Pages

Monday, January 7, 2013

ဒိုင်ယာနာမင်းသမီး၏ ဓာတ်ပုံမှ ပဟေဠိဖြစ်ခဲ့သူအား ဖော်ထုတ်နိုင်ခဲ့


(ဓာတ်ပုံတွင် ဒိုင်ယာနာငယ်စဉ်က အဖြူအမည်း ဓာတ်ပုံတွင် အတူရှိနေသော အမျိုးသားမှာ

မည်သူမည်ဝါဖြစ်ကြောင်း ယခင်က ပဟေဠိဖြစ်ခဲ့သည်)
တစ်ချိန်က ဗြိတိသျှ တော်ဝင်မင်းသမီး ဒိုင်ယာနာ၏ အထုပ္ပတ္တိ ဓာတ်ပုံမှတ်တမ်းတွင်အမည်မသိပဟေဠိ ဖြစ်
ခဲ့သူ တစ်ဦးကို ယခုအခါ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ (၁၉၇၀)ပြည့်လွန် နှစ်များက ဒိုင်ယာနာရိုက်ကူးထား
သော အဖြူအမည်း ဓာတ်ပုံတွင် သူမနှင့် အနီးကပ် ရှိခဲ့သူတစ်ဦးမှာမည်သူမည်ဝါမှန်း မသိနိုင်ဘဲကာလရှည်
ကြာ တိမ်မြုပ်နေခဲ့သည်။
ယခုအခါတွင်မူ အဆိုပါ ဓာတ်ပုံအတွင်းမှ အမျိုးသား မည်သူမည်ဝါ ဖြစ်ကြောင်းကို ဒိုင်ယာနာ၏ ကိုယ်ရေး အထုပ္ပတ္တိ ကူညီရေးသားခဲ့သူ အင်ဒရူး မော်တန်က ထုတ်ဖော် ဖြေကြားခဲ့ပြီ ဖြစ်သည်။

မော်တန်က အဆိုပါ ဓာတ်ပုံအတွင်းမှ လူငယ်သည် တစ်ချိန်က ဒိုင်ယာနာ၏ အချစ်ကို ရယူရန် ကြိုးပမ်းခဲ့ပြီး မအောင်မြင်ခဲ့သူ တစ်ဦးဟုလည်း ပြောကြားခဲ့သည်။ "ဓာတ်ပုံထဲကချာတိတ်လေးကိုဘယ်သူဘယ်ဝါဆိုတာ
လူတွေ ဖော်ထုတ်နိုင်မလားဆိုတဲ့ မေးခွန်းအတွက်ကျွန်တော်အချိန်တစ်ခု ပေးထားခဲ့တာပါ"ဟု မော်တန်က
Guardian သတင်းစာ၏ Emailဖြင့် မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။ "သူက အဒမ်ရက်ဆဲလ်ပါ။ အရင် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း စတန်လေ ဘော်လ်ဒွင်ရဲ့ မြစ်တော်ပါတယ်။ ခုချိန်မှာတော့ သူဟာ သမင်မွေးတဲ့ ခြံတစ်ခု ထူထောင်ထားတာမျိုး ဖြစ်ချင်ဖြစ်မယ်"ဟု မော်တန်က ပြောကြားသွားသည်။

(ချားလ်စ်မင်းသားနှင့် ဒိုင်ယာနာတို့ လက်ထပ်ခဲ့ကြစဉ်)
အဆိုပါ ဓာတ်ပုံသည် ရက်ဆဲလ်နှင့် ဒိုင်ယာနာတို့ နှင်းလျှောစီး အပျော်ခရီးထွက်ရင်း တောင်စောင်းမှ လိမ့်
ကျသဖြင့် နှစ်ဦးလုံးဒဏ်ရာရနေချိန်တွင်ရိုက်ကူးထားခြင်းဟု မော်တန်ကဆိုသည်။"နှစ်ယောက်လုံး နှင်းလျှော
စီးချင်လို့ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုခဲ့ကြတာပါ။ အဲဒီ အားလပ်ရက် အတွေ့အကြုံကို ရက်ဆဲလ်
လည်း တော်တော် သဘောကျသွားပုံပဲ"ဟု မော်တန်က ဗြိတိသျှ နာမည်ကျော် သတင်းစာကြီးသို့ ပြောကြား
ခဲ့သည်။

၎င်းက ဒိုင်ယာနာနှင့် မော်တန်တို့သည် ချစ်သူများ မဖြစ်ခဲ့ကြဟုလည်း ဆိုသည်။ ထိုနှစ်ဦးသည် နောက်ပိုင်း

တွင် အဆက်အသွယ် ဆက်ရှိနေသော်လည်း တစ်နှစ်မျှ အကြာတွင် ရက်ဆဲလ်သည် ဒိုင်ယနာ၏ အချစ်ကို မ
ရနိုင်ကြောင်း သဘောပေါက်သွားခဲ့ကြောင်း မော်တန်က ရှင်းပြခဲ့သည်။ သူတစ်နှစ်လောက် အကြာမှာတော့
မိတ်ဆွေတစ်ယောက်ဆီက သတင်းကြားတယ်။ မင်းမှာ ပြိုင်ဘက် ရှိနေပြီ။ အဲဒါကတော့ ဝေလမင်းသား ချား
လ်စ်ပဲ ဆိုပြီးတော့လေ"ဟု မော်တန်က ဆိုသည်။ နောက်ပိုင်းတွင် ဒိုင်ယာနာသည်ချားလ်စ်နှင့်သာလက်ထပ်
ဖစ်ခဲ့ပြီး ရက်ဆဲလ်၏ သတင်းမှာ စုပ်ဆမြုပ်စ ပျောက်ကွယ်သွားခဲ့သည်။

Source: Today

0 comments:

Post a Comment