Pages

Wednesday, January 30, 2013

အီရန်မှ အာကာသသို့ လွှတ်တင်သည့် မျောက်ပါဝင်သော ဒုံးပျံမြေပြင်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိ

ဇန်နဝါရီ ၂၈ ၊၂၀၁၃
M-Media


အီရန် အစ္စလာမ့်မစ် သမ္မတနိုင်ငံသည် မျောက်သတ္တ၀ါ ပါဝင်သည့် ယာဉ်ငယ်ကို အာကာသထဲသို့ လွှတ်တင်

ခဲ့ကာဘေးအန္တရာယ် ကင်းစွာ ကမ္ဘာမြေပြင်သို့ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ ထိုယာဉ်ငယ်ကို Kavoshgar Pishgam (Pioneer Discoverer) အမည်ရှိသည့် ဒုံးပျံဖြင့် တနင်္လာနေ့က လွှတ်တင်ခဲ့ပြီး အမြင့်ပေ ၁၂၀ ကီ
လိုမီတာ အထိ ရောက်ရှိခဲ့သည်။
“ဒီပရောဂျက်မှာ ကျနော်တို့ဟာ သက်ရှိသတ္တ၀ါဖြစ်တဲ့ မျောက်ကို အာကသထဲ လွှတ်ပါတယ်။ ဒီသတ္တ၀ါရဲ့ ဇီဝဖြစ်စဉ်ဟာ လူတဲ့ တော်တော်လေး တူပါတယ်။ ကျနော်တို့ ယာဉ်ငယ်ရဲ့အခြေအနေနဲ့ သက်ရှိထောက်ပံ့
မှုစနစ်ကို စမ်းသပ်ဖို့ မျောက်ကိုအသုံးပြုတာပါ။ 

 (မျောက်ထည့်ထားတဲ့) အခန်းကို အလုံပိတ်ထားတယ်။အောက်ဆီဂျင် ထုတ်လွှတ်ပေးပြီး ကာဗွန်ဒိုင်အောင်
ဆိုဒ် စုပ်ယူတဲ့ ကိရိယာကို တပ်ဆင်ထားတယ်။ အရေးကြီးတဲ့ လက္ခဏာတွေအားလုံးကို ကမ္ဘာမြေပြင်ကနေ ဖမ်းယူထားပါတယ်။ ပြီးတော့ အဲဒီအခန်းထဲက ကင်မရာကလည်း အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထား
ပါလိမ့်မယ်။ ” ဟု အီရန် အာကာသအေဂျင်စီ၏ ဒါရိုက်တာဖြစ်သူ Hamid Fazeli က ဆိုသည်။

အီရန်နိုင်ငံသည် ၂၀၀၉ ခုနှစ်က the Omid (Hope) ဟုခေါ်သည့် အီရန်နိုင်ငံလုပ် ဂြိုဟ်တုတစ်စင်းကို လွှတ်

တင်ခဲ့ဖူးပြီး သက်ရှိသတ္တပါဝင်သည့် ပထမဦးဆုံး ယာဉ်ငယ်ကိုလည်း ကိုယ်ပိုင်လုပ် Kavoshgar-3 (Explorer
-3) ဖြင့်ပင် ၂၀၁၀ ခုနှစ်က လွှတ်တင်ခဲ့သည်။

အီရန်နိုင်ငံသည် ၁၉၅၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကုလသမ္မဂ္ဂ အာကာသဟင်းလင်းပြင် ငြိမ်းချမ်းစွာ

အသုံးပြုရေး ကော်မတီ၏ အဖွဲ့ဝင်၂၄ နိုင်ငံတွင်ပါဝင်သည့် နိုင်ငံလည်းဖြစ်သည်။

NT/HGL

M-Media

0 comments:

Post a Comment