Pages

Sunday, March 17, 2013

ပြည်ပဆရာဝန်များ မြန်မာသို့ လာဆေးကုသမှုနှင့် ကျန်းမာရေးဟောပြောခြင်း လိုင်စင်တင်ရမည်

ပြည်ပဆရာဝန်များ မြန်မာသို့ လာဆေးကုသမှုနှင့် ကျန်းမာရေးဟောပြောခြင်း လိုင်စင်တင်ရမည်

ရန်ကုန်၊ မတ် ၁၆
	ပြည်ပဆရာဝန်များ မြန်မာ နိုင်ငံ၌ လာရောက်ဆေးကုသခြင်း နှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေး ပညာပေးခြင်းတို့ ပြုလုပ်ရာတွင် ကန့်သတ်ဆေးကုသခွင့် လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ သိရ သည်။
	ကန့်သတ်ဆေးကုသခွင့် လိုင် စင်ဆိုသည်မှာ နိုင်ငံခြားသား ဆရာဝန်အား ကုသခွင့်ရှိသော ဆေးပညာဘာသာရပ် အမျိုးအစား၊ ကုသခွင့်ရှိသော နေရာဒေသနှင့် အချိန်ကာလတို့ကို ကန့်သတ်၍ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပေးသော ဆေးကုသခွင့်လိုင် စင်ဖြစ်သည်။
	မြန်မာနိုင်ငံ၏ တိုးတက်ပြောင်း လဲလာသော အခြေအနေများအရ နိုင်ငံခြားမှ ဆရာဝန်များ မြန်မာ နိုင်ငံတွင် လာရောက်ဆေးကုသ ခြင်း၊ လူနာများနှင့် ဆွေးနွေးတိုင်ပင် ခြင်းနှင့် ပြည်သူများအား ကျန်းမာ ရေး ပညာပေးခြင်းတို့ကို အခကြေး ငွေဖြင့်သော်လည်းကောင်း၊ အခမဲ့ သော်လည်းကောင်း ဆောင်ရွက်မှု များပြားလာလျက်ရှိသည်။
	ယင်းသို့ ဆောင်ရွက်ရာတွင် လည်း ဝန်ကြီးဌာနအချို့၊ ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအ ချို့၏ စီစဉ်ဆောင်ရွက်မှု၊ ဘာသာ ရေးနှင့် လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု လုပ် ငန်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဆေး ကောင်စီမှ သိရသည်။
	''မလုပ်ရဘူးမဟုတ်ဘူး လုပ် ပါ။ နိုင်ငံတော်နှင့် နိုင်ငံသားများအား ထိရောက်အကျိုးရှိသော ဝန်ဆောင် မှုများ အပြည့်အဝရရှိရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဆီမှာ အမြတ် ထုတ်သွားတယ်။ အစမ်းသပ်ခံ လုပ်သွားတယ်ဆိုတာမျိုး လက်မခံ ပါဘူး''ဟု မြန်မာနိုင်ငံ ဆေးကောင် စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးမြင့်က ပြောသည်။
	မြန်မာနိုင်ငံ ဆေးကောင်စီက မြန်မာနိုင်ငံသို့ လာရောက်ဆေးကု သမှု၊ လူနာများနှင့် ဆွေးနွေးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ပညာပေး ဟောပြောခြင်း၊ လူနာဟောင်းပြန် လည်ကြည့်ရှုခြင်း စသည်တို့ကို ဆောင်ရွက်မည့် နိုင်ငံခြားသား ဆရာဝန်များ၏ ဘွဲ့၊ ဒီဂရီ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အထောက်အထားများကို တာဝန် ယူစိစစ်ပြီးမှသာလျှင် ကန့်သတ် ဆေးကုသခွင့်လိုင်စင်ကို ထုတ်ပေး လျက် ရှိသည်။
	ကန့်သတ်ဆေးကုသခွင့် လိုင်စင် သက်တမ်းမှာ သုံးလဖြစ် ပြီး သက်တမ်း လေးကြိမ်တိုးခွင့်ဖြင့် အများဆုံး တစ်နှစ်အထိ ခွင့်ပြုပေး ထားကြောင်း လိုင်စင်ကြေးကို ဒေါ် လာ ၁၅ဝဝ သတ်မှတ်ထားပြီး နှစ် လကြိုတင်လျှောက်ထားရမည်ဖြစ် ကာ ¤င်းတို့ လျှောက်ထားသော နေရာမှာ ဆေးကုသနိုင်သည့် နေရာ ဖြစ်ရမည်ဖြစ်ပြီး ယင်းနေရာ ကို ကျော်လွန်၍လုပ်ကိုင်ခွင့်မရှိပေ။
	နိုင်ငံခြားဆေးရုံရုံးခွဲတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက ''ဆေး ကောင်စီက ကျွန်မတို့ကို ခေါ်တွေ့ မယ်လို့တော့ပြောတယ်။ဘယ်တော့ လဲဆိုတာ မသိရသေးဘူး။ ဆေး ပညာဟောပြောတာကလည်း ကျွန် မတို့က အခမဲ့ လုပ်ပေးတာပါ။ ဟောပြောခွင့်တွေပါမရဘူးဆိုရင် တော့ သူတို့ပြောသလိုလိုင်စင်နဲ့ လုပ်ရမှာပေါ့။ လိုင်စင်ကြေးက လည်း ရှိလာတော့ ဟိုဘက်က ဆေးရုံနဲ့လည်းပြန်ညှိပြီး ဆွေးနွေးရ မှာပေါ့''ဟု ဆိုသည်။
	မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ၂ဝဝဝ ပြည့်နှစ် ဇန်နဝါ ရီ ၁၄ ရက်နေ့က ပြဋ္ဌာန်းထားခြင်း ဖြစ်ပြီး ဥပဒေအရ ကောင်စီက ထုတ်ပေးသော ဆေးကုသခွင့်လိုင် စင်မရှိဘဲ ဆေးကုသခြင်း မပြုလုပ် ရကြောင်း၊ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်ရမည့်အပြင် ငွေဒဏ် ပါ ချမှတ်နိုင်ကြောင်း သိရသည်။
	လက်ရှိ အချိန်အထိ မြန်မာ နိုင်ငံတွင် ကန့်သတ်ဆေးကုသခွင့် လိုင်စင်လျှောက်ထားသူ ၁ဝဝ ဝန်း ကျင်ခန့်ရှိသည်။မြတ်စုငြိမ်း

ရန်ကုန်၊ မတ် ၁၆
ပြည်ပဆရာဝန်များမြန်မာနိုင်ငံ၌လာရောက်ဆေးကုသခြင်းနှင့်ကျန်းမာရေးဆိုင်ရာဆွေးနွေး ပညာပေးခြင်း
တို့ပြုလုပ်ရာတွင်ကန့်သတ်ဆေးကုသခွင့် လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်
စီမှသိရသည်။ကန့်သတ်ဆေးကုသခွင့်လိုင်စင်ဆိုသည်မှာနိုင်ငံခြားသားဆရာဝန်အား ကုသခွင့်ရှိသော ဆေး
ပညာဘာသာရပ်အမျိုးအစား၊ကုသခွင့်ရှိသောနေရာဒေသနှင့်အချိန်ကာလတို့ကို ကန့်သတ်၍ မြန်မာနိုင်ငံ
ဆေးကောင်စီက ထုတ်ပေးသော ဆေးကုသခွင့်လိုင် စင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်း လဲလာသော အခြေအနေများအရ နိုင်ငံခြားမှ ဆရာဝန်များ မြန်မာ နိုင်ငံတွင် လာရောက်ဆေးကုသ ခြင်း၊ လူနာများနှင့် ဆွေးနွေးတိုင်ပင် ခြင်းနှင့် ပြည်သူများအား ကျန်းမာ ရေး ပညာပေးခြင်းတို့ကို အခကြေး ငွေဖြင့်သော်လည်းကောင်း၊ အခမဲ့ သော်လည်းကောင်း ဆောင်ရွက်မှု များပြားလာလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လည်း ဝန်ကြီးဌာနအချို့၊ ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအ ချို့၏ စီစဉ်ဆောင်ရွက်မှု၊ ဘာသာ ရေးနှင့် လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဆေး ကောင်စီမှ သိရသည်။

''မလုပ်ရဘူးမဟုတ်ဘူး လုပ် ပါ။ နိုင်ငံတော်နှင့် နိုင်ငံသားများအား ထိရောက်အကျိုးရှိသော ဝန်ဆောင် မှုများ အပြည့်အဝရရှိရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဆီမှာ အမြတ် ထုတ်သွားတယ်။ အစမ်းသပ်ခံ လုပ်သွားတယ်ဆိုတာမျိုး လက်မခံ ပါဘူး''ဟု မြန်မာနိုင်ငံ ဆေးကောင် စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးမြင့်က ပြောသည်။

မြန်မာနိုင်ငံ ဆေးကောင်စီက မြန်မာနိုင်ငံသို့ လာရောက်ဆေးကု သမှု၊ လူနာများနှင့် ဆွေးနွေးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ပညာပေး ဟောပြောခြင်း၊ လူနာဟောင်းပြန် လည်ကြည့်ရှုခြင်း စသည်တို့ကို ဆောင်ရွက်မည့် နိုင်ငံခြားသား ဆရာဝန်များ၏ ဘွဲ့၊ ဒီဂရီ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အထောက်အထားများကို တာဝန် ယူစိစစ်ပြီးမှသာလျှင် ကန့်သတ် ဆေးကုသခွင့်လိုင်စင်ကို ထုတ်ပေး လျက် ရှိသည်။

ကန့်သတ်ဆေးကုသခွင့် လိုင်စင် သက်တမ်းမှာ သုံးလဖြစ် ပြီး သက်တမ်း လေးကြိမ်တိုးခွင့်ဖြင့် အများဆုံး တစ်နှစ်အထိ ခွင့်ပြုပေး ထားကြောင်း လိုင်စင်ကြေးကို ဒေါ် လာ ၁၅ဝဝ သတ်မှတ်ထားပြီး နှစ် လကြိုတင်လျှောက်ထားရမည်ဖြစ်ကာ ¤င်းတို့ လျှောက်ထားသော နေရာမှာ ဆေးကုသနိုင်သည့် နေရာ ဖြစ်
ရမည်ဖြစ်ပြီး ယင်းနေရာ ကို ကျော်လွန်၍လုပ်ကိုင်ခွင့်မရှိပေ

နိုင်ငံခြားဆေးရုံရုံးခွဲတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက ''ဆေး ကောင်စီက ကျွန်မတို့ကို ခေါ်တွေ့ မယ်လို့တော့ပြောတယ်။ဘယ်တော့ လဲဆိုတာ မသိရသေးဘူး။ ဆေး ပညာဟောပြောတာကလည်း ကျွန် မတို့က အခမဲ့ လုပ်ပေးတာပါ။ ဟောပြောခွင့်တွေပါမရဘူးဆိုရင် တော့ သူတို့ပြောသလိုလိုင်စင်နဲ့ လုပ်ရမှာပေါ့။ လိုင်စင်ကြေးက လည်း ရှိလာတော့ ဟိုဘက်က ဆေးရုံနဲ့လည်းပြန်ညှိပြီး ဆွေးနွေးရ မှာပေါ့''ဟု ဆိုသည်။

မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ၂ဝဝဝ ပြည့်နှစ် ဇန်နဝါ ရီ ၁၄ ရက်နေ့က ပြဋ္ဌာန်းထားခြင်း ဖြစ်ပြီး ဥပဒေအရ ကောင်စီက ထုတ်ပေးသော ဆေးကုသခွင့်လိုင် စင်မရှိဘဲ ဆေးကုသခြင်း မပြုလုပ် ရကြောင်း၊ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်ရမည့်အပြင် ငွေဒဏ် ပါ ချမှတ်နိုင်ကြောင်း သိရသည်။

လက်ရှိ အချိန်အထိ မြန်မာ နိုင်ငံတွင် ကန့်သတ်ဆေးကုသခွင့် လိုင်စင်လျှောက်ထားသူ ၁ဝဝ ဝန်း ကျင်ခန့်ရှိသည်။
 
မြတ်စုငြိမ်း
ပေါ်ပြုလာမြန်မာ, Rangonnewsdaily
RND:  :17.3.2013 

0 comments:

Post a Comment