Pages

Wednesday, January 30, 2013

အဲပုဂံ Black Box စစ်ဆေးမှု ပြီးစီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အဲပုဂံ လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် သြစတြေးလျ နိုင်ငံသို့ ပို့ဆောင် စစ်ဆေးခဲ့သော လေယာဉ် ၏ Black Box စစ်ဆေးမှု ပြီးစီး သွားပြီ ဖြစ်ကြောင်း စုံ စမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က ပြောကြားသည်။
Black Box မှ စစ်ဆေး ရရှိသည့် အဖြေကို လက်ရှိ တွင် ပို့ဆောင်ရေး ဝန်ကြီး ဌာနသို့ ပို့ဆောင် ထားပြီး မကြာမီ တရားဝင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က ပြောကြားသည်။

လူနှစ်ဦး သေဆုံး ခဲ့သော လေယာဉ် ပျက်သည့် အကြောင်းရင်း သိနိုင်ရန် Black Box ကို သြစတြေးလျ နိုင်ငံသို့ ဇန်နဝါရီ ၁၈ ရက် နေ့တွင် ပို့ဆောင် စစ်ဆေးခဲ့ပြီး ၂၅ ရက် နေ့တွင် စစ်ဆေးမှု ပြီးစီး ခဲ့သည်။


The Voice Weekly

0 comments:

Post a Comment