Pages

Wednesday, January 30, 2013

အခပေးနေရာများ၌ အခမဲ့ကားပါကင်များ အစားထိုးဝင်ရောက်


ရန်ကုန်မြို့တွင်းတွင် ယာဉ်ကြောပိတ်ဆို့မှုတနေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာခြင်းကြောင့် ရပ်နားခကောက်ခံသည့် ယာဉ်ရပ်နားရာနေရာ (ကားပါကင်)အချို့ကို လာမည့် ဧပြီလမှစ၍ဖျက်သိမ်းတော့မည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောသည်။

ရန်ကုန်မြို့တွင်းရှိ အချက်အချာနေရာများဖြစ်သော လသာ၊ ပန်းဘဲတမ်း၊ပုစွန်တောင်၊ လမ်းမတော်၊ ကျောက်တံတား၊ ဘိုတထောင်မြို့နယ်ရှိ ကန်ထရိုက်စနစ်ဖြင့် ချပေးထားသော အခပေးယာဉ်ရပ်နားနေရာများကိုသာဖျက်သိမ်းမည်ဖြစ်ပြီး ၄င်းနေရာတွင် အခမဲ့ယာဉ်ရပ်နားစခန်းများအားဖွင့်လှစ်ထားပေးမည်ဟု ယင်းအဖွဲ့က ဆိုသည်။
 
ယာဉ်ရပ်နား လုပ်ပိုင်ခွင့်လိုင်စင်များမှာ တနှစ်စာချုပ် ချုပ်ဆိုထားပြီး ဧပြီ (၁)ရက်နေ့တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်၍ လုပ်ငန်းရှင်များထံမှလိုင်စင်များကို ပြန်သိမ်းတော့မည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကပြောသည်။
 
စာချုပ်စချုပ်ကတည်းက မြို့ပြရဲ့ လိုအပ်ချက်နဲ့အညီ ဆောင်ရွက်မယ့်အချိန်မှာ ယာဉ်ရပ်နားစခန်းတွေကို ဖယ်ပေးပါမယ်ဆိုပြီး ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီးသားပါဟု ရန်ကုန်မြို့တော်စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
အခမဲ့ယာဉ်ရပ်နားစခန်းများမှာ အထက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိဗားကရာလမ်းနှင့် ဟံသာဝတီလမ်းကြား၊ သိမ်ဖြူလမ်းမပေါ်ရှိ ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိမ်းတင်လမ်းကြား၊ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့၊သိမ်ဖြူလမ်းမီးပွိုင့်နှင့် ဗိုလ်တထောင်ဘုရားလမ်း မီးပွိုင့်ကြားနှင့်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့နှင့် ဗိုလ်တထောင်လမ်းရှိအနော်ထရာလမ်းနှင့် မဟာဗန္ဓုလလမ်းကြားတို့တွင် ဖွင့်လှစ်ပေးထားကြောင်းသိရည်။
 
လက်ရှိတွင် ရန်ကုန်မြို့တွင်း (၆) မြို့နယ်ရှိ လမ်များပေါ်တွင်ယာဉ်ရပ်နားခ ကောက်ခံလျှက်ရှိသော ဇုန်နေရာ ၂၀ကျော်ရှိ သည်ဟုပြည်တွင်းမီဒီယာမှ ထုတ်ပြန်သည့်သတင်းများအရ သိရသည်။
 
ရန်ကုန်မြို့တော်တွင် စည်ပင်သာယာနယ်နမိတ် (၃၃) မြို့နယ်ရှိပြီးယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် အဖွဲ့(၃၁) ဖွဲ့ ထားရှိကာဆောင်ရွက်လျှက်ရှိသည်။
 

မြစ်မခသတင်း

0 comments:

Post a Comment