Pages

Wednesday, January 30, 2013

လယ်သမားတွေကို အကြွေးဆပ်စရာရှိလို့ ထမင်း တနပ်ပဲစားကြလို့ဆိုတဲ့ လည်/ဆည် ၀န်ကြီး ဦးမြင့်လှိုင်နှင့် ငတက်ပြားဇာတ်လမ်းတွဲ

ငတက်ပြားဇာတ်လမ်းတွဲ

လယ်သမားတွေကို အကြွေးဆပ်စရာရှိလို့ ထမင်း တနပ်ပဲစားကြဆိုတဲ့  မြင့်လိုင် 
မင်းအခုဖြေရှင်းရင်ရှင်း မရှင်းရင် မင်းကိုရှင်းမယ့် သူတွေ သန်းနဲ့ချီရှိတယ်

လည်ယာ ဆည်မြောင်း ၀န်ကြီး ဦးမြင့်လှိုင် အလွဲသုံးစားမှုများ
လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃
            ၂ဝ၁၅ မတိုင်မီ ပြည်သူပိုင်စက်ရုံများကို ငှားရမ်းရောင်းစားခြင်းနှင့် ဌာနမှ စက်-ယန္တရား-ဆီ-လုပ်သားအင်အားများကို ကိုယ်ကျိုးရှာ အလွဲသုံးစားအစွမ်းကုန်လုပ်နေသော လယ်ယာနှင့်ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် လယ်/ဆည်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ- အလုပ်ရုံများ မြေနေရာများကို အရှုံးပေါ်နေသည့်ဟု အကြောင်းပြကာ လာဘ် ပေးသော တရုတ်နောက်ကျောပြု ကုမ္ပဏီများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် အဆောတလျင် နှစ်ရှည်ငှားရမ်း ရောင်းချ၍ အလွဲသုံးစား ပြုနေပါသည်။
ဦးမြင့်လှိုင်သည် ၎င်းနှင့်ပတ်သက်သည့် တရုတ်ကျောထောက်နောက်ခံ ပြုထားသည့်Young Investment Group Industry Co.,Ltd (YIG)  အား ၎င်း၏ ဝန်ကြီး ဌာနလက်အောက်ရှိ စက်ရုံ အများအပြားအား နှစ်ရှည်ငှားရမ်း ထား ပါသည်။
-           စက်ရုံများအား ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းစာထဲမှ တင်ဒါခေါ်ကာ အချိန်(၇)ရက်သာ ပေး၍ ငှားရမ်းပါသည်။ ငှားရမ်းမည့်ကုမ္ပဏီမှလည်း တင်ဒါကြော်ငြာ မပါမှီကပင် မြေတိုင်းခြင်း၊ အခြားနိုင်ငံခြားကုမ္ပဏီများအား တစ်ဆင့်ပြန်လည်ပြသခြင်းများ ပြုလုပ်နေခြင်းသည် နဂိုကပင် စည်းဝါးရိုက်ထားမှန်း သိသာနေပါသည်။
-           ဝန်ကြီးဦးမြင့်လှိုင်သည် မိဘအမွေပေးထားသော ခိုင်းနွားများကို အကျိုးရှိစွာ အသုံးမချဘဲ မသုံးတတ်ဘဲ သားသတ်သမားလက်သို့ ရောင်းချစားသောက်နေသူနှင့်တူသော ပြည်ဖျက်ကိုယ်ကျိုး ရှာသူဖြစ်နေပါသည်။

ဥပမာ(၁) ပျဉ်းမပင်ပန်ကာကြိုးစက်ရုံ (မြန်မာ့စက်မှုလုပ်ငန်းသုံးရာဘာ ပစ္စည်းစက်ရုံ)ကို အရှုံးပေါ်သည်ဟု အကြောင်းပြကာ( YIG)  သို့ တစ်လလျှင် ၂၅သိန်းနှင့် ငှားရမ်းထားပါသည်။ ၂ဝ၁၁ ဧပြီလမှ စတင် ငှားရမ်းထားပြီး စက်ရုံမှာ ယခုထိ ပြန်လည်လည်ပတ်ခြင်းမရှိဘဲ စက်ရုံအား ပိတ်ထား ခြင်းမှာ မြန်မာတို့၏ ကုန်ထုတ်လုပ်ငန်းအား ပိတ်ထားပြီး တရုတ်ပစ္စည်းများ သွင်းနိုင်ရန် ရည်ရွယ်ချက်နှင့် လုပ်နေသလား ထင်မှတ်ရပါသည်။  
၎င်းစက်ရုံသည် ယခင်က လယ်ယာသုံးတာယာများ ၊ ပန်ကာကြိုးများကို စွမ်းအားပြည့် ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး ရပ်နားထားသည်မှာ (၁)နှစ်ခွဲ ကျော်နေပြီ ဖြစ်ပါသည်။ လုပ်ကိုင်မစားတတ်သော ဝန်ကြီးသည် အဆင်ခြင်မဲ့စွာ မိမိကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားလိုက်ပါသည်။
စက်ရုံရပ်ထားခြင်းသည် ငှားရမ်းစဉ်က စာချုပ်ပါစည်းကမ်းနှင့် မကိုက်ညီပါ။ တိုင်းပြည်၏ GDP ကျဆင်းစေပါသည်။ သို့သော်လဲ မိမိပိုက်ဆံရပြီးဖြစ်၍ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ YIG မှ လက်ညှိုးထိုးသမျှ အကုန်ငှား ရမ်း၍ ကိုယ်ကျိုးရှာနေ ပါသည်။

ဥပမာ(၂) (၉)မိုင် အမှတ်(၁) လယ်ယာသုံးစက်ကိရိယာစက်ရုံ သည်လည်း (၁ဝ-၃-၁၉၅၆)နှစ်တွင် သခင်ကျော်ထွန်းမှ အုတ်မြစ်ချပြီး မြန်မာ့စက်မှုလယ်ယာကဏ္ဍကို အစဉ်အလာဖြင့် အကျိုးပြုခဲ့သော စက်ရုံဖြစ်ပါသည်။ အမျှော်အမြင်ကြီးသောနိုင်ငံခေါင်းဆောင်များဝန်ကြီးများ အစဉ်အဆက်ပြုစုပျိုးထောင်ခဲ့ သောစက်ရုံဖြစ်ပါသည်။
ယခုလဲ နှစ်စဉ် လယ်ယာသုံးလက်တွန်းထွန်စက်များ ၂ဝဝဝ ကျော် လုပ်ပြီး အမြတ်ရအကျိုး ဖြစ်ထွန်းနေသော စက်ရုံဖြစ်ပါသည်။ အဆင်ခြင်မဲ့သော ဦးမြင့်လှိုင်သည်  YIG ကုမ္ပဏီမှ လိုချင်နေသဖြင့် စက်ရုံအရှုံးပေါ်နေပါသည်ဟု စာရင်းလိမ်ပြကာ ခိုင်းနွားအား သားသတ်သမားသို့ လက်လွှဲပေးနိုင်ရန် အသည်းအသန် ကြိုးစား နေပါသည်။
Young Investment Group Industry Co.,Ltd (YIG)  အား သည် (၉) မိုင် လယ်ယာသုံးစက်ကိရိယာ စက်ရုံ(၁)ကို လိုချင်သည်မှာ လယ်ယာသုံးစက် ထုတ်လုပ်ရန်မဟုတ်ဘဲ နေရာကောင်းသဖြင့် ဟိုတယ်ဆောက်ရန် (သို့) လက်လွှဲရောင်းချရန်ဖြစ်ပါသည်။
YIG သည် လယ်ယာသုံး စက်ကိရိယာထုပ်လုပ်မှုအတွေ့အကြုံမရှိပါ။ မြန်မာများ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုရပ်တန့်သွားစေရန်နှင့် နေရာကို ဦး၍ ရောင်းစားရန်သာ ဖြစ်ပါသည်။ စာချုပ်ပါ စည်းကမ်းလိုက်နာမှု ရှိမရှိကို စောင့်ကြည့်ပါ။

ဥပမာ(၃) မကွေး(ပွင့်ဖြူ)ဝါစက်ရုံကိုလည်း  YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။
ဥပမာ(၄) သင်္ဃန်းကျွန်းဆီသန့်စက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။

လုပ်ငန်းမတူသော အတတ်ပညာခြင်းမတူသောဈေးကွက်ခြင်းမတူသော စက်ရုံများကို ကုမ္ပဏီ တစ်ခုတည်းမှ ငှားရမ်း နေခြင်းသည် မရိုးသားပါ။ နောက်ကွယ်တွင် ရည်ရွယ်ချက်ကြီးကြီးတစ်ခု ရှိနေပါသည်။ ၎င်းရည်ရွယ်ချက်ကို မမြင်ဘဲ မိမိကိုယ်ကျိုးစီးပွားအတွက် မိမိမပြုတ်ခင် အားလုံးလုပ်သွားမည်ဟု ရည်ရွယ်ချက်ဖြင့် တိုင်းပြည်မျက်နှာ ပြည်သူမျက်နှာ ဝန်ထမ်းများမျက်နှာကို မကြည့်ဘဲ ထင်ရာစိုင်းနေသော ဦးမြင့်လှိုင်သည် ဝန်ကြီးနေရာနှင့်မတန်ဘဲ နွားပွဲစားသာ လုပ်သင့်ပါသည်။
စက်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင်လည်း မိမိလက်အောက်ရှိ ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ အတင်းအဓမ္မ အရှုံးပေါ် နေသည်ဟု စာရင်းလိမ်ပြခိုင်းကာ မိမိနှင့်ဆက်နွယ်နေသော ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါသည်။ ငှားရမ်းပြီးသော စက်ရုံများကိုလည်း စာချုပ်ပါစည်းကမ့်း လိုက်နာခြင်း ရှိမရှိ မစစ်ဆေးဘဲ ၎င်းင်းကုမ္ပဏီအား မည်သို့အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ တစ်ရုံပြီးနောက်တစ်ရုံဆက်တိုက် ငှားရမ်းရောင်းချလျှက် ရှိပါသည်။



ဦးမြင့်လှိုင်၏ အကျင့်ပျက်ချစားမှုများ
ဦးမြင့်လှိုင်သည် မိမိပိုင်(သို့)မိမိနှင့် ဆက်နွယ်နေသော ကုမ္ပဏီများသည် သူတစ်ပါး လယ်ယာမြေများကို အဓမ္မသိမ်းယူထားပါသည်။ မြင့်ဇေယျာကုမ္ပဏီသည် ဦးမြင့်လှိုင်ပိုင် ကုမ္ပဏီဖြစ်ပြီး ဂျာနယ်များက ရေးကြသဖြင့် ဆန်းမွန်းစတား (Sun Moon Star) နာမည်ပြောင်းကာ လိမ်ပြန်ပါသည်။
၎င်းပိုင်လယ်ယာထွန်ယက်စိုက်ပျိုးရေးအား ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်း အင်အားများကို သုံးစွဲကာ ကိုယ်ကျိုးရှာပါသည်။
နိုင်ငံတော်သမ္မတ၏လယ်ယာကိုလည်း ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်းများကို အလွဲသုံးစားပြုကာ ၎င်းရာထူး တည်မြဲရေးအတွက် ဖေါ်လံဖားပြန်ပါသည်။
၎င်းနေထိုင်မည့် အိမ်ကိုလည်း ၎င်းအောက်မှ ညွှန်ကြားရေးမှူးချုပ်များအား တစ်ယောက်တစ်မျိုးစီ လုပ်ခိုင်းပါသည်။
စပါးဈေးကျ၍ တောင်သူများ ဒုက္ခရောက်နေချိန်တွင် စပါးအထွက်တိုး အကြောင်းပြကာ တတ်သိပညာရှင်များအား ဘေးချိတ်ပြီး နိုင်ငံပိုင်သတင်း၊ ရုပ်မြင်သံကြားများတွင် ၎င်းနာမည် ပါရေးအတွက် မတတ်မသိဘဲ ထင်ရာစိုင်းကာ တောင်သူများ၊ လုပ်ငန်းရှင်များကို အတင်းအဓမ္မ စပါးစိုက်ခိုင်းကာ နာမည်ကောင်းရရန် ကြိုးစားနေပါသည်။ 
သဘောကောင်း၊ စေတနာကောင်း တိုင်းပြည်အကျိုးလိုလား၍ အားနာတတ်သော နိုင်ငံတော်သမ္မတကြီးအား လိမ်လည် လှည့်ဖြား နေပါသည်။
ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တတ်သိပညာရှင် ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ ယခင်ခေတ်ဟောင်းကလို တစ်သွေးတစ်သံတစ်မိန့်ဖြင့် ကပ်ပါးကုမ္ပဏီများအလိုကျ မိမိကိုယ်ကျိုးစီးပွားအတွက် အဆင်ခြင်မဲ့စွာ ဆောင်ရွက်နေပါသည်။ ဌာနတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေပါသည်။
နိုင်ငံခြားကုမ္ပဏီများမှ ဝန်ကြီးဌာနအား လက်ဆောင်ပေးသော စက်ယန္တရားများကိုလည်း မိမိပိုင်ကုမ္ပဏီ မိမိ၏လယ်ယာထဲတွင် ဌာနစက်သုံးဆီများနှင့် လုပ်ငန်းဆောင်ရွက်လျှက် ရှိနေပါသည်။
ဦးမြင့်လှိုင်သည်မိမိနှင့်မိမိဆက်စပ်သူများပိုင်လယ်ယာများကိုဌာနမှစက်ယန္တရားများ၊ဒီဇယ်ဆီ၊လူအင်အားဖြင့် မြေပြုပြင်ပြင်ခြင်း၊ ထွန်ယက်ခြင်း အလွဲသုံးစားမှုမှာ (၂)နှစ်စာ ခန့်မှန်းတွက်ကြည့်ရာ ကျပ် သန်း ရှစ်ရာ ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ ယင်းသတင်းအား (စစစ)မှ စုံစမ်းဖေါ်ထုတ်ရာစုံစမ်းသူ တာဝန်ခံအရာရှိအရေးယူခံရပါသည်။
ခေတ်ပြောင်းစနစ် ပြောင်းသော်လည်း မပြောင်းလဲသော ဦးမြင့်လှိုင်၊ မိဘအမွေပေးထားသော ခိုင်းနွားအား လုပ်ကိုင်မစားတတ်ဘဲ ရေတို မိမိအကျိုးအတွက် သားသတ်သမားလက်သို့ အပ်သော အဆင်ခြင်နည်းသော လူတစ်ယောက်နှင့်တူသော ဦးမြင့်လှိုင်သည် ပြည်ထောင်စုဝန်ကြီးဟူသော ရာထူးနှင့် ထိုက်တန်ပါ၏လောဟု သမ္မတနှင့် အစိုးရတစ်ဖွဲ့လုံး စဉ်းစားဆွေးနွေးရမည့် အချိန်ဖြစ်ပါသည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်မည့်ကိန်းမဆိုက်ခင် ဆောင်ရွက်ကြစေလိုပါသည်။

လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး

လယ်သမားတွေကို အကြွေးဆပ်စရာရှိလို့ထမင်းတနပ်ပဲစားကြဆိုတဲ့ မြင့်လိုင်မင်းအခုဖြေရှင်းရင်ရှင်းမရှင်း
ရင် မင်းကိုရှင်းမယ့် သူတွေ သန်းနဲ့ချီရှိတယ် ၂ဝ၁၅ မတိုင်မီ ပြည်သူပိုင်စက်ရုံများကို ငှားရမ်းရောင်းစား
ခင်းနှင့် ဌာနမှ စက်-ယန္တရား-ဆီ-လုပ်သားအင်အားများကို ကိုယ်ကျိုးရှာ အလွဲသုံးစားအစွမ်းကုန်လုပ်နေ
သော  လယ်ယာနှင့်ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည်
 လယ်/ဆည်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ- အလုပ်ရုံများ မြေနေရာများကို အရှုံးပေါ်နေသည့်ဟု အကြောင်း
ပြကာ လာဘ် ပေးသော တရုတ်နောက်ကျောပြုကုမ္ပဏီများအားပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်
တွင် အဆောတလျင် နှစ်ရှည်ငှားရမ်း ရောင်းချ၍ အလွဲသုံးစား ပြုနေပါသည်။
ဦးမြင့်လှိုင်သည် ၎င်းနှင့်ပတ်သက်သည့် တရုတ်ကျောထောက်နောက်ခံ ပြုထားသည့်Young Investment Group Industry Co.,Ltd (YIG) အား ၎င်း၏ ဝန်ကြီး ဌာနလက်အောက်ရှိ စက်ရုံ အများအပြားအား နှစ်ရှည်ငှားရမ်း ထား ပါသည်။

- စက်ရုံများအား ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းစာထဲမှ တင်ဒါခေါ်ကာ အချိန်(၇)ရက်သာ ပေး၍ ငှားရမ်းပါသည်။ ငှားရမ်းမည့်ကုမ္ပဏီမှလည်း တင်ဒါကြော်ငြာ မပါမှီကပင် မြေတိုင်းခြင်း၊ အခြားနိုင်ငံခြားကုမ္ပဏီများအား တစ်ဆင့်ပြန်လည်ပြသခြင်းများ ပြုလုပ်နေခြင်းသည် နဂိုကပင် စည်းဝါးရိုက်ထားမှန်း သိသာနေပါသည်။
- ဝန်ကြီးဦးမြင့်လှိုင်သည် မိဘအမွေပေးထားသော ခိုင်းနွားများကို အကျိုးရှိစွာ အသုံးမချဘဲ မသုံးတတ်ဘဲ သားသတ်သမားလက်သို့ ရောင်းချစားသောက်နေသူနှင့်တူသော ပြည်ဖျက်ကိုယ်ကျိုး ရှာသူဖြစ်နေပါသည်။

ဥပမာ(၁) ပျဉ်းမပင်ပန်ကာကြိုးစက်ရုံ (မြန်မာ့စက်မှုလုပ်ငန်းသုံးရာဘာ ပစ္စည်းစက်ရုံ)ကို အရှုံးပေါ်သည်ဟု အကြောင်းပြကာ( YIG) သို့ တစ်လလျှင် ၂၅သိန်းနှင့် ငှားရမ်းထားပါသည်။ ၂ဝ၁၁ ဧပြီလမှ စတင် ငှားရမ်းထားပြီး စက်ရုံမှာ ယခုထိ ပြန်လည်လည်ပတ်ခြင်းမရှိဘဲ စက်ရုံအား ပိတ်ထား ခြင်းမှာ မြန်မာတို့၏ ကုန်ထုတ်လုပ်ငန်းအား ပိတ်ထားပြီး တရုတ်ပစ္စည်းများ သွင်းနိုင်ရန် ရည်ရွယ်ချက်နှင့် လုပ်နေသလား ထင်မှတ်ရပါသည်။ 


၎င်းစက်ရုံသည် ယခင်က လယ်ယာသုံးတာယာများ ၊ ပန်ကာကြိုးများကို စွမ်းအားပြည့် ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး ရပ်နားထားသည်မှာ (၁)နှစ်ခွဲ ကျော်နေပြီ ဖြစ်ပါသည်။ လုပ်ကိုင်မစားတတ်သော ဝန်ကြီးသည် အဆင်ခြင်မဲ့စွာ မိမိကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားလိုက်ပါသည်။
စက်ရုံရပ်ထားခြင်းသည် ငှားရမ်းစဉ်က စာချုပ်ပါစည်းကမ်းနှင့် မကိုက်ညီပါ။ တိုင်းပြည်၏ GDP ကျဆင်းစေပါသည်။ သို့သော်လဲ မိမိပိုက်ဆံရပြီးဖြစ်၍ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ YIG မှ လက်ညှိုးထိုးသမျှ အကုန်ငှား ရမ်း၍ ကိုယ်ကျိုးရှာနေ ပါသည်။

ဥပမာ(၂) (၉)မိုင် အမှတ်(၁) လယ်ယာသုံးစက်ကိရိယာစက်ရုံ သည်လည်း (၁ဝ-၃-၁၉၅၆)နှစ်တွင် သခင်ကျော်ထွန်းမှ အုတ်မြစ်ချပြီး မြန်မာ့စက်မှုလယ်ယာကဏ္ဍကို အစဉ်အလာဖြင့် အကျိုးပြုခဲ့သော စက်ရုံဖြစ်ပါသည်။ အမျှော်အမြင်ကြီးသောနိုင်ငံခေါင်းဆောင်များဝန်ကြီးများ အစဉ်အဆက်ပြုစုပျိုးထောင်ခဲ့ သောစက်ရုံဖြစ်ပါသည်။


ယခုလဲ နှစ်စဉ် လယ်ယာသုံးလက်တွန်းထွန်စက်များ ၂ဝဝဝ ကျော် လုပ်ပြီး အမြတ်ရအကျိုး ဖြစ်ထွန်းနေသော စက်ရုံဖြစ်ပါသည်။ အဆင်ခြင်မဲ့သော ဦးမြင့်လှိုင်သည် YIG ကုမ္ပဏီမှ လိုချင်နေသဖြင့် စက်ရုံအရှုံးပေါ်နေပါသည်ဟု စာရင်းလိမ်ပြကာ ခိုင်းနွားအား သားသတ်သမားသို့ လက်လွှဲပေးနိုင်ရန် အသည်းအသန် ကြိုးစား နေပါသည်။


Young Investment Group Industry Co.,Ltd (YIG) အား သည် (၉) မိုင် လယ်ယာသုံးစက်ကိရိယာ စက်ရုံ(၁)ကို လိုချင်သည်မှာ လယ်ယာသုံးစက် ထုတ်လုပ်ရန်မဟုတ်ဘဲ နေရာကောင်းသဖြင့် ဟိုတယ်ဆောက်ရန် (သို့) လက်လွှဲရောင်းချရန်ဖြစ်ပါသည်။
YIG သည် လယ်ယာသုံး စက်ကိရိယာထုပ်လုပ်မှုအတွေ့အကြုံမရှိပါ။ မြန်မာများ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုရပ်တန့်သွားစေရန်နှင့် နေရာကို ဦး၍ ရောင်းစားရန်သာ ဖြစ်ပါသည်။ စာချုပ်ပါ စည်းကမ်းလိုက်နာမှု ရှိမရှိကို စောင့်ကြည့်ပါ။

ဥပမာ(၃) မကွေး(ပွင့်ဖြူ)ဝါစက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။
ဥပမာ(၄) သင်္ဃန်းကျွန်းဆီသန့်စက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။

လုပ်ငန်းမတူသော အတတ်ပညာခြင်းမတူသောဈေးကွက်ခြင်းမတူသော စက်ရုံများကို ကုမ္ပဏီ တစ်ခု

တည်းမှ ငှားရမ်း နေခြင်းသည် မရိုးသားပါ။ နောက်ကွယ်တွင် ရည်ရွယ်ချက်ကြီးကြီးတစ်ခု ရှိနေပါသည်။ ၎င်းရည်ရွယ်ချက်ကို မမြင်ဘဲ မိမိကိုယ်ကျိုးစီးပွားအတွက် မိမိမပြုတ်ခင် အားလုံးလုပ်သွားမည်ဟု ရည်ရွယ်ချက်ဖြင့် တိုင်းပြည်မျက်နှာ ပြည်သူမျက်နှာ ဝန်ထမ်းများမျက်နှာကို မကြည့်ဘဲ ထင်ရာစိုင်းနေသော ဦးမြင့်လှိုင်သည် ဝန်ကြီးနေရာနှင့်မတန်ဘဲ နွားပွဲစားသာ လုပ်သင့်ပါသည်။

စက်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင်လည်း မိမိလက်အောက်ရှိ ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်

များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ အတင်းအဓမ္မ အရှုံးပေါ် နေသည်ဟု စာရင်းလိမ်ပြခိုင်းကာ မိမိနှင့်
ဆက်နွယ်နေသော ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါသည်။ငှားရမ်းပြီးသော စက်ရုံများ
ကိုလည်း စာချုပ်ပါစည်းကမ့်း လိုက်နာခြင်း ရှိမရှိ မစစ်ဆေးဘဲ ၎င်းင်းကုမ္ပဏီအား မည်သို့အရေးယူ ဆောင်
ရွက်ခြင်းမရှိဘဲ တစ်ရုံပြီးနောက်တစ်ရုံဆက်တိုက် ငှားရမ်းရောင်းချလျှက် ရှိပါသည်။


ဦးမြင့်လှိုင်၏ အကျင့်ပျက်ချစားမှုများ

 
ဦးမြင့်လှိုင်သည် မိမိပိုင်(သို့)မိမိနှင့် ဆက်နွယ်နေသော ကုမ္ပဏီများသည် သူတစ်ပါး လယ်ယာမြေများကို အ

ဓမ္မသိမ်းယူထားပါသည်။ မြင့်ဇေယျာကုမ္ပဏီသည် ဦးမြင့်လှိုင်ပိုင် ကုမ္ပဏီဖြစ်ပြီး ဂျာနယ်များက ရေးကြ
သဖြင့် ဆန်းမွန်းစတား (Sun Moon Star) နာမည်ပြောင်းကာ လိမ်ပြန်ပါသည်။၎င်းပိုင်လယ်ယာထွန်ယက်
စိုက်ပျိုးရေးအား ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်း အင်အားများကို သုံးစွဲကာ ကိုယ်ကျိုးရှာ
ပါသည်။

နိုင်ငံတော်သမ္မတ၏လယ်ယာကိုလည်းဌာနပိုင်စက်ယန္တရားများ၊ဒီဇယ်ဆီများ၊ဝန်ထမ်းများကို အလွဲသုံးစားပြ

ကာ ၎င်းရာထူး တည်မြဲရေးအတွက် ဖေါ်လံဖားပြန်ပါသည်။၎င်းနေထိုင်မည့်အိမ်ကိုလည်း၎င်းအောက်မှ ညွှန်
ကြားရေးမှူးချုပ်များအား တစ်ယောက်တစ်မျိုးစီ လုပ်ခိုင်းပါသည်။

စပါးဈေးကျ၍ တောင်သူများ ဒုက္ခရောက်နေချိန်တွင် စပါးအထွက်တိုး အကြောင်းပြကာ တတ်သိပညာရှင်

များအား ဘေးချိတ်ပြီး နိုင်ငံပိုင်သတင်း၊ ရုပ်မြင်သံကြားများတွင် ၎င်းနာမည် ပါရေးအတွက် မတတ်မသိဘဲ ထင်ရာစိုင်းကာ တောင်သူများ၊ လုပ်ငန်းရှင်များကို အတင်းအဓမ္မ စပါးစိုက်ခိုင်းကာ နာမည်ကောင်းရရန် ကြိုးစားနေပါသည်။ 

သဘောကောင်း၊ စေတနာကောင်း တိုင်းပြည်အကျိုးလိုလား၍ အားနာတတ်သော နိုင်ငံတော်သမ္မတကြီး

အား လိမ်လည် လှည့်ဖြား နေပါသည်။ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တတ်သိပညာရှင်  ညွှန်
ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ ယခင်ခေတ်ဟောင်းကလို တစ်သွေးတစ်သံတစ်
မိန့်ဖြင့် ကပ်ပါးကုမ္ပဏီများအလိုကျ မိမိကိုယ်ကျိုးစီးပွားအတွက် အဆင်ခြင်မဲ့စွာ ဆောင်ရွက်နေပါသည်။
 ဌာနတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေပါသည်။

နိုင်ငံခြားကုမ္ပဏီများမှ ဝန်ကြီးဌာနအား လက်ဆောင်ပေးသော စက်ယန္တရားများကိုလည်း မိမိပိုင်ကုမ္ပဏီ မိမိ၏လယ်ယာထဲတွင် ဌာနစက်သုံးဆီများနှင့်လုပ်ငန်းဆောင်ရွက်လျှက် ရှိနေပါသည်။ဦးမြင့်လှိုင်သည်မိမ

နှင့်မိမိဆက်စပ်သူများပိုင်လယ်ယာများကိုဌာနမှစက်ယန္တရားများ၊ဒီဇယ်ဆီ၊လူအင်အားဖြင့် မြေပြုပြင်ပြင်
င်း၊ ထွန်ယက်ခြင်း အလွဲသုံးစားမှုမှာ (၂)နှစ်စာ ခန့်မှန်းတွက်ကြည့်ရာ ကျပ် သန်း ရှစ်ရာ ခန့်ရှိမည်ဟု ခန့်
မှန်းရပါသည်။ ယင်းသတင်းအား (စစစ)မှ စုံစမ်းဖေါ်ထုတ်ရာစုံစမ်းသူ တာဝန်ခံအရာရှိအရေးယူခံရပါ
သည်။

ခေတ်ပြောင်းစနစ် ပြောင်းသော်လည်း မပြောင်းလဲသော ဦးမြင့်လှိုင်၊ မိဘအမွေပေးထားသော ခိုင်းနွားအား လုပ်ကိုင်မစားတတ်ဘဲ ရေတို မိမိအကျိုးအတွက် သားသတ်သမားလက်သို့ အပ်သော အဆင်ခြင်နည်းသော လူတစ်ယောက်နှင့်တူသော ဦးမြင့်လှိုင်သည် ပြည်ထောင်စုဝန်ကြီးဟူသောရာထူးနှင့် ထိုက်တန်ပါ၏လောဟု

သမ္မတနှင့် အစိုးရတစ်ဖွဲ့လုံး စဉ်းစားဆွေးနွေးရမည့် အချိန်ဖြစ်ပါသည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေ
လုံး ပုပ်မည့်ကိန်းမဆိုက်ခင် ဆောင်ရွက်ကြစေလိုပါသည်။

လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး


 

1 comments:

Anonymous said...

ဝန်ကြီးက အင်းယားလမ်းထဲက အိမ်ဆိုရင် ဝန်ကြီးဖြစ်ပြီး ၈လ တွင်းမှာဝယ်တာ သိန်း၎သောင်းကျော်တယ်။နေပြည်တော်က နန်းတော်အိမ်ကြီးက သိန်း ၃.၇သောင်းလောက်ကျတယ်လို့ သိရတယ်...

Post a Comment