Pages

Wednesday, January 30, 2013

"ထူးခြားတဲ့ဇာတ်ရုပ်များနဲ့ နေတိုးရဲ့ရှေ့ခရီး"

"ထူးခြားတဲ့ဇာတ်ရုပ်များနဲ့ နေတိုးရဲ့ရှေ့ခရီး"

နေတိုးက “ကျွန်မကနှင်းဆီပါမောင်”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ၄ လပိုင်းမှာ ဒါရိုက်တာဝိုင်းနဲ့ရိုက်ကူးမှာဖြစ်ပြီး၊ ဗီဒီယိုတွေကိုတော့ ပုံမှန်ရိုက်ကူးသွားမယ် လို့ပြောပါတယ်။ ဇာတ်ကားတွေ ဇာတ်လမ်းရိုက်ကူးမှုတွေကို အရင်နဲ့မတူတဲ့ ပုံစံမျိုးတွေ ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း မမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံးကြိုးစားရိုက်သွားမယ်လို့ဆိုတာကြောင့်..

 ”ကျွန်တော့် Plan  ထဲမှာပါတဲ့ဇာတ်ကားတွေက အခု ၂ ကားလောက် ထွက်နေပြီ။ ရန်ကုန်ကိုတော့ ဖြန့်တော့မှာပါ။ ပြောင်းလဲလာတဲ့အထဲမှာမှ နယ်တွေမှာဖြန့်ထားတဲ့ ဒါရိုက်တာကိုပေါက်နဲ့ရိုက်ထားတဲ့ “လေညင်း ဆည်းဆာ”ဆိုတဲ့ ကားက Horror ဘက်ကိုသွားတယ်။ ဘာသာရေးနဲ့ ဆက်နွှယ်တယ်။ အစွဲရှိရာကို ရောက်သွားတယ်ဆိုတာမျိုးလည်းပါအောင် ဇာတ်လမ်းပုံစံလည်း ဆန်းထားတယ်။ အိုက်တင်အရရော၊ အကုန်ပေါ့။ အဲဒီကားတစ်ကားက ကျွန်တော် ၂ဝ၁၂မှာပြောခဲ့တဲ့အတိုင်း ထွက်သွား ပြီ။ နောက်ပိုင်းရိုက်တဲ့ကားတွေကလည်း သေချာတယ် ပရိသတ်တွေက ကျွန်တော့်ကိုမမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကိုပဲ ရိုက်သွားဖို့ရှိတယ်။ ကျွန်တော် တို့က တစ်နှစ်အတွက်ကိုကြိုပြီး လုပ်ရတော့ကြိုမြင်နိုင်အောင်လုပ်ရတဲ့ ပုံစံမျိုးဖြစ်နေတယ်” လို့ပြောပြပါတယ်။ ဒီဗီဒီဇာတ်ကားတွေ ရိုက်ကူးမှုကို လည်း ဇာတ်လမ်းဆင်ဆာကျပြီးသားတွေကိုတော့ ရိုက်ကူးခွင့်ရပေ မယ့် နောက်ပိုင်းရိုက်ကူးခွင့်မရတာကလည်း ရုပ်ရှင်ဇာတ်ကားတွေ ပို ကောင်းလာနိုင်စေကြောင်း ပြောပြတဲ့နေတိုးက..

” ဒီဗီဒီက ရုပ်ရှင်မဟုတ်၊ ဗီဒီယို မဟုတ်တဲ့လိုင်းတစ်ခုပေါ့။ ဒီဗီဒီ ရိုက်ကူး မယ့်   အစားရုပ်ရှင်ကားကြီးအဖြစ်ရိုက်မယ်ဆိုရင် ရုပ်ရှင်ကားတွေ လည်း  များလာမယ်။ အကယ်ဒမီ ပွဲအတွက်လည်း ပရိသတ်တွေ ပိုရင်ခုန် စရာ ကောင်းတာပေါ့။ ကားများတော့မှန်းဆရတာရော၊ ပရိသတ်ရဲ့ စိတ်ဝင်စားမှုပိုများလာနိုင်တယ်။ ဒီဗီဒီတွေက တစ်နှစ်ကို ကား ၃ဝ ဝန်း ကျင်လောက်ရှိတယ်။ အဲဒါက ရုပ်ရှင်ဖြစ်သွားရင် ရုပ်ရှင်ကားပိုများလာ တာပေါ့။ ရုပ်ရှင်အတွက် ပိုပြီးအားတစ်ခုဖြစ်စေတယ်လို့  ထင်တယ်။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြောင်းလဲကြတယ်လို့မြင်တယ်။ အရင် က ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ဒါကဆင်ဆာလွတ်ပါ့ မလားဆိုတဲ့စိတ်နဲ့ ရိုက်ကူးခဲ့ရတယ်။ အခုကျတော့ဖန်တီးမှုပိုင်းရော၊ အပြင်မှာ တကယ်ဖြစ် ပျက်နေတာတွေကိုပါ ထည့်ရိုက်ခွင့်ရလာတော့ အနုပညာဖန်တီးမှုပိုင်းက ပိုပြီးလွတ်လပ်ပြီး အဆင်ပြေလာတယ်။ အားလုံးက ကိုယ့်လောက သားတွေ နဲ့ တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက် အကြံဥာဏ်ကို တစ်ယောက် ညှိနှိုင်းပြီး သွားရင် ပရိသတ်ကို ထိရောက်တဲ့ရသ၊ ခေတ်မီတဲ့တင်ပြပုံမျိုးနဲ့ သွားနိုင်မယ် လို့ထင်တယ်။ အနုပညာဆိုတာ တစ်ဦးတစ်ယောက်တည်း ဖန်းတီးရတဲ့ အလုပ်မဟုတ်တော့ဘယ်အလုပ်မဆို စုစည်းပြီးလုပ်သွားဖို့လိုအပ် တယ်။ တစ်ခုခုကိုဆုံးဖြတ်တဲ့အခါ အနုပညာ သမားတွေအားလုံးရဲ့ ထင်မြင် ချက်တွေပါ ယူသင့်တယ်လို့မြင်တယ်” လို့ ပြောပြပါတယ်။ နေတိုးက ရခိုင်အမျိုးသား ကွန်ရက်က MCC မှာကျင်းပပြုလုပ်တဲ့ ပွဲမှာပါဝင်ပြီး ဖျော်ဖြေ ဖို့ရှိတယ်လို့ ပြောပြတာကြောင့်”၂ လပိုင်းမှာလုပ်မှာ။ ဒါကရခိုင်ကွန်ရက် ကနေဦးစီးပြီး တိုင်းရင်းသားအကုန်လုံး ပါဝင်ဖျော်ဖြေမှုပေါ့။ ကျွန်တော် ၂ ပုဒ် လောက်တော့ဆိုဖြစ်မယ်”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

နေတိုးက “ကျွန်မကနှင်းဆီပါမောင်”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ၄ လပိုင်းမှာ ဒါရိုက်တာဝိုင်းနဲ့ရိုက်ကူးမှာဖြစ်ပြီး၊ ဗီဒီယိုတွေကိုတော့ ပုံမှန်ရိုက်ကူးသွားမယ် လို့ပြောပါတယ်။ ဇာတ်ကားတွေ ဇာတ်လမ်းရိုက်ကူးမှုတွေကို အရင်နဲ့မတူတဲ့ ပုံစံမျိုးတွေ ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း မမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံးကြိုးစားရိုက်သွားမယ်လို့ဆိုတာကြောင့်.. ”ကျွန်တော့် Plan ထဲမှာပါတဲ့ဇာတ်ကားတွေက အခု ၂ ကားလောက် ထွက်နေပြီ။ ရန်ကုန်ကိုတော့ ဖြန့်တော့မှာပါ။ ပြောင်းလဲလာတဲ့အထဲမှာမှ နယ်တွေမှာဖြန့်ထားတဲ့ ဒါရိုက်တာကိုပေါက်နဲ့ရိုက်ထားတဲ့ “လေညင်း ဆည်းဆာ”ဆိုတဲ့ ကားက Horror ဘက်ကိုသွားတယ်။ ဘာသာရေးနဲ့ ဆက်နွှယ်တယ်။ 
 
အစွဲရှိရာကို ရောက်သွားတယ်ဆိုတာမျိုးလည်းပါအောင် ဇာတ်လမ်းပုံစံလည်း ဆန်းထားတယ်။ အိုက်တင်အရရော၊ အကုန်ပေါ့။ အဲဒီကားတစ်ကားက ကျွန်တော် ၂ဝ၁၂မှာပြောခဲ့တဲ့အတိုင်း ထွက်သွား ပြီ။ နောက်ပိုင်းရိုက်တဲ့ကားတွေကလည်း သေချာတယ် ပရိသတ်တွေက ကျွန်တော့်ကိုမမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကိုပဲ ရိုက်သွားဖို့ရှိတယ်။ 
 
ကျွန်တော် တို့က တစ်နှစ်အတွက်ကိုကြိုပြီး လုပ်ရတော့ကြိုမြင်နိုင်အောင်လုပ်ရတဲ့ ပုံစံမျိုးဖြစ်နေတယ်” လို့ပြောပြပါတယ်။ ဒီဗီဒီဇာတ်ကားတွေ ရိုက်ကူးမှုကို လည်း ဇာတ်လမ်းဆင်ဆာကျပြီးသားတွေကိုတော့ ရိုက်ကူးခွင့်ရပေ မယ့် နောက်ပိုင်းရိုက်ကူးခွင့်မရတာကလည်း ရုပ်ရှင်ဇာတ်ကားတွေ ပို ကောင်းလာနိုင်စေကြောင်း ပြောပြတဲ့နေတိုးက..

” ဒီဗီဒီက ရုပ်ရှင်မဟုတ်၊ ဗီဒီယို မဟုတ်တဲ့လိုင်းတစ်ခုပေါ့။ ဒီဗီဒီ ရိုက်ကူး မယ့် အစားရုပ်ရှင်ကားကြီးအဖြစ်ရိုက်မယ်ဆိုရင် ရုပ်ရှင်ကားတွေ လည်း များလာမယ်။ အကယ်ဒမီ ပွဲအတွက်လည်း ပရိသတ်တွေ ပိုရင်ခုန် စရာ ကောင်းတာပေါ့။ ကားများတော့မှန်းဆရတာရော၊ ပရိသတ်ရဲ့ စိတ်ဝင်စားမှုပိုများလာနိုင်တယ်။ ဒီဗီဒီတွေက တစ်နှစ်ကို ကား ၃ဝ ဝန်း ကျင်လောက်ရှိတယ်။ အဲဒါက ရုပ်ရှင်ဖြစ်သွားရင် ရုပ်ရှင်ကားပိုများလာ တာပေါ့။ 
 
ရုပ်ရှင်အတွက် ပိုပြီးအားတစ်ခုဖြစ်စေတယ်လို့ ထင်တယ်။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြောင်းလဲကြတယ်လို့မြင်တယ်။ အရင် က ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ဒါကဆင်ဆာလွတ်ပါ့ မလားဆိုတဲ့စိတ်နဲ့ ရိုက်ကူးခဲ့ရတယ်။ အခုကျတော့ဖန်တီးမှုပိုင်းရော၊ အပြင်မှာ တကယ်ဖြစ် ပျက်နေတာတွေကိုပါ ထည့်ရိုက်ခွင့်ရလာတော့ အနုပညာဖန်တီးမှုပိုင်းက ပိုပြီးလွတ်လပ်ပြီး အဆင်ပြေလာတယ်။ 
 
အားလုံးက ကိုယ့်လောက သားတွေ နဲ့ တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက် အကြံဥာဏ်ကို တစ်ယောက် ညှိနှိုင်းပြီး သွားရင် ပရိသတ်ကို ထိရောက်တဲ့ရသ၊ ခေတ်မီတဲ့တင်ပြပုံမျိုးနဲ့ သွားနိုင်မယ် လို့ထင်တယ်။ အနုပညာဆိုတာ တစ်ဦးတစ်ယောက်တည်း ဖန်းတီးရတဲ့ အလုပ်မဟုတ်တော့ဘယ်အလုပ်မဆို စုစည်းပြီးလုပ်သွားဖို့လိုအပ် တယ်။ တစ်ခုခုကိုဆုံးဖြတ်တဲ့အခါ အနုပညာ သမားတွေအားလုံးရဲ့ ထင်မြင် ချက်တွေပါ ယူသင့်တယ်လို့မြင်တယ်” လို့ ပြောပြပါတယ်။
 
 နေတိုးက ရခိုင်အမျိုးသား ကွန်ရက်က MCC မှာကျင်းပပြုလုပ်တဲ့ ပွဲမှာပါဝင်ပြီး ဖျော်ဖြေ ဖို့ရှိတယ်လို့ ပြော
ပတာကြောင့်”၂ လပိုင်းမှာလုပ်မှာ။ ဒါကရခိုင်ကွန်ရက် ကနေဦးစီးပြီး တိုင်းရင်းသားအကုန်လုံး ပါဝင်ဖျော်
ြေဲဖမှုပေါ့။ ကျွန်တော် ၂ ပုဒ် လောက်တော့ဆိုဖြစ်မယ်”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Myanmar 

0 comments:

Post a Comment