Pages

Wednesday, January 30, 2013

မန္တလေးမှာ အမျိုးသမီးတစ်ဦး လောင်းကစားစာရင်းတွေမှတ်ထားတယ်လို့ယူဆရတဲ့ Memory Stick မြိုချ မှု့ ဖြစ်ပွား

ဇန်န၀ါရီ ၃၀၊ ၂၀၁၃(YPI)

လောင်းကစားစာရင်းတွေမှတ်ထားတယ်လို့ယူဆရတဲ့ မမ်မိုရီစတစ်ကိုမြိုချလိုက်တဲ့ အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့သမီးနဲ့အတူ မနေ့က အဖမ်းခံခဲ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၉) ရဲစခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကနေ လောင်းကစားသတင်းအရ မနေ့ကနေ့လည် ၁၁ နာရီ ၄၅ မိနစ်က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်ကို ၀င်ရောက်ရှာဖွေရာမှာ နှစ်လုံးထီနဲ့ချဲထီ

လောင်းကစားရာမှာ အသုံးပြုတဲ့ လက်ပ်တော့တစ်လုံး၊ လောင်းကြေးငွေကျပ်(၆၈) သိန်းနဲ့ လက်ကိုင်ဖုန်း
တစ်လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။

ရေအသုံးပြု၍ မားသားဘုတ် အတွင်း အပူကို စွန့်ထုတ် ပေးမည့် စနစ်ကို ပြည်တွင်းတွင် တပ်ဆင်နိုင်ပြီ

ရေအသုံးပြု၍ မားသားဘုတ် အတွင်း အပူကို စွန့်ထုတ် ပေးမည့် စနစ်ကို
*********************************************
 ပြည်တွင်းတွင် တပ်ဆင်နိုင်
******************
မားသားဘုတ် အတွင်းရှိ CPU, Graphic Card နှင့် RAM အစရှိသော Devices များကို သက်တမ်း ကြာရှည်စွာ ထိန်းသိမ်း အသုံးပြု နိုင်ရန် အတွက် ရေအ သုံးပြု၍ အပူ စွန့်ထုတ် ပေးမည့် စနစ်ကို ပြည်တွင်းရှိ ecool mobile, Computer  ဆိုင်တွင် တပ်ဆင် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“အဓိက အားဖြင့်တော့ ကွန်ပျူတာနဲ့ ဂိမ်းအမြဲ ဆော့နေတဲ့ သတွေ၊ စက်ကို အမြဲ Run နေတဲ့ သူတွေနဲ့ သင့်တော် ပါတယ်။ ပန်ကာလေနဲ့ အပူကို ထုတ်တာ ထက် ပိုပြီး စက်ကို အေးစေတယ်။ ကျွန်တော့် ဆီမှာတော့ US နဲ့ UK Brand တွေ ရှိပါတယ်။ CPU Only ရော၊ Custom ရော၊ Set တစ်ခုလုံးရော ကြိုက်သလို တပ်ဆင်လို့ ရတယ်။ Service ခရော၊ ပစ္စည်းတွေရော အပြီးအစီးဆိုရင်တော့ ၃ သိန်းခွဲဝန်းကျင်လောက် ရှိပါလိမ့်မယ်။ နိုင်ငံခြားမှာတော့ ဒီစနစ်က ရှိနေတာ ကြာပါပြီ။ မြန်မာနိုင်ငံမှာတော့ မတွေ့သေးဘူး။ ဒါကြောင့် ဒီက Gamer တွေအတွက် ရည်ရွယ်ပြီး တင်သွင်းလာတာပါ” ဟု ecool ဆိုင် တည်ထောင်သူ ကိုသိန်းမင်းထွဋ်က ပြောသည်။ 

စက်အတွင်း အသုံးပြုမည့် ရေကိုလည်း အလွယ်တကူ ဝယ်ယူနိုင်ပြီး UV ပါသော ရေဖြစ်ပါက အစိမ်းရောင်၊ အပြာရောင် ရောင်ပြန်လေးများ ပါဝင်မည် ဖြစ် သည်။ ထို့ကြောင့် ဂိမ်းကစားသော လူငယ်များအတွက် အပူကို စွန့်ထုတ်ပေးနိုင်ရုံမျှမက မိမိ၏ PC ကိုလည်း အလှဆင်နိုင်မည် ဖြစ်သည်။ အဆိုပါ Water Cooling Solution ကို တပ်ဆင်ရန်အတွက် All in One Kit တစ်ခုတွင် CPU Block, Pump, Reservoir, Radiator, Fan, Tubing, Fittings, Liquid  နှင့် Grease စသည်တို့ အားလုံး ပါဝင်မည် ဖြစ်သည်။ တစ်ခုချင်းစီအတွက် ဝယ်ယူလိုပါကလည်း ရရှိနိုင်ပြီး တပ်ဆင်သူစိတ်ကြိုက် RAM, CPU, VGA card  စသည်ဖြင့် ရွေးချယ် အပူစွန့်ထုတ်ပေးနိုင်မည်ဟု သိရသည်။

Ref : yatanarpon
မြ၀တီတွင် ဖော်ပြသော သတင်းကို မူရင်းအတိုင်း မျှဝေပါသည်။

မားသားဘုတ် အတွင်းရှိ CPU, Graphic Card နှင့် RAM အစရှိသော Devices များကို သက်တမ်း ကြာရှည်
စွာ ထိန်းသိမ်း အသုံးပြု နိုင်ရန် အတွက် ရေအ သုံးပြု၍ အပူ စွန့်ထုတ် ပေးမည့် စနစ်ကို ပြည်တွင်းရှိ ecool mobile, Computer ဆိုင်တွင် တပ်ဆင် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။“အဓိက အားဖြင့်တော့ ကွန်ပျူတာနဲ့ ဂိမ်းအမြဲ ဆော့နေတဲ့ သတွေ၊ စက်ကို အမြဲ Run နေတဲ့ သူတွေနဲ့ သင့်တော် ပါတယ်။

မြေငလျှင်သတင်း

ဖိလစ်ပိုင်ကျွန်းစုများအနီးတ၀ိုက်တွင် ဇန်န၀ါရီ ၃၀ရက် ဒေသစံတော်ချိန် ည ၈နာရီ ၅၇ မိနစ်ခန့်(မြန်မာစံတော်ချိန် ည ၇ နာရီ ခွဲခန့်)က အင်အား ၅.၀ ရှိသော ငလျင်တစ်ခုလှုတ်ခတ်သွားသည့်နေရာကို ကြယ်ပွင့်အမှတ်အသားနှင့်ပြထားပါသည်။

ဇန်န၀ါရီလ ၃၀ ရက်နေ့ ည မြန်မာစံတော်ချိန် ၈နာရီ ၁၅ မိနစ်ခန့်တွင်ကမ္ဘာအေး မြေငလျင်စခန်းမှ တောင်ဘက် ၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်အောက်နေရာကို ဗဟိုပြု၍ အင်အား ၄ ခန့်ရှိသော ရေအောက်ငလျင်တစ်ခုလှုတ်ခတ်သွားကြောင်းသိရသည်။ ထိုငလျှင်ကို ရန်ကုန်မြို့ပေါ်ရှိနေရာ တော်တော်များများတွင် သိရှိခံစားလိုက်ရကြောင်းသတင်းရရှိသည်။ပျက်စီးဆုံးရှုံးမှု မရှိပေမယ့် ပြည်သူများကြောက်လန့်ခဲကြကြောင်းလဲသိရသည်။

Eleven Media Group နှင့် ဒေါက်တာသန်းထွဋ်အောင်အား Burmese Muslim Youths For Human Rights and Justice အစည်းအရုံး (Group)မှ စကားစစ်ထိုးပွဲအတွက် စိန်ခေါ်လိုက်ခြင်း

ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံး (Group)မှနေ၍ Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်ထံသို့ အီးမေးလ်မှတဆင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်နေ့ ရက်စွဲဖြင့် ဖိတ်ကြားချက် တရားဝင်စာကို ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

သို့

ဒေါက်တာသန်းထွဋ်အောင်

အမှုဆောင်အရာရှိချုပ်

Eleven Media Group

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

စာအမှတ် - ၉/၂၀၁၃

နေ့စွဲ ။ ။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်။

အကြောင်းအရာ ။ ။ ရိုဟင်ဂျာတိုင်းရင်းသားများနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာစကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား တက်ရောက်ဆင်နွှဲရန် ဖိတ်ကြားခြင်း။

ပြည်ပဧည့်များ ငပလီတွင် ရေအောက်ကမ္ဘာ လေ့လာနိုင်ပြီ

ပြည်ပဧည့်များ ငပလီတွင် ရေအောက်ကမ္ဘာ လေ့လာနိုင်ပြီ
Wednesday, January 30, 2013

ငပလီတွင် နိုင်ငံခြားသားများ ရေအောက်ကမ္ဘာ လေ့လာနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ ပင်လယ် ရေငုပ်ခြင်းကို 
စိတ် ဝင်စားသည့် ပြည်ပ ဧည့်များ အတွက် ရေငုပ် ဝတ်စုံဝတ် ရေအောက် ခရီး၊ ပျော်စရာ ပင်လယ်ကမ္ဘာ လေ့လာရေး ခရီး (ရေပေါ် လေပိုက် မျက်နှာဖုံး ဖော်၍ ကူးခတ် လေ့လာခြင်း၊ က ယက်လှေလှော်ခြင်း၊ ရေကူး
ငါးမြား ခြင်း၊ တံငါရွာ လေ့လာခြင်း)၊ ငပလီ ဝန်းကျင်ရေမြေ သဘာဝလေ့လာ ခြင်း၊ သံတွဲမြစ်ရိုး တစ်လျှောက် လေ့လာခြင်း တို့ကို ငပလီရေ လွှာ အားကစား စင်တာမှ ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

”တခြားနိုင်ငံတွေမှာလည်း ဒီလို Water Sport Center တွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ ဆီမှာလည်း အဲဒါမျိုးတွေ ဖြည့် ဆည်းပေးချင်လို့ စဖွင့်လိုက်တာ” ဟု စင်တာ ဖွင့်ထားသည့် Asia Whale ခရီးသွားလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပ ဧည့်များသည် ထိုသို့ ရေငုပ်ခြင်း (Scuba Diving)ကို ယခင် က မြိတ်ကျွန်းစု များတွင်သာ ပြုလုပ် ကြပြီး အပန်းဖြေ ကမ်းခြေတွင် ယခုကဲ့သို့ ဝန်ဆောင်မှုပေး သည် မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ လူနေမှု ဘဝကို လေ့လာလို သူများသည် သံတွဲအနီး ဝန်းကျင်ရှိ မောင်ရွှေလေး တံငါရွာ အပါအဝင် ရွာများ၊ သံတွဲမြစ်ရိုး တစ်လျှောက် ဒေသခံများ ၏ နေ့စဉ် လူနေမှု ဘဝများကို လေ့လာနိုင်မည်
ဖြစ်ကြောင်း သိရသည်။

ရေငုပ်ခြင်း အတွက် ငပလီ ကမ်းခြေမှ ကားဖြင့် တစ်နာရီခွဲ သွားရောက်
နိုင်မည့် နေရာတွင် စီစဉ်ပေးကြောင်း၊ လက်ရှိတွင် အီတလီ၊ ဂျာမနီ စသည့် နိုင်ငံသားများ အများဆုံး လာရောက် လေ့လာကြကြောင်း၊ ငပလီသည် နေ့စဉ် လေကြောင်းလိုင်း ရှိသောကြောင့် နောက်ပိုင်း
တွင် ပြည်ပဧည့် ပိုများ လာမည်ဟု ခန့်မှန်းထားကြောင်း Asia Whale ခရီးသွား လုပ်ငန်းမှ သိရသည်။

မေဇင်ဝင်း 
Popular Myanmar News Journal

Wednesday, January 30, 2013

ငပလီတွင် နိုင်ငံခြားသားများ ရေအောက်ကမ္ဘာ လေ့လာနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရ
သည်။ ပင်လယ် ရေငုပ်ခြင်းကို စိတ် ဝင်စားသည့် ပြည်ပ ဧည့်များ အတွက် ရေငုပ် ဝတ်စုံဝတ် ရေအောက် ခရီး၊ ပျော်စရာ ပင်လယ်ကမ္ဘာ လေ့လာရေး ခရီး (ရေပေါ် လေပိုက် မျက်နှာဖုံး ဖော်၍ ကူးခတ် လေ့လာခြင်း၊ က ယက်လှေလှော်ခြင်း၊ ရေကူးငါးမြား ခြင်း၊ တံငါရွာ လေ့လာခြင်း)၊ ငပလီ ဝန်းကျင်ရေမြေ သဘာဝလေ့
လာ ခြင်း၊ သံတွဲမြစ်ရိုး တစ်လျှောက် လေ့လာခြင်း တို့ကို ငပလီရေ လွှာ အားကစား စင်တာမှ ဝန်ဆောင်
မှု ပေးနေကြောင်း သိရသည်။

မန္တလေးမြို့သူ မြို့သားတွေ အတွက် Mingalar Diamond Cineplex ( Film / HD / 2D / 3D ) ရုပ်ရှင်ရုံသစ်ကြီးဖွင့်လှစ်တော့မယ်

မန္တလေးမြို့သူ မြို့သားတွေ အတွက် သတင်းကောင်း ..............

ယနေ့ ( ၃၀ . ၁ . ၂၀၁၃ ) ရက်နေ့ က မန္တလေးမြို့ ၇၈ လမ်း ၊ ၃၃ × ၃၄ လမ်းကြားရှိ Diamond Plaza ( ၅ ) လွှာတွင် Mingalar Diamond Cineplex ( Film / HD / 2D / 3D ) ရုပ်ရှင်ရုံသစ်ကြီး ကို စာနယ်ဇင်းအထူးပွဲအဖြစ် ယနေ့ ညနေ ( ၃ နာရီခွဲ ) က ပြသခဲ့ပါသည် ။ ထိုရုပ်ရှင်ရုံသစ်ကြီးကို ( ၅ - ၂ - ၂၀၁၃ ) ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တစ်ရုံလျှင် လူ ( ၃၀၀ ) ဆံ ရုပ်ရှင်ရုံ ( ၃ ) ရုံကို တပြိုင်နက်ဖွင့်လှစ်ပြသမှာဖြစ်ပါတယ် ။ ဖွင့်ပွဲ အနေနဲ့ ( ၅ . ၂ . ၂၀၁၃ မှ ၇ . ၂. ၂၀၁၃ ) ရက်ထိ သုံးရက်တိုင်တိုင် အခမဲ့ ပြသသွားမှာဖြစ်ပါတယ် ။ ပွဲချိန်တွေများမှာ နံနက် ( ၁၀ နာရီ ) ၊ နေ့လည် ( ၁၂ နာရီ ခွဲ ) ၊ ညနေ ( ၃ နာရီခွဲ ) ၊ ညနေ ( ၆ နာရီခွဲ ) ၊ ည ( ၉ နာရီခွဲ ) တို့ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကတော့ ( ၁၂၀၀ ) ၊ ( ၁၅၀၀ ) ၊ ( ၂၀၀၀ ) ၊ ( ၂၅၀၀ ) ကျပ်တို့ဖြစ်ကြောင်း သိရပါသည် ။ ပုံမှန် Diamond Plaza ကတော့ ည ( ၉ ) နာရီအချိန်တွင် ပိတ်မည်ဖြစ်ပြီး Mingalar Diamond Cineplex ကိုတော့ ဆက်လက်ဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။။Khine Lynn Soe

ယနေ့ ( ၃၀ . ၁ . ၂၀၁၃ ) ရက်နေ့ က မန္တလေးမြို့ ၇၈ လမ်း ၊ ၃၃ × ၃၄ လမ်းကြားရှိ Diamond Plaza ( ၅ ) လွှာတွင် Mingalar Diamond Cineplex ( Film / HD / 2D / 3D ) ရုပ်ရှင်ရုံသစ်ကြီး ကို စာနယ်ဇင်းအထူးပွဲ
အဖြစ် ယနေ့ ညနေ ( ၃ နာရီခွဲ ) က ပြသခဲ့ပါသည် ။ ထိုရုပ်ရှင်ရုံသစ်ကြီးကို ( ၅ - ၂ - ၂၀၁၃ ) ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီးတစ်ရုံလျှင်လူ( ၃၀၀ )ဆံရုပ်ရှင်ရုံ ( ၃ ) ရုံကို တပြိုင်နက်ဖွင့်လှစ်ပြသမှာဖြစ်ပါတယ် ။

ဒေသအချို့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများ၍ နေရောင်ခြည်ဒဏ် သတိထားရန်လို

မြန်မာနိုင်ငံဒေသအချို့တွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်းအဆင့် အလွန်မြင့်မားနေသော
ကြာင့် နေရောင်ခြည်ဒဏ်ကို အထူးသတိထားရန်လိုအပ်ကြောင်းမိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်
က ပြောသည်။ အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့်ကို မြန်မာနိုင်ငံတွင် အဆင့် ၈ မှ အဆင့် ၁၁ အတွင်း သတ်မှတ်ထားပြီး လက်ရှိ မြန်မာနိုင်ငံတွင် ကျရောက်နေသော ခရမ်းလွန်ရောင် ခြည်ညွှန်းကိန်းမှာ အဆင့် ၉ ရှိသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကျန်းမာရေး အားနည်းချက်ရှိသူများနှင့် နေရောင်အောက်တွင် မဖြစ်မနေ အလုပ်လုပ်နေရသူများအတွက် လိုအပ်သော ကာကွယ်သူမှုများ ပြုလုပ်ထားသင့်ကြောင်း ဦးထွန်းလွင်က အကြံပြုပြောကြားသည်။

အခပေးနေရာများ၌ အခမဲ့ကားပါကင်များ အစားထိုးဝင်ရောက်


ရန်ကုန်မြို့တွင်းတွင် ယာဉ်ကြောပိတ်ဆို့မှုတနေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာခြင်းကြောင့် ရပ်နားခကောက်ခံသည့် ယာဉ်ရပ်နားရာနေရာ (ကားပါကင်)အချို့ကို လာမည့် ဧပြီလမှစ၍ဖျက်သိမ်းတော့မည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောသည်။

လုံခြုံရေးကြောင့် မောင်တောနယ်စပ်ဂိတ်အချို့ အကန့်အသတ်မရှိ ပိတ်ပင်


မောင်တောမြို့အနီးရှိ နယ်စပ်ဂိတ်အချို့အား လုံခြုံရေးအနေအထားကြောင့်ရက်အကန့်အသတ်မရှိ ပိတ်ထားရကြောင်း ပို့ကုန်လုပ်ငန်းရှင် များထံမှသိရှိရသည်။နယ်စပ်ဂိတ်များအား ရက်အကန့်အသတ်မရှိ ပိတ်ထားရသည့်အကြောင်းအရင်းမှာ လွန်ခဲ့သည့်ဇန်န၀ါရီလ (၂၄)ရက်နေ့က နယ်စပ်ဆောက်လုပ်ရေးအဖွဲ့ (GE) ကားတစ်စီးအားမီးရှို့ဖျက်ဆီးခံရခြင်းကြောင့် အရေးပါသည့် နယ်စပ်ဂိတ်(၇)ခုခန့်အား ဇန်န၀ါရီလ(၂၆)ရက်နေ့မှစတင်ကာ ယာယီပိတ်ထားရခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်အချို့ကဆိုသည်။

ခရစ္စတိုဖာလိုက်ပါခွင့်မရသည့် လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ


ဇန်န၀ါရီလ(၃၀)ရက်နေ့တွင် ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့နှင့်လိုက်ပါလာသူပြင်သစ်နိုင်ငံသားအား ၎င်း၏လုံခြုံရေး အတွက်ဟုဆိုကာ  လမ်းလျှောက်သူများနှင့်လိုက်ပါခွင့်မပြုခဲ့ကြောင်း တောင်ငူမြို့နယ်လ.၀.ကမှူးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရှိရသည်။

ပင်လယ်ရေမျက်နှာပြင်ပူနွေး၍ အချိန်အခါမဟုတ်မိုးရွာဟုဆို၊ ဒေသအချို့ ၉၂ နာရီအတွင်း မိုးရွာနိုင်

ပင်လယ်ရေမျက်နှာပြင်ပူနွေး၍ အချိန်အခါမဟုတ်မိုးရွာဟုဆို၊
ဒေသအချို့ ၉၂ နာရီအတွင်း မိုးရွာနိုင်

ရန်ကုန်၊ဇန်န၀ါရီ-၃၀

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်းကြောင့် ယနေ့ ရန်ကုန် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

မိုးရွာခြင်းကြောင့် လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်နိုင်တော့ဘဲ လာမည့်ဖေဖော်ဝါရီလတွင်သာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

မိုး/ဇလက ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လာမည့် ၉၂ နာရီ(လေးရက်ခန့်)အတွင်း မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းသည်။

စိုက်ပျိုးစသီးနှံများအတွက် ယခုမိုးက ရေရရှိသော်လည်း ရိတ်သိမ်းရန်ရည်ရွယ်ထားသည့် သီးနှံများ ပျက်စီးနိုင်ကြောင်း အထက်ပါ ဒုတိယညွှန်ကြားရေးမှူးကပြောသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

ရန်ကုန်၊ဇန်န၀ါရီ-၃၀

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်းကြောင့် ယနေ့ ရန်ကုန် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  လျှပ်စစ်မီးတိုင်နှင့်မီးကြိုးများပျက်စီး

နေပြည်တော်၊ ဇန်န၀ါရီ ၃၀
၂၉-၁-၂၀၁၃ ရက်နေ့ ၁၅၅၀ အချိန်မှ ၁၆၀၅အချိန်ထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ကျေးရွာအ
တွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သိမ်ဇရပ်ရဲစခန်းအ၀င် လမ်းယာဘက်ဘေးရှိ သီဟိုဠ်ပင်သည်ရဲစ
ခန်းသို့သွယ်တန်းထားသော လျှပ်စစ်မီးကြိုးအပေါ်သို့ လဲကျပိမိသဖြင့်

"ထူးခြားတဲ့ဇာတ်ရုပ်များနဲ့ နေတိုးရဲ့ရှေ့ခရီး"

"ထူးခြားတဲ့ဇာတ်ရုပ်များနဲ့ နေတိုးရဲ့ရှေ့ခရီး"

နေတိုးက “ကျွန်မကနှင်းဆီပါမောင်”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ၄ လပိုင်းမှာ ဒါရိုက်တာဝိုင်းနဲ့ရိုက်ကူးမှာဖြစ်ပြီး၊ ဗီဒီယိုတွေကိုတော့ ပုံမှန်ရိုက်ကူးသွားမယ် လို့ပြောပါတယ်။ ဇာတ်ကားတွေ ဇာတ်လမ်းရိုက်ကူးမှုတွေကို အရင်နဲ့မတူတဲ့ ပုံစံမျိုးတွေ ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း မမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံးကြိုးစားရိုက်သွားမယ်လို့ဆိုတာကြောင့်..

 ”ကျွန်တော့် Plan  ထဲမှာပါတဲ့ဇာတ်ကားတွေက အခု ၂ ကားလောက် ထွက်နေပြီ။ ရန်ကုန်ကိုတော့ ဖြန့်တော့မှာပါ။ ပြောင်းလဲလာတဲ့အထဲမှာမှ နယ်တွေမှာဖြန့်ထားတဲ့ ဒါရိုက်တာကိုပေါက်နဲ့ရိုက်ထားတဲ့ “လေညင်း ဆည်းဆာ”ဆိုတဲ့ ကားက Horror ဘက်ကိုသွားတယ်။ ဘာသာရေးနဲ့ ဆက်နွှယ်တယ်။ အစွဲရှိရာကို ရောက်သွားတယ်ဆိုတာမျိုးလည်းပါအောင် ဇာတ်လမ်းပုံစံလည်း ဆန်းထားတယ်။ အိုက်တင်အရရော၊ အကုန်ပေါ့။ အဲဒီကားတစ်ကားက ကျွန်တော် ၂ဝ၁၂မှာပြောခဲ့တဲ့အတိုင်း ထွက်သွား ပြီ။ နောက်ပိုင်းရိုက်တဲ့ကားတွေကလည်း သေချာတယ် ပရိသတ်တွေက ကျွန်တော့်ကိုမမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကိုပဲ ရိုက်သွားဖို့ရှိတယ်။ ကျွန်တော် တို့က တစ်နှစ်အတွက်ကိုကြိုပြီး လုပ်ရတော့ကြိုမြင်နိုင်အောင်လုပ်ရတဲ့ ပုံစံမျိုးဖြစ်နေတယ်” လို့ပြောပြပါတယ်။ ဒီဗီဒီဇာတ်ကားတွေ ရိုက်ကူးမှုကို လည်း ဇာတ်လမ်းဆင်ဆာကျပြီးသားတွေကိုတော့ ရိုက်ကူးခွင့်ရပေ မယ့် နောက်ပိုင်းရိုက်ကူးခွင့်မရတာကလည်း ရုပ်ရှင်ဇာတ်ကားတွေ ပို ကောင်းလာနိုင်စေကြောင်း ပြောပြတဲ့နေတိုးက..

” ဒီဗီဒီက ရုပ်ရှင်မဟုတ်၊ ဗီဒီယို မဟုတ်တဲ့လိုင်းတစ်ခုပေါ့။ ဒီဗီဒီ ရိုက်ကူး မယ့်   အစားရုပ်ရှင်ကားကြီးအဖြစ်ရိုက်မယ်ဆိုရင် ရုပ်ရှင်ကားတွေ လည်း  များလာမယ်။ အကယ်ဒမီ ပွဲအတွက်လည်း ပရိသတ်တွေ ပိုရင်ခုန် စရာ ကောင်းတာပေါ့။ ကားများတော့မှန်းဆရတာရော၊ ပရိသတ်ရဲ့ စိတ်ဝင်စားမှုပိုများလာနိုင်တယ်။ ဒီဗီဒီတွေက တစ်နှစ်ကို ကား ၃ဝ ဝန်း ကျင်လောက်ရှိတယ်။ အဲဒါက ရုပ်ရှင်ဖြစ်သွားရင် ရုပ်ရှင်ကားပိုများလာ တာပေါ့။ ရုပ်ရှင်အတွက် ပိုပြီးအားတစ်ခုဖြစ်စေတယ်လို့  ထင်တယ်။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြောင်းလဲကြတယ်လို့မြင်တယ်။ အရင် က ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ဒါကဆင်ဆာလွတ်ပါ့ မလားဆိုတဲ့စိတ်နဲ့ ရိုက်ကူးခဲ့ရတယ်။ အခုကျတော့ဖန်တီးမှုပိုင်းရော၊ အပြင်မှာ တကယ်ဖြစ် ပျက်နေတာတွေကိုပါ ထည့်ရိုက်ခွင့်ရလာတော့ အနုပညာဖန်တီးမှုပိုင်းက ပိုပြီးလွတ်လပ်ပြီး အဆင်ပြေလာတယ်။ အားလုံးက ကိုယ့်လောက သားတွေ နဲ့ တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက် အကြံဥာဏ်ကို တစ်ယောက် ညှိနှိုင်းပြီး သွားရင် ပရိသတ်ကို ထိရောက်တဲ့ရသ၊ ခေတ်မီတဲ့တင်ပြပုံမျိုးနဲ့ သွားနိုင်မယ် လို့ထင်တယ်။ အနုပညာဆိုတာ တစ်ဦးတစ်ယောက်တည်း ဖန်းတီးရတဲ့ အလုပ်မဟုတ်တော့ဘယ်အလုပ်မဆို စုစည်းပြီးလုပ်သွားဖို့လိုအပ် တယ်။ တစ်ခုခုကိုဆုံးဖြတ်တဲ့အခါ အနုပညာ သမားတွေအားလုံးရဲ့ ထင်မြင် ချက်တွေပါ ယူသင့်တယ်လို့မြင်တယ်” လို့ ပြောပြပါတယ်။ နေတိုးက ရခိုင်အမျိုးသား ကွန်ရက်က MCC မှာကျင်းပပြုလုပ်တဲ့ ပွဲမှာပါဝင်ပြီး ဖျော်ဖြေ ဖို့ရှိတယ်လို့ ပြောပြတာကြောင့်”၂ လပိုင်းမှာလုပ်မှာ။ ဒါကရခိုင်ကွန်ရက် ကနေဦးစီးပြီး တိုင်းရင်းသားအကုန်လုံး ပါဝင်ဖျော်ဖြေမှုပေါ့။ ကျွန်တော် ၂ ပုဒ် လောက်တော့ဆိုဖြစ်မယ်”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

နေတိုးက “ကျွန်မကနှင်းဆီပါမောင်”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ၄ လပိုင်းမှာ ဒါရိုက်တာဝိုင်းနဲ့ရိုက်ကူးမှာဖြစ်ပြီး၊ ဗီဒီယိုတွေကိုတော့ ပုံမှန်ရိုက်ကူးသွားမယ် လို့ပြောပါတယ်။ ဇာတ်ကားတွေ ဇာတ်လမ်းရိုက်ကူးမှုတွေကို အရင်နဲ့မတူတဲ့ ပုံစံမျိုးတွေ ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း မမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံးကြိုးစားရိုက်သွားမယ်လို့ဆိုတာကြောင့်..

နိုင်ငံတော်၏ လမ်းညွှန်မှုဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးဆောင် ရွက်မည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ မြေဧက ၂၂၀ ပေါ် တွင် တည်ဆောက် အကောင်အထည်ဖော်မည်