Pages

Wednesday, January 30, 2013

လုံခြုံရေးကြောင့် မောင်တောနယ်စပ်ဂိတ်အချို့ အကန့်အသတ်မရှိ ပိတ်ပင်


မောင်တောမြို့အနီးရှိ နယ်စပ်ဂိတ်အချို့အား လုံခြုံရေးအနေအထားကြောင့်ရက်အကန့်အသတ်မရှိ ပိတ်ထားရကြောင်း ပို့ကုန်လုပ်ငန်းရှင် များထံမှသိရှိရသည်။နယ်စပ်ဂိတ်များအား ရက်အကန့်အသတ်မရှိ ပိတ်ထားရသည့်အကြောင်းအရင်းမှာ လွန်ခဲ့သည့်ဇန်န၀ါရီလ (၂၄)ရက်နေ့က နယ်စပ်ဆောက်လုပ်ရေးအဖွဲ့ (GE) ကားတစ်စီးအားမီးရှို့ဖျက်ဆီးခံရခြင်းကြောင့် အရေးပါသည့် နယ်စပ်ဂိတ်(၇)ခုခန့်အား ဇန်န၀ါရီလ(၂၆)ရက်နေ့မှစတင်ကာ ယာယီပိတ်ထားရခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်အချို့ကဆိုသည်။

ဒေသခံတွေလုံခြုံရေးအရမို့ နယ်စပ်ဂိတ်တွေကို ပိတ်မယ်လို့ သက်ဆိုင်ရာက ပြောတယ်။ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာတော့ သူတို့လည်းမသိဘူးတဲ့ “ ဟုသက်ဆိုင်ရာအာဏာပိုင်များ၏ ပြောပြချက်ကို ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြန်ပြောပြသည်။
 
လုံခြုံရေးအနေအထားကြောင့် ယာယီပိတ်ထားသည့် နယ်စပ်ဂိတ်အချို့မှာ ဘော်တလော ၊အောင်ဇူ ၊ မီးတိုက် အပါအ၀င် (၇)ဂိတ်ခန့်ရှိသည်ဟု နယ်စပ်ဖြတ်ကျော်ခဲ့သည့်ပို့ကုန်လုပ်ငန်းရှင်များထံက သိရှိရသည်။
 
ဇန်န၀ါရီလ(၂၈)ရက်နေ့ ည(၈)နာရီကျော်၌ မောင်တောမြို့၏ (၃)မိုင်အကွာမှဝေသာလီကျေးရွာအနီးရှိ ဂေါက်ကွင်းအဆောက်အဦးအား မီးရှို့ဖျက်ဆီးသည့်ဖြစ်စဉ်မျိုးလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဝေသာလီကျေးရွာမှ ဒေသခံများက ဆိုသည်။
 
အခုလို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်ပေါ်နေတော့ ဘယ်သူမှ ကုန်သည်ယူတာတွေမလုပ်ရဲကြတော့ဘူး ၊ နယ်စပ်တွေလည်း ပိတ်ထားတယ်လေ ဟု ဝေသာလီကျေးရွာနေအသက်(၄၀)ကျော် ဒေသခံတစ်ဦးက ပြောသည်။
 
နယ်စပ်ဂိတ်များ ယာယီပိတ်ထားခြင်းကြောင့် မောင်တော-ကြိမ်ချောင်းလမ်းသို့ဖြတ်သန်းဖြတ်လာ မလုပ်ကြခြင်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ရာမှာလည်းအခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု ၄င်းက ဆက်လက်ပြောသည်။
 
နယ်စပ်ဂိတ်တွေ ပိတ်တယ်၊ မောင်တော -ကြိမ်ချောင်း လမ်းကို မသွားရဲတော့ဘာလုပ်ရမှာလည်းဗျာ။ အလိုအလျောက်  စိုးရိမ်ကြောက်ရွံ့တာတွေက စီးပွားရေးချောင်ပိတ်သွားတဲ့ အဖြစ်မျိုးပါ။  ကိုယ့်ပြည်၊ ကိုယ့်မြေမှာနေလို့ဒီလိုစီးပွားရေး ကျဉ်းကြပ်မှုတွေဖြစ်ရတာ ၀မ်းနည်းမိပါတယ်။ ဒီလိုမျိုးရေရှည်ဆက်သွားပါစေနဲ့လို့ဘဲဆုတောင်းပါတယ်။ “ ဟု တောင်ပြိုဒေသမှ ဘဂ်လားဒေ့ရှ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက  ပြောသည်။
 

မြစ်မခသတင်း

0 comments:

Post a Comment