Pages

Sunday, March 17, 2013

တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် မျက်နှာဖုံးများတပ်ဆင်ရန် တိုက်တွန်းထား


တရုတ်နိုင်ငံ၏ မြို့တော် ဘေဂျင်းတွင် ဖုန်ထူထပ်မှုနှင့် မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်
နေသည့်အတွက် အာဏာပိုင်များက မြို့နေလူထုအား မျက်နှာဖုံးများ တပ်ဆင်ထားရန် တိုက်တွန်းထား
ကြောင်း သိရှိရသည်။

ဘဂျင်းမြို့တော် တောင်ပိုင်း ဆင်ခြေဖုံး ဒေသများတွင် မီးခိုးမြူများ ထူထပ်နေသလို မြောက်ဘက်ပိုင်းမှ သဲ
မုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့်ဘေဂျင်း၏ လေထုသန့်စင်မှု အခြေအနေသည် ယခုရက်ပိုင်းအ
တွင်း ပိုမို ဆိုးရွားလာသည်။ မြို့နေ လူထုအနေဖြင့် မနှစ်မြို့ဖွယ် ရာသီဥတု အခြေအနေများကြောင့် စိတ်
ပျက်နေရသလို မျက်နှာဖုံး တပ်ဆင်ထားသည့်တိုင် နှာခေါင်းထဲသို့ ဖုန်မှုန့်နှင့် သဲများ ဝင်ရောက်မှုကိုမတား
ဆီးနိုင်ဘဲ ရှိနေသည်။

တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် မျက်နှာဖုံးများတပ်ဆင်ရန် တိုက်တွန်းထား

ယခုအခါ ဘေဂျင်းတွင် ရဲတပ်ဖွဲ့ဝင်များသည်လည်း မျက်နှာဖုံးများတပ်ပြီး တာဝန် ထမ်းဆောင်နေရသည်။ မတ်လ (၉)ရက်နေ့ ကတည်းက ယင်းကဲ့သို့ မျက်နှာဖုံးတပ်ရန် မဖြစ်မနေ တွန်းအားများ ကြုံလာရခြင်း ဖြစ်
သည်။ ပြည်သူလူထု လုံခြုံရေး ဝန်ကြီးဌာန အစီရင်ခံစာများတွင်ပင် ရဲများအတွက် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုမှ အကာအကွယ် ဖြစ်စေရန် တစ်ဦးချင်း ဂရုစိုက်မှုများ ပြုလုပ်သင့်ကြောင်း ဖော်ပြခဲ့သည်။ ဘေ
ဂျင်းတွင် မီးခိုးမြူများ ထူထပ်လာခြင်းသည် ဇန်နဝါရီလ အစောပိုင်းကတည်းက တဖြည်းဖြည်း စတင်လာခဲ့
သည်။ မြို့တော်၏ လေထု သန့်စင်မှုသည် လွန်ခဲ့သည့် (၇)ရက်အတွင်း အလွန် ဆိုးရွားလာခဲ့သည်။

ကျွမ်းကျင်သူများက ဘေဂျင်း၏ လေထုသန့်ရှင်းမှုသည် ဖြစ်သင့်သည့် အဆိုးဆုံး အခြေအနေဖြစ်သော (၅
၀၀)မှတ်ကို ကျော်လွန်သွားကြောင်း ဆိုသည်။(၂၀၀၈)ခုနှစ်၊ ဘေဂျင်းအိုလံပစ်ကာလအကြိုအဆိုပါ ပြဿနာ
မျိုး ကြုံခဲ့ဖူးသော်လည်း တာဝန်ရှိသူများကမူ ထိုစဉ်ကထက် လေထုညစ်ညမ်းမှု လျှော့ချရေး ကြိုးပမ်းမှုများ ပိုမို အကောင်အထည်ဖော်နိုင်စွမ်း ရှိလာကြောင်း သုံးသပ် ပြောကြားထားသည်။ ဘေဂျင်းတွင် စက်မှုလုပ်
ငန်းများ၌ ကျောက်မီးသွေးလောင်စာ အသုံးပြုမှု အလွန်များပြားခြင်းကလည်း လေထုညစ်ညမ်းမှုကို တွန်း
အားပေးသည့် ဖြစ်စဉ်တစ်ခုသဖွယ် ရှိနေသည်။

ကျွမ်းကျင်သူများက ယခုဖြစ်စဉ်သည် ကျောက်မီးသွေး အသုံးပြု စက်ရုံများကြောင့်ရော၊ မော်တော်ယာဉ် စင်းရေ ထူထပ်များပြားခြင်းကြောင့်ပါ ဆက်နွယ်နေကြောင်း ပြစ်တင်ထားသည်။

တရုတ်အစိုးရသည် ကျောက်မီးသွေး စက်ရုံများအစား သဘာဝ ဓာတ်ငွေ့ကို ပြောင်းလဲ အသုံးပြုရန် ကြိုး
စားနေသည့် အကြီးစား စီမံကိန်း (၄)ခုကို ချမှတ်ထားသော်လည်း (၂၀၁၅)ခုနှစ်လောက်တွင် အစောဆုံး အကောင်အထည် ပေါ်လာရန် မျှော်လင့်နေဆဲ ဖြစ်သည်။

SourceXinhua
Rangonnewsdaily
RND:  :17.3.2013

0 comments:

Post a Comment