့် မြန်မာ သမ္မတကလည်း နယူးဇီလန်ဝန်ကြီးချုပ်နှင့်ပြည်သူများအား မြန်မာသို့ ဆက်လက် ကူညီပေးမှုများအတွက် ကျေးဇူး တင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Ref: Radio newszealand
Photo - president-office.gov.mm
The Myanma Age,Rangonnewsdaily
RND:  :17.3.2013
 

0 comments:

Post a Comment