Pages

Wednesday, January 30, 2013

ယနေ့လွတ်တော်တွင် လွတ်တော်အမတ်ဦးသိန်းထွန်းဦးမှ အမရပူရမဲဆန္ဒနယ်၏ မန္တလေးဆေးတက္ကသိုလ်ပညာသင်ခွင့် ရပ်စဲခြင်း ခံရသောကျောင်းသားကျောင်းသူများအား ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖြေလျော့၍ ဆေးတက္ကသိုလ် (မန္တလေး) သို့ ဆေးပညာပြန်လည်သင်ယူခွင့်ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကိုမေးမြန်းဆွေးနွေး

ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်၏ မန္တလေးဆေးတက္ကသိုလ်ပညာသင်ခွင့် ရပ်စဲခြင်း ခံရသောကျောင်းသားကျောင်းသူများအား ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖြေလျော့၍ ဆေးတက္ကသိုလ် (မန္တလေး) သို့ ဆေးပညာပြန်လည်သင်ယူခွင့်ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်း။

မန္တလေးဆေးတက္ကသိုလ်တွင် ဆေးပညာဘာသာ ရပ်သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများသည်  တစ်နှစ်တွင် ကျောင်းသားဦးရေ ၁၀၀ ကျော်  အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်ရပ်စဲခြင်းခံခဲ့ရကြောင်း၊ အခြား ဆေးကျောင်းနှင့်‌ မန္တလေး ဆေးတက္ကသိုလ် ကျောင်းတို့နှင့်နှိုင်းယှဉ်လျှင် အဆမတန်များပြားကြောင်း၊ ဆေးကျောင်းတက်စဉ် ဆေးတက္ကသိုလ် စည်းမျဉ်းစည်းကမ်းအရ ပညာသင်ယူခွင့်‌ရပ်စဲခြင်းခံခဲ့ရသော်လည်း ဆေးကျောင်းသား ကျောင်းသူတို့သည် အကျင့်စာရိတ္ထ အရာတွင် အဘက်ဘက်မှ မှတ်ကျောက် အတင်ခံနိုင် ကြသူများလည်း ဖြစ်ကြကြောင်း၊ နိုင်ငံတော်အတွက် အရေးပါလှသော လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန် မိမိတို့တိုင်းပြည် အတွင်းရှိ လူသားအရင်းအမြစ် အစစ်အမှန်ဖြစ်သော ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ပညာသင်ယူခွင့်ရပ်စဲလိုက်ခြင်းသည် ကျောင်းသားမိဘများ၊ ကျောင်းသား များနှင့်အတူ နိုင်ငံတော် အတွက်လည်း နစ်နာကြောင်း၊ ထို့နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၈၊  ၃၆၆ နှင့် ၃၄၇ တို့အားရှင်းလင်း ပြောကြားသွားပြီး မန္တလေးဆေးတက္ကသိုလ်ပညာသင်ခွင့် ရပ်စဲခြင်းခံခဲ့ရသော ကျောင်းသား ကျောင်းသူများအား ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား ဖြေလျှော့၍ ဆေးတက္ကသိုလ် မန္တလေးသို့ ဆေးပညာ ပြန်လည်သင်ယူခွင့်ပြုရန် အစီအစဉ်ရှိမရှိ သိရှိလိုပါကြောင်း မေးမြန်း သွားပါသည်။

မန္တလေးဆေးတက္ကသိုလ်တွင် ဆေးပညာဘာသာ ရပ်သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများ
သည် တစ်နှစ်တွင် ကျောင်းသားဦးရေ ၁၀၀ ကျော် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်ရပ်စဲခြင်း
ခံခဲ့ရကြောင်း၊ အခြား ဆေးကျောင်းနှင့်‌ မန္တလေး ဆေးတက္ကသိုလ် ကျောင်းတို့နှင့်နှိုင်းယှဉ်လျှင် အဆမတန်
များပြားကြောင်း၊
ဆေးကျောင်းတက်စဉ် ဆေးတက္ကသိုလ် စည်းမျဉ်းစည်းကမ်းအရပညာသင်ယူခွင့်‌ရပ်စဲခြင်းခံခဲ့ရသော်လည်း
 ဆေးကျောင်းသား ကျောင်းသူတို့သည်အကျင့်စာရိတ္ထ အရာတွင်အဘက်ဘက်မှမှတ်ကျောက်အတင်ခံနိုင်
 ကြသူများလည်း ဖြစ်ကြကြောင်း၊

 နိုင်ငံတော်အတွက် အရေးပါလှသော လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန် မိမိတို့တိုင်းပြည် အတွင်းရှိ လူသားအရင်းအမြစ် အစစ်အမှန်ဖြစ်သော ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ပညာသင်ယူ
ခွင့်ရပ်စဲလိုက်ခြင်းသည် ကျောင်းသားမိဘများ၊ ကျောင်းသား များနှင့်အတူ နိုင်ငံတော် အတွက်လည်း နစ်
နာကြောင်း၊ 

ထို့နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၈၊ ၃၆၆ နှင့် ၃၄၇ တို့အားရှင်းလင်း ပြောကြားသွားပြီး မန္တလေး
ဆေးတက္ကသိုလ်ပညာသင်ခွင့် ရပ်စဲခြင်းခံခဲ့ရသော ကျောင်းသား ကျောင်းသူများအား ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား ဖြေလျှော့၍ ဆေးတက္ကသိုလ် မန္တလေးသို့ ဆေးပညာ ပြန်လည်သင်ယူခွင့်ပြု
ရန် အစီအစဉ်ရှိမရှိ သိရှိလိုပါကြောင်း မေးမြန်း သွားပါသည်။


နေပြည်တော်

0 comments:

Post a Comment