Pages

Wednesday, January 30, 2013

ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာရဲများ၌အရည်အချင်းပြည့်မီသူမရှိသေး

ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာရဲများ၌အရည်အချင်းပြည့်မီသူမရှိသေး

နေပြည်တော်၊ ဇန်န၀ါရီ-၂၅

ကုလသမဂ္ဂလက်အောက်ရှိ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တစ်ဖွဲ့အား ခေါ်ယူခဲ့သော်လည်း သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူမရှိသဖြင့် စေလွှတ်နိုင်ခဲ့ခြင်းမရှိ
ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံရေးနှင့် လေ့ကျင့်ရေးညွှန်ကြားရေးမှူး ရဲမှူးကြီးဝင်းခေါင်
ကပြောသည်။

“သတ်မှတ်ထားတဲ့ အရည်အချင်းတွေထဲက အင်္ဂလိပ်စကားအပြင် UN (ကုလသမဂ္ဂ)က အသိအမှတ်ပြုထားတဲ့ တခြားဘာသာစကားတတ်ရမယ်ဆိုတဲ့ အချက်က အခု လောလောဆယ်မှာ အဓိကက အခက်အခဲဖြစ်သွားတယ်” ဟု ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

ထိုကဲ့သို့ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လွတ်လပ်ရေးရပြီး နောက်ပိုင်း
မြန်မာနိုင်ငံမှရဲတပ်ဖွဲ့များကို ခေါ်ယူခဲ့သော်လည်း မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီခေတ် နောက်ပိုင်းမှစ၍ ကုလသမဂ္ဂ
သည် မြန်မာနိုင်ငံမှ မခေါ်ယူတော့ဘဲ ၂၀၁၂ ခုနှစ်တွင်မှ ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

“UN ငြိမ်းချမ်းရေးတပ်ဖွဲ့တွေက ပဋိပက္ခဖြစ်တဲ့နေရာမှာ တပ်က ထိန်းသိမ်းပြီးလို့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အဓိကတာဝန်ယူရတာဖြစ်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“အီးမေဂျာ(အင်္ဂလိပ်စာ)နဲ့ ကျောင်းပြီးပြီး နှစ်ဘာသာ၊ သုံးဘာသာ ပြောနိုင်တဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုတော်တဲ့လူတွေ ကျတော့ လူကြီးတွေက သူတို့နားခေါ်ထားတာ” ဟု ဒုရဲအုပ်တစ်ဦးက ပြောသည်။ သို့သော် မှုခင်းတပ်ဖွဲ့များမှ အရာရှိများထဲတွင် ဘာသာစကားနှင့် အိုင်တီနည်းပညာကျွမ်းကျင်သူ နည်းပါးနေသေးကြောင်း အဆိုပါဒုရဲအုပ်ကပြောသည်။

ထို့ကြောင့် ယခုအခါ ရဲတပ်ဖွဲ့အတွင်း ဘာသာစကား အပါအ၀င် အခြားသော စွမ်းဆောင်ရည်မြှင့်တင့်သည့် လုပ်ငန်းများအား ပိုမိုလုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ယခင်ရဲတပ်ဖွဲ့ဝင် အင်အား တစ်သိန်းဝန်းကျင်ရှိရာမှ ယခုအခါ တစ်သိန်းနှစ်သောင်းထိ တိုးချဲ့ဖွဲ့စည်းနေပြီဖြစ်သည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

အေးချမ်းမွန်မှ 7Day News Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကုလသမဂ္ဂလက်အောက်ရှိ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ
့မှ တစ်ဖွဲ့အား ခေါ်ယူခဲ့သော်လည်း သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူမရှိသဖြင့် စေလွှတ်နိုင်
ခဲ့ခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံရေးနှင့် လေ့ကျင့်ရေးညွှန်ကြားရေးမှူး ရဲမှူးကြီးဝင်းခေါင်ကပြောသည်။ “သတ်မှတ်ထားတဲ့ အရည်အချင်းတွေထဲက အင်္ဂလိပ်စကားအပြင် UN (ကုလသမဂ္ဂ)က အသိအမှတ်ပြုထား
တဲ့ တခြားဘာသာစကားတတ်ရမယ်ဆိုတဲ့ အချက်က အခု လောလောဆယ်မှာ အဓိကက အခက်အခဲဖြစ်
သွားတယ်” ဟု ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

ထိုကဲ့သို့ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်ရန်လွတ်လပ်ရေးရပြီး နောက်
ပိုင်းမြန်မာနိုင်ငံမှရဲတပ်ဖွဲ့များကို ခေါ်ယူခဲ့သော်လည်း မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီခေတ် နောက်ပိုင်းမှစ၍ ကု
လသမဂ္ဂသည် မြန်မာနိုင်ငံမှ မခေါ်ယူတော့ဘဲ ၂၀၁၂ ခုနှစ်တွင်မှ ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု ရဲမှူးကြီး
ဝင်းခေါင်က ပြောသည်။

“UN ငြိမ်းချမ်းရေးတပ်ဖွဲ့တွေက ပဋိပက္ခဖြစ်တဲ့နေရာမှာ တပ်က ထိန်းသိမ်းပြီးလို့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အဓိကတာဝန်ယူရတာဖြစ်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ညွှန်ရြးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“အီးမေဂျာ(အင်္ဂလိပ်စာ)နဲ့ ကျောင်းပြီးပြီး နှစ်ဘာသာ၊ သုံးဘာသာ ပြောနိုင်တဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီ
လိုတော်တဲ့လူတွေ ကျတော့ လူကြီးတွေက သူတို့နားခေါ်ထားတာ”ဟုဒုရဲအုပ်တစ်ဦးက ပြောသည်။သို့သော် 
မှုခင်းတပ်ဖွဲ့များမှ အရာရှိများထဲတွင် ဘာသာစကားနှင့် အိုင်တီနည်းပညာကျွမ်းကျင်သူ နည်းပါးနေသေး
ကြာင်း အဆိုပါဒုရဲအုပ်ကပြောသည်.။

ထို့ကြောင့် ယခုအခါ ရဲတပ်ဖွဲ့အတွင်း ဘာသာစကား အပါအ၀င် အခြားသော စွမ်းဆောင်ရည်မြှင့်တင့်သည့် လုပ်ငန်းများအား ပိုမိုလုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ယခင်ရဲတပ်ဖွဲ့ဝင် အင်အား တစ်
သိန်းဝန်းကျင်ရှိရာမှ ယခုအခါ တစ်သိန်းနှစ်သောင်းထိ တိုးချဲ့ဖွဲ့စည်းနေပြီဖြစ်သည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News

0 comments:

Post a Comment