Pages

Monday, January 7, 2013

မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီ ပန်းပု အနုပညာ ပြပွဲ ကျင်းပ

ပန်းချီပြပွဲကိုမလာနိုင်သူများအတွက်ရိုက်လာခဲ့တာလေးတွေကိုတင်ပေးလိုက်ပါတယ်....(၁၃)
မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီပြပွဲမှ လက်ရာမြောက် အနုပညာတစ်ခု
မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံးက ကြီးမှူး ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံး
ကျွတ် ပန်းချီပန်းပု အနုပညာ ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်း တပ်မတော် ခန်းမ
၌ ကျင်းပ လျက်ရှိရာ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ သွားရောက်၍ မြန်မာ
နိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးမောင်မောင်လှမြင့်နှင့် တာဝန်ရှိသူများ နှင့်အတူ ပြခန်း
အတွင်း ခင်းကျင်း ပြသ ထားသော အနုပညာ လက်ရာမွန် များကို ကြည့်ရှု အားပေးသည်။

အိန္ဒိယ နိုင်ငံ၌ တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

အိန္ဒိယ နိုင်ငံ၌ တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

အိန္ဒိယ နိုင်ငံ ကာနာတာကာ ပြည်နယ် ရာမန် နဂါရာမြို့၌ မကြာသေးမီ ရက်ပိုင်း အတွင်းက တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တရားခံ ခုနစ်ဦးအား အိန္ဒိယ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ၁၉၉၄ ခုနှစ်က ချမှတ်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များအား တရားမဝင် အစားထိုး ကုသခြင်း ဆိုင်ရာ ဥပဒေများ အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအဖွဲ့အား ဖမ်းဆီးနိုင်ရန် အတွက် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ လုပ်ဆောင် ခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့သည်။

အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ၎င်းကျောက်ကပ် အစားထိုး လုပ်ငန်းတွင် ပါဝင်ခဲ့သည့် တရားမဝင် ဂိုဏ်းတစ်ခုမှ လူနှစ်ဦးအား ပုဂ္ဂလိက ဆေးရုံများမှ သိမ်းဆည်း ရမိသော သတင်းအချက် အလက်နှင့် အထောက် အထားများ အရ ရှေးဦးစွာ ဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အထူး စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့သည် ကျန်ရှိသော တရားခံ ငါးဦးအား သဲလွန်စ များပေါ် အခြေခံ၍ နှစ်ဦးချင်းစီ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်က ဖမ်းဆီး မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3767-2013-01-07-10-27-50

အိန္ဒိယ နိုင်ငံ ကာနာတာကာ ပြည်နယ် ရာမန် နဂါရာမြို့၌ မကြာသေးမီ ရက်ပိုင်း အတွင်းက တရားမဝင် 
ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

စားသမျှ စိစစ်ပေးမယ့် ခရင်း

စားသမျှ စိစစ်ပေးမယ့် ခရင်း
Monday, January 07, 2013

သာမန် ခရင်းသုံးနေရတာ ပျင်းတယ်ဆိုရင် ပုံမှာ ပြထားတဲ့ ခရင်းကို အသုံးပြု နိုင်ပါတယ်။ ရိုးရိုးတန်း ခရင်းတော့ မဟုတ်ပါဘူး။ သူက စားသူမျှ ကို မှတ်သား၊ တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

လူတစ်ယောက် စားသုံးသင့်တဲ့ ကယ်လိုရီထက် ပိုလာရင် Vibration နဲ့ အချက်ပေးပါတယ်။ စားတဲ့နှုန်း မြန်သွားရင်လည်း အချက်ပေး ပါတယ်။
ပြီးတော့ ကိုယ်စားသုံးသင့်တဲ့ ပမာဏထက် ပိုသွားပြီ ဆိုရင်လည်း အချက်ပေးပါတယ်။ ပြီးတော့ ဖုန်း၊ PC တို့နဲ့ ချိတ်ဆက်ပြီး ကိုယ် တစ်လတာ သို့မဟုတ် တစ်ပတ်တာ စားသုံးခဲ့တဲ့ ပမာဏကို ပြန်လည် တွက်ချက်ပေး ပါတယ်။

Bluetooth ပါဝင်ပြီး စမတ်ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ကြည့်ရှု အသုံးပြု
နိုင်ပါတယ်။ လာမယ့် ဧပြီလ ကစလို့ ၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမယ့် ခရင်း ဖြစ်ကြောင်း သိရပါတယ်။
---
Ref: mailonline
Aung Kham (TSJ team)
TechSpace Journal

Monday, January 07, 2013

သာမန် ခရင်းသုံးနေရတာ ပျင်းတယ်ဆိုရင် ပုံမှာ ပြထားတဲ့ ခရင်းကို အသုံးပြု နိုင်ပါတယ်။ ရိုးရိုးတန်း ခရင်း
တာ့ မဟုတ်ပါဘူး။ သူက စားသူမျှ ကိုမှတ်သား၊တွက်ချက်ပေးမှာ ဖြစ်ပါတယ်။လူတစ်ယောက်စားသုံးသင့်
တဲ့ ကယ်လိုရီထက် ပိုလာရင် Vibration နဲ့ အချက်ပေးပါတယ်။ စားတဲ့နှုန်း မြန်သွားရင်လည်း အချက်ပေး ပါ
တယ်။

ပရော်ဖက်ရှင်နယ် အကသင်တန်းများ တက်ခဲ့သလားကွယ်

ပရော်ဖက်ရှင်နယ် အကသင်တန်းများ တက်ခဲ့သလားကွယ်

ရှေးလူကြီးတွေ ပြောသလို "တိရစ္ဆာန်တွေဟာ လူလို အသိဥာဏ် မရှိဘူး။ အိပ်၊ စား၊ ကာမ ဒီကိစ္စသုံးခုပဲ နားလည်ကြတယ်" လို့ မထင်ကြပါ နဲ့တော့။ ဘာကြောင့်လဲဆိုရင် ခေတ် စနစ်တွေပြောင်းလဲလာမှု၊ ဥတုရာသီတွေ ပြောင်းလဲလာမှုနဲ့အတူ တိရစ္ဆာန်တွေရဲ့ အသိဥာဏ်တွေက ပိုမိုရင့်ကျက်လာပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကလည်း နဂိုကထက် အဆင့်မြင့်လာလို့ ပါ။ အခြားတစ်ဖက်မှာ အသိဥာဏ်ရှိ ပါတယ်ဆိုတဲ့ လူတွေရဲ့ ကိုယ်အမူအရာ၊ စိတ်အမူအရာ၊ နှုတ်အမူ အရာ တွေကတော့ ဆိုးရွားနိမ့်ကျ လာနေပါတယ်။ ထားပါတော့။ တိရစ္ဆာန်လေး တွေရဲ့ လှုပ်ရှားမှုပုံစံတွေ အဆင့်မြင့် လာတာကို ဒီဖားပြုတ်က သက်သေ ထူနေပါတယ်။ ပရော်ဖက်ရှင်နယ် အကသင်တန်း တစ်ခုမှာ အကောင်းဆုံး လေ့လာ သင်ယူခဲ့ဖူးသလို သူ့ရဲ့ ကကွက်ကဟန် တချို့က အားလုံးအတွက် အံ့ဩစရာ ဖြစ်စေခဲ့တာပါ။ အခုတွေ့ရတဲ့ ကကွက် ဆိုရင် ၁၉၇၀ ခုနှစ်တွေက ကျော်ကြားခဲ့တဲ့ ဂန္ထဝင် အကသီချင်း Saturday Night Fever နဲ့ကနေတဲ့ ဟောလိဝုဒ်မင်းသား ဂျွန်ထရာဗိုလ်တာရဲ့ကကွက်နဲ့ တစ် ထေရာတည်းပါပဲ။ ဒီဓာတ်ပုံကို အင်ဒိုနီးရှား သစ်တော တစ်နေရာမှာ ဓာတ်ပုံဆရာ ဆိုဘီရန်က ရိုက်ကူးခဲ့ တာပါ။ "ဖားတစ်ကောင်က ဒီလိုမျိုး လှုပ်ရှားတတ်တာကို ကျွန်တော်တစ်ခါမှ မမြင်ဖူးပါဘူး။ နောက်တစ်ခါ ထပ် တွေ့ရဖို့လည်း မလွယ်ပါဘူး။ သူ အရမ်းပျော်နေပုံရပါတယ်" လို့ ဆိုဘီရန်က ပြောကြား ခဲ့ပါတယ်။

FIRST MUSIC NEWS

ဒီဓာတ်ပုံကို အင်ဒိုနီးရှား သစ်တောတစ်နေရာမှာဓာတ်ပုံဆရာဆိုဘီရန်ကရိုက်ကူးခဲ့တာပါ။"ဖားတစ်ကောင်
က ဒီလိုမျိုး လှုပ်ရှားတတ်တာကိုကျွန်တော်တစ်ခါမှမမြင်ဖူးပါဘူး။ နောက်တစ်ခါထပ် တွေ့ရဖို့လည်း မလွယ်
ပါဘူး။ သူ အရမ်းပျော်နေပုံရပါတယ်" လို့ ဆိုဘီရန်က ပြောကြား ခဲ့ပါတယ်။

CNPC တရုတ်ကုမ္ပဏီ မိလ္လာ ရွာကိုထိခိုက်၍ ဆန္ဒဖေါ်ထုတ်ပွဲ လုပ်ကာ ကန့်ကွက်မည်

CNPC တရုတ်ကုမ္ပဏီ မိလ္လာ ရွာကိုထိခိုက်၍ ဆန္ဒဖေါ်ထုတ်ပွဲ လုပ်ကာ ကန့်ကွက်မည်

China National Petroleum Cooperation
( CNPC) ကုမ္ပဏီ အလုပ်သမားများ စွန့်
ပစ်သော မိလ္လာများကြောင့် ကျောက်ဖြူမြို့
နယ် ဂုံးရှိန် ကျေးရွာကို အထူး ထိခိုက်နေ
သဖြင့် ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ပြီး ကန့်
ကွက်သွားမည်ဟု သိရသည်။

“ အခု ဒီကိစ္စ ခရိုင် ဥက္ကဌကို တိုင်ကြားထားတယ်။ ဒီလို စည်းမဲ့ကမ်းမဲ့ လုပ်နေတာကို အမြန်ဆုံး တားမြစ်ပေးဖို့ ခရိုင် ဥက္ကဌကို ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကလည်း သွားရောက် တင်ပြထားတယ်။

ဒါကြောင့် သူတို့ အရေးယူ ဆောင်ရွက် ပေးမလား၊ မပေးဘူးလားဆိုတာကို စောင့်ကြည့်နေတယ်။ အကယ်၍  ဘာမှ မလုပ်ပေးဘူးဆိုရင် ဆန္ဒ ဖေါ်ထုတ်ပွဲ လုပ်ပြီး ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေသ အတွင်း လူမူရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးသန္တာမောင်က နိရဉ္စရာသို့ ပြောသည်။

တရုတ်ကုမ္ပဏီ CNPC မှ အလုပ်သမား ၁၅၀ ကျော်သည် ဂုံးရှိန် ကျေးရွာ ရွာအ၀တွင် အဆောက် အဦးများ ဆောက်လုပ်ကာ နေထိုင်နေကြသည်ဟု ဆိုသည်။

 အဆိုပါ အလုပ်သမားများ စွန့်ပစ်သည့် မိလ္လာများကို ပိုက်လုံးများမှ တဆင့် ကျေးရွာသားများ အသုံးပြုသော ချောင်းထဲသို့ စွန့်ပစ်သည်ဟု ဆိုသည်။

“ အခု ရွာသားတွေ နေ့စဉ် အသုံးပြုနေတဲ့ ချောင်းထဲကို အိမ်သာတွေက မိလ္လာတွေကို ပိုက်လုံးတွေ သွယ်တန်းပြီး စွန့်ပစ်တော့ အဲဒီချောင်းရေကို ရွာသားတွေ သုံးလို့ မရတော့ဘူး။ ကျွဲနွားတွေပါ အပါအ၀င် အိမ်မွေး တိရစ္ဆာန်တွေလည်း ရေကို သုံးမရတော့ဘူး ဖြစ်သွားတယ်။

 ချောင်းထဲက ငါးတွေကိုလည်း ရွာသားတွေက မစားကြတော့ဘူး။ အနံ့အသက်ကလည်း ရွာဝကို ရောက် တာနဲ့ တအားနံတယ်။ အခု ရွာသားတွေက တော်တော့ကို ဒုက္ခ ဖြစ်နေကြတယ်” ဟု ဦးသန္တာမောင်က ဆက်ပြောသည်။

သို့အတွက် ရွာသားများ အနေဖြင့် ခရိုင် ဥက္ကဌ အပါအ၀င် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်တို့အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်အား ဆက်လက် မေးမြန်းရာ သူက ယခုလို ပြောပြသည်။

“ ကျွန်တော်က ရန်ကုန်ကနေ ဇန္န၀ါရီ တစ်ရက်နေ့မှာ ကျောက်ဖြူကို ရောက်တယ်။ ဂုံးရှိန်က ရွာသားတွေ လာခေါ်တဲ့ အတွက် ကျွန်တော်အဲဒီရွာကို ၂ ရက်နေ့က သွားကြည့်ပါတယ်။

အဲဒီမှာ ဘာဖြစ် နေသလဲဆိုတော့ ရွာဝမှာ တရုတ်ကုမ္ပဏီက အဆောက်အဦး တစ်ဆယ်ခန့်ကို တွေ့ပါတယ်။ အဲဒီ အဆောက်အဦးတွေမှာ နေထိုင်တဲ့ လူတွေရဲ့ မိလ္လာကို ပိုက်လုံးတွေနဲ့ ချောင်းအနီးက နေရာ တစ်ခုကို စုပုံစွန့်ပစ်တယ်။

အဲဒီက ပြည့်လျှံလာတဲ့ မိလ္လာက ရွာသားတွေ အသုံးပြုနေတဲ့ ချောင်းထဲကို စီးဆင်းတော့ ချောင်းကို ရွာသားတွေ အသုံးပြုလို့ မရ ဖြစ်သွားတယ်။ ကျွန်တော်တို့ကိုယ်တိုင် ရွာဝကို ရောက်တာနဲ့ အနံ့အသက် တော်တော် ဆိုးဆိုးဝါးဝါး နံတာကိုတွေ့ခဲ့ရတယ်” ဟု ဆိုသည်။

သို့အတွက် ဇန္န၀ါရီလ ၃ ရက်နေ့က ကျောက်ဖြူ ခရိုင် ဥက္ကဌထံသို့ သွားပြီး အဆိုပါ ကိစ္စကို တင်ပြခဲ့သည်ဟု ဦးဘရှိန်က ဆက်ပြောသည်။

“ ခရိုင် ဥက္ကဌ ပြောတာကတော့ သူ ဒီကိစ္စကို ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ အခုအချိန်ထိ မဆောင်ရွက်သေးဘူးဆိုရင် ဖုံးဆက်ပြီး မေးကြည့်ပါမယ်” ဟု ပြောသည်။

ကျောက်ဖြူ ခရိုင်ရုံးသို့ ဆက်လက် မေးမြန်းရာ ဖုံးအဆက်အသွယ် ရရှိခြင်း မရှိပါ။

ဇန္န၀ါရီလ ၁၀ ရက်နေ့ကို နောက်ဆုံးထားပြီး စောင့်ကြည့်မည် ဖြစ်ပြီး အာဏာပိုင်များ ဘက်မှ တစ်စုံတစ်ရာ မဆောင်ရွက်ပေးပါက ရွာသားများ အနေဖြင့် လူထု ဆန္ဒ ဖေါ်ထုတ်ပွဲ ပြုသွားမည်ဟု ဒေသခံများက ပြောသည်။

  နိရဉ္စရာ

China National Petroleum Cooperation ( CNPC) ကုမ္ပဏီ အလုပ်သမားများ စွန့် ပစ်သောမိလ္လာများကြောင့်
ကျောက်ဖြူမြို့နယ် ဂုံးရှိန် ကျေးရွာကို အထူး ထိခိုက်နေသဖြင့် ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ပြီး ကန့်ကွက်သွားမည်
ဟု သိရသည်။

အွန်လိုင်းမှတစ်ဆင့် Skype အကောင့် ငွေဖြည့်သွင်းနိုင်ပြီ

အွန်လိုင်းမှတစ်ဆင့် Skype အကောင့် ငွေဖြည့်သွင်းနိုင်မည်

အွန်လိုင်းမှတစ်ဆင့် Skype အကောင့်ကို ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုကို www.mmskype.com မှ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ www.mmskype.com website ကို ဇန်နဝါရီ ၁ ရက်မှ စတင်လွှင့်တင်ခြင်းဖြစ်ပြီး ငွေဖြည့်သွင်းရာတွင် 5 USD မှစ၍ ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ပြည်တွင်း Skype အသုံးပြုသူတွေကို အွန်လိုင်းကနေ တိုက်ရိုက် ငွေဖြည့်ပေးနိုင်မယ့် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်ပါတယ်။ www.mmskype.com ကနေ ငွေပေးချေစဉ် အတောအတွင်း skype Username ကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။ ငွေပေးချေစနစ်ကိုတော့ Myanpay ကို အသုံးပြု ငွေပေးချေ ရမှာ ဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့ အသုံးပြုသူရဲ့ Skype အကောင့်ထဲကို Skype Credit ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် ဝန်ဆောင်မှုကို အလွယ်တကူ မေးမြန်းနိုင်ဖို့ Live Chat ကိုလည်း ထည့်သွင်းထားပါတယ်” ဟု အဆိုပါ Website ၏ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် အင်တာနက်ဆိုင်များ အတွက် ပိုမို အဆင်ပြေနိုင်သည့် Skype Credit Plan များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ အဆိုပါ Plan များမှာ Unlimited Country Plan နှင့် Unlimited World Plan တို့ဖြစ်ကြောင်း သိရသည်။ Unlimited Country Plan တွင် နိုင်ငံတစ်နိုင်ငံသို့ တစ်လအတွင်း အကြိမ်ရေအတွက်၊ မိနစ်အကန့်သတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပြီး နိုင်ငံရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ Unlimited World Plan တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ကို တစ်လအတွင်း အကြိမ်ရေ၊ မိနစ် အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းမှ Skype အကောင့်အား ငွေဖြည့်ခြင်း ဝန်ဆောင်မှုကို ဝက်ဘ်ဆိုက်မှ ပထမဦးဆုံး ပြုလုပ်ခြင်းဖြစ်ပြီး ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို www.mmskype.com တွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

အေးချမ်းမွန်မှ   International Social Network Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အွန်လိုင်းမှတစ်ဆင့် Skype အကောင့်ကို ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှု
ကိုwww.mmskype.comမှ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ www.mmskype.comwebsite ကိုဇန်နဝါရီ၁ 
ရက်မှစတင်လွှင့်တင်ခြင်းဖြစ်ပြီး ငွေဖြည့်သွင်းရာတွင်5 USD မှစ၍ ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲ၌ ခေါင်းပြတ်ဆင်တစ်ကောင် တွေ့ရှိ

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲ၌ ခေါင်းပြတ်ဆင်တစ်ကောင် တွေ့ရှိ
Monday, 07 January 2013

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ဆင်တစ်ကောင် ခေါင်းပြတ်၍
သေဆုံးနေကြောင်း သိရသည်။

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်းတွင်ဆင်ရိုင်းကျူးကျော်
သောင်းကျန်းမှုများနှင့် ဆင်သတ်ခြင်း ၊ ဆင်စွယ်ဖြတ်ခြင်းဖြင့် စီးပွား
ရှာနေသော လူအုပ်စုများကြောင့် ဆင်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်
လျက်ရှိရာ ယခုလ ဇန်န၀ါရီလ(၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ခေါင်းပြတ်သေဆုံးနေသော ဆင်တစ်ကောင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ ငရုတ်ကောင်းက ဆင်းမှုံသစ်တောကြိုးဝိုင်း အကွက်အမှတ်(၂)မှာ
ခေါင်းပြတ်သေဆုံးတဲ့ ဆင်ထီး စွယ်စုံတော ဆင်ရိုင်းတစ်ကောင်တွေ့တာပါ။ ငရုတ်ကောင်းတောအုပ်ဦးကွန်ချစ်က သွားရောက် စစ်ဆေးပြီး ခရိုင်သစ်တောဦးစီးက စာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု ပုသိမ်ခရိုင်သစ်တော ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

ပုသိမ်ခရိုင်သည် ရခိုင်ရိုးမနှင့် ဆက်စပ်တည်ရှိနေသော ခရိုင်တစ်ခုဖြစ်
သောကြောင့် လည်းကောင်း ယခုရာသီသည် ဆင်များကြိုက်နှစ်သက်
သော ဗောကိုင်းပင်များ အဖူးပွင့်သောအချိန်ဖြစ်နေသဖြင့် ပုသိမ်ခရိုင်၏ အနောက်ဘက် ကမ်းခြေဒေသများတွင် ဆင်းရိုင်းအုပ်များ လာရောက်
ကျက်စားနေရာ အဆိုပါ ဒေသရှိ ရွာများမှာလည်း ဆင်အန္တရာယ်နှင့်
တွေ့ကြုံနေရပြီး တရားမ၀င် ဆင်သတ် ၊အစွယ် ဖြတ်မှုများလည်း ဖြစ်ပေါ်နေ
ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရွာတွေမှာ လင့်စင်တွေထိုးထားပြီး ညဘက်ဆင်တွေဆင်းလာရင် အဲ့အပေါ်ကို တက်ပြေးကြရတယ်။ အလုပ်လဲ ကောင်းကောင်းမလုပ်ရဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ဆင်ကိုမသတ်ရဲကြပါဘူး။ ဆင်ကို သတ်တာ လူသတ်တာထက် ပိုအပြစ်ကြီးတယ်လို့ သိထားကြတယ်” ဟု ငရုတ်ကောင်း မြို့နယ်ခွဲ ပျဉ်းကတိုးကုန်းရွာသားတစ်ဦးက ပြောသည်။

ယမန်နှစ်အတွင်းကလည်း ငွေဆောင်မြို့နယ်ခွဲ ဥတုချောင်းဖျားတွင် ဆင်သတ် ၊ ဆင်စွယ် ဖြတ်နေ သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး စက်တင်
ဘာလအတွင်းက ငပုတောမြို့နယ်တွင် တွေ့ရှိ သေဆုံးနေ သော ဆင် (၂)ကောင်အနက် တစ်ကောင်အား သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးရမိ
ခဲ့ကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

ယခုတွေ့ရှိသော ဆင်သေဆုံးမှုအတွက်ကလည်း မသမာသူများ၏ လက်ချက်ကြောင့်ဟု ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (သစ်တော)မှ စာဖြင့်တိုင်ကြားမှုကြောင့် ငရုတ်ကောင်း ရဲစခန်းမှ (ပ)”၂-၁၃/၁၉၉၄” တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး
ဥပဒေပုဒ်မ ၃၇(က)ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆင်ကောင်ရေထောင်ဂဏန်းကျော်သာ ကျန်ရှိတော့ပြီး ယခုကဲ့သို့ တရားမ၀င် ဆင်သတ် ၊ ဆင်စွယ်ဖြတ်မှု များပြားလာခြင်းကြောင့် မကြာမီ မြန်မာ့ဆင်များ မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

Myit Makha Mediagroup
Myanmar International News

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ဆင်တစ်ကောင် ခေါင်းပြတ်၍ သေဆုံးနေကြောင်း သိရသည်။ ပုသိမ်ခရိုင်ငရုတ်ကောင်းမြို့နယ်ခွဲအတွင်းတွင်ဆင်ရိုင်းကျူးကျော်သောင်းကျန်းမှုများနှင့်ဆင်သတ်ခြင်းဆင်
စွယ်ဖြတ်ခြင်းဖြင့် စီးပွားရှာနေသော လူအုပ်စုများကြောင့်ဆင်သေဆုံးမှုများမကြာခဏ ဖြစ်ပေါ်လျက်ရှိရာ
ယခုလဇန်န၀ါရီလ(၃)ရက်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်ကငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ခေါင်းပြတ်သေ
ဆုံးနေသော ဆင်တစ်ကောင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အင်တာနက် စွဲလမ်းစွာ အသုံးပြုခြင်းကိုလည်း စိတ်ရောဂါအဖြစ် နိုင်ငံတကာ စိတ်ကျန်းမာရေး စောင့်ကြည့်ရေးအဖွဲ့မှ သတ်မှတ်တော့မည်


အင်တာနက် စွဲလမ်းစွာ အသုံးပြုခြင်းကိုလည်း စိတ်ရောဂါအဖြစ် သတ်မှတ်တော့မည်


interrrrလာမယ့် မေလ လောက်ဆိုရင် အင်တာနက်အား စွဲစွဲလမ်းလမ်း အသုံးပြုခြင်းကို စိတ်ရောဂါ အခြေအနေတစ်ခု အဖြစ် သတ်မှတ်တော့မှာ ဖြစ်ကြောင်း သိပါတယ်။

ဒီအတွက် နိုင်ငံတကာ စိတ်ကျန်းမာရေး စောင့်ကြည့်ရေးအဖွဲ့မှ ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုမှု လွန်ကဲလို့ မဖြစ်သင့်တဲ့ အခင်း ကိစ္စတွေ ဖြစ်လာတာကြောင့်မို့ ယခုလို သတ်မှတ်လာရခြင်း ဖြစ် ပါတယ်။ ဂိမ်းဆွဲတာကိုတော့ စိတ်ရောဂါအခြေအနေ တစ်ခုအဖြစ် စိတ် ပညာရှင်များက လက်ခံထားကြပြီး ဖြစ်ပါတယ်။

ဂိမ်းဆွဲနေသူ လူကြီး၊ လူငယ်မရွေး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ယနေ့ခေတ် လူငယ်များ ဂိမ်းစွဲစွဲလမ်းလမ်းဆော့ကစားခြင်းကြောင့် သေဆုံးသူ အရေအတွက် များလာပါတယ်။

သြစတေးလျနိုင်ငံမှ ဂိမ်းဆွဲသူများအား ဂိမ်းဖျက်ရန် ဝန်ဆောင်မှုပေးမယ့် ကျန်းမာရေးအဖွဲ့ တရားဝင်ထားရှိပြီး ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်။ အင်တာနက် စွဲစွဲလမ်းလမ်း အသုံးပြုမှုကိုလည်း လာမယ့် မေလကျရင် အတည်ပြုလို့ စိတ်ရောဂါ အခြေအနေတစ်ခုအဖြစ် ကြေညာဖို့ အလားအလာ များကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး သတင်း

http://www.yoyarlay.com/entertainment/123-discovery/33749-internet-user-become-to-be-a-psyscho-metal-disorder

အေးချမ်းမွန်မှ   YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Photo From: google

interrrrလာမယ့် မေလ လောက်ဆိုရင် အင်တာနက်အား စွဲစွဲလမ်းလမ်း အသုံးပြုခြင်းကို စိတ်ရောဂါ အခြေ
အနေတစ်ခုအဖြစ်သတ်မှတ်တော့မှာ ဖြစ်ကြောင်းသိပါတယ်။ဒီအတွက် နိုင်ငံတကာစိတ်ကျန်းမာရေးစာင့်
ကြည့်ရေးအဖွဲ့မှ ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုမှု လွန်ကဲလို့ မဖြစ်သင့်တဲ့အခင်းကိစ္စတွေ
ဖစ်လာတာကြောင့်မို့ ယခုလို သတ်မှတ်လာရခြင်း ဖြစ် ပါတယ်။

Google အမှုဆောင်ဥက္ကဋ္ဌ မြောက်ကိုရီးယားသို့ သွားရောက်

Google အမှုဆောင်ဥက္ကဋ္ဌ မြောက်ကိုရီးယားသို့ သွားရောက်

အင်တာနက်နည်းပညာ ကုမ္ပဏီကြီး Google ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Eris Schmidt သည် မြောက်ကို
ရီးယားနိုင်ငံသို့ ပုဂ္ဂိုလ်ရေး အလည်အပတ်အဖြစ် ယနေ့သွားရောက်ခဲ့ရာစီးပွားရေးနှင့် လူမှုဆက်သွယ်ရေး
ကွန်ရက်တွင် အထူးစိတ်ဝင်တစား စောင့်ကြည့်သည့် သတင်းဖြစ်လာသည်။

ဒိုင်ယာနာမင်းသမီး၏ ဓာတ်ပုံမှ ပဟေဠိဖြစ်ခဲ့သူအား ဖော်ထုတ်နိုင်ခဲ့


(ဓာတ်ပုံတွင် ဒိုင်ယာနာငယ်စဉ်က အဖြူအမည်း ဓာတ်ပုံတွင် အတူရှိနေသော အမျိုးသားမှာ

မည်သူမည်ဝါဖြစ်ကြောင်း ယခင်က ပဟေဠိဖြစ်ခဲ့သည်)
တစ်ချိန်က ဗြိတိသျှ တော်ဝင်မင်းသမီး ဒိုင်ယာနာ၏ အထုပ္ပတ္တိ ဓာတ်ပုံမှတ်တမ်းတွင်အမည်မသိပဟေဠိ ဖြစ်
ခဲ့သူ တစ်ဦးကို ယခုအခါ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ (၁၉၇၀)ပြည့်လွန် နှစ်များက ဒိုင်ယာနာရိုက်ကူးထား
သော အဖြူအမည်း ဓာတ်ပုံတွင် သူမနှင့် အနီးကပ် ရှိခဲ့သူတစ်ဦးမှာမည်သူမည်ဝါမှန်း မသိနိုင်ဘဲကာလရှည်
ကြာ တိမ်မြုပ်နေခဲ့သည်။

တရုတ်နဲ့ ဂျပန်တွေ စိတ်ဝင်စားနေတဲ့ သဲများအကြောင်း သိထားသင့်သမျှ။