Pages

Wednesday, January 30, 2013

ရေအသုံးပြု၍ မားသားဘုတ် အတွင်း အပူကို စွန့်ထုတ် ပေးမည့် စနစ်ကို ပြည်တွင်းတွင် တပ်ဆင်နိုင်ပြီ

ရေအသုံးပြု၍ မားသားဘုတ် အတွင်း အပူကို စွန့်ထုတ် ပေးမည့် စနစ်ကို
*********************************************
 ပြည်တွင်းတွင် တပ်ဆင်နိုင်
******************
မားသားဘုတ် အတွင်းရှိ CPU, Graphic Card နှင့် RAM အစရှိသော Devices များကို သက်တမ်း ကြာရှည်စွာ ထိန်းသိမ်း အသုံးပြု နိုင်ရန် အတွက် ရေအ သုံးပြု၍ အပူ စွန့်ထုတ် ပေးမည့် စနစ်ကို ပြည်တွင်းရှိ ecool mobile, Computer  ဆိုင်တွင် တပ်ဆင် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“အဓိက အားဖြင့်တော့ ကွန်ပျူတာနဲ့ ဂိမ်းအမြဲ ဆော့နေတဲ့ သတွေ၊ စက်ကို အမြဲ Run နေတဲ့ သူတွေနဲ့ သင့်တော် ပါတယ်။ ပန်ကာလေနဲ့ အပူကို ထုတ်တာ ထက် ပိုပြီး စက်ကို အေးစေတယ်။ ကျွန်တော့် ဆီမှာတော့ US နဲ့ UK Brand တွေ ရှိပါတယ်။ CPU Only ရော၊ Custom ရော၊ Set တစ်ခုလုံးရော ကြိုက်သလို တပ်ဆင်လို့ ရတယ်။ Service ခရော၊ ပစ္စည်းတွေရော အပြီးအစီးဆိုရင်တော့ ၃ သိန်းခွဲဝန်းကျင်လောက် ရှိပါလိမ့်မယ်။ နိုင်ငံခြားမှာတော့ ဒီစနစ်က ရှိနေတာ ကြာပါပြီ။ မြန်မာနိုင်ငံမှာတော့ မတွေ့သေးဘူး။ ဒါကြောင့် ဒီက Gamer တွေအတွက် ရည်ရွယ်ပြီး တင်သွင်းလာတာပါ” ဟု ecool ဆိုင် တည်ထောင်သူ ကိုသိန်းမင်းထွဋ်က ပြောသည်။ 

စက်အတွင်း အသုံးပြုမည့် ရေကိုလည်း အလွယ်တကူ ဝယ်ယူနိုင်ပြီး UV ပါသော ရေဖြစ်ပါက အစိမ်းရောင်၊ အပြာရောင် ရောင်ပြန်လေးများ ပါဝင်မည် ဖြစ် သည်။ ထို့ကြောင့် ဂိမ်းကစားသော လူငယ်များအတွက် အပူကို စွန့်ထုတ်ပေးနိုင်ရုံမျှမက မိမိ၏ PC ကိုလည်း အလှဆင်နိုင်မည် ဖြစ်သည်။ အဆိုပါ Water Cooling Solution ကို တပ်ဆင်ရန်အတွက် All in One Kit တစ်ခုတွင် CPU Block, Pump, Reservoir, Radiator, Fan, Tubing, Fittings, Liquid  နှင့် Grease စသည်တို့ အားလုံး ပါဝင်မည် ဖြစ်သည်။ တစ်ခုချင်းစီအတွက် ဝယ်ယူလိုပါကလည်း ရရှိနိုင်ပြီး တပ်ဆင်သူစိတ်ကြိုက် RAM, CPU, VGA card  စသည်ဖြင့် ရွေးချယ် အပူစွန့်ထုတ်ပေးနိုင်မည်ဟု သိရသည်။

Ref : yatanarpon
မြ၀တီတွင် ဖော်ပြသော သတင်းကို မူရင်းအတိုင်း မျှဝေပါသည်။

မားသားဘုတ် အတွင်းရှိ CPU, Graphic Card နှင့် RAM အစရှိသော Devices များကို သက်တမ်း ကြာရှည်
စွာ ထိန်းသိမ်း အသုံးပြု နိုင်ရန် အတွက် ရေအ သုံးပြု၍ အပူ စွန့်ထုတ် ပေးမည့် စနစ်ကို ပြည်တွင်းရှိ ecool mobile, Computer ဆိုင်တွင် တပ်ဆင် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။“အဓိက အားဖြင့်တော့ ကွန်ပျူတာနဲ့ ဂိမ်းအမြဲ ဆော့နေတဲ့ သတွေ၊ စက်ကို အမြဲ Run နေတဲ့ သူတွေနဲ့ သင့်တော် ပါတယ်။ ပန်ကာလေနဲ့ အပူကို ထုတ်တာ ထက် ပိုပြီး စက်ကို အေးစေတယ်။ ကျွန်တော့် ဆီမှာတော့ US နဲ့ UK Brand
တွ ရှိပါတယ်။CPU Only ရော၊Custom ရော၊ Set တစ်ခုလုံးရော ကြိုက်သလို တပ်ဆင်လို့ ရတယ်။ Service
 ခရော၊ ပစ္စည်းတွေရော အပြီးအစီးဆိုရင်တော့ ၃ သိန်းခွဲဝန်းကျင်လောက် ရှိပါလိမ့်မယ်။ နိုင်ငံခြားမှာတော့ ဒီစနစ်က ရှိနေတာ ကြာပါပြီ။ မြန်မာနိုင်ငံမှာတော့ မတွေ့သေးဘူး။ ဒါကြောင့်ဒီကGamer တွေအတွက် ရည်
ရွယ်ပြီး တင်သွင်းလာတာပါ” ဟု ecool ဆိုင် တည်ထောင်သူ ကိုသိန်းမင်းထွဋ်က ပြောသည်။

စက်အတွင်း အသုံးပြုမည့် ရေကိုလည်း အလွယ်တကူ ဝယ်ယူနိုင်ပြီး UV ပါသော ရေဖြစ်ပါက အစိမ်းရောင်၊ အပြာရောင် ရောင်ပြန်လေးများ ပါဝင်မည် ဖြစ် သည်။ ထို့ကြောင့် ဂိမ်းကစားသော လူငယ်များအတွက် အပူကို စွန့်ထုတ်ပေးနိုင်ရုံမျှမက မိမိ၏ PC ကိုလည်း အလှဆင်နိုင်မည် ဖြစ်သည်။ 
 
အဆိုပါ Water Cooling Solution ကို တပ်ဆင်ရန်အတွက် All in One Kit တစ်ခုတွင် CPU Block, Pump, Reservoir, Radiator, Fan, Tubing, Fittings, Liquid နှင့် Grease စသည်တို့ အားလုံး ပါဝင်မည် ဖြစ်သည်။ တစ်ခုချင်းစီအတွက် ဝယ်ယူလိုပါကလည်း ရရှိနိုင်ပြီး တပ်ဆင်သူစိတ်ကြိုက် RAM, CPU, VGA card စသည်
ဖြင့် ရွေးချယ် အပူစွန့်ထုတ်ပေးနိုင်မည်ဟု သိရသည်။

Ref : yatanarponမြ၀တီ

0 comments:

Post a Comment