Pages

Monday, January 7, 2013

တောင်သူလယ်သမားအရေး သီးသန့်လုပ်ဆောင်သွားရန် ပါတီတည်ထောင်ခြင်းဖြစ်ဟု ပါတီဥက္ကဋ္ဌပြောကြား

တောင်သူလယ်သမားအရေး သီးသန့်လုပ်ဆောင်သွားရန် ပါတီတည်ထောင်ခြင်းဖြစ်ဟု ပါတီဥက္ကဋ္ဌပြောကြား
ရန်ကုန် ၊ ဇန်န၀ါရီ ၇

တောင်သူလယ်သမားအရေး သီးသန့်လုပ်ဆောင်သွားရန် ပါတီတည်ထောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတောင်သူ
လယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး က ယနေ့ပြုလုပ်သည့် ပါတီ မိတ်ဆက်ပွဲအခမ်းအနား၌ ပြောကြားသည်။

ပါတီ အနေဖြင့် တောင်သူလယ်သမားများ အားမငယ်စေရန်နှင့် တောင်သူလယ်သမားများတိုးတက်ဖွံ့ဖြိုးရန် လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊
နိုင်ငံရေးဆိုင်ရာမူဝါဒ ၄ ရပ်၊ အနာဂတ်နိုင်ငံတည်ဆောက်ရေး
မူဝါဒကြီး ၅ ရပ်ဖြင့် ပါတီကိုဖွဲ့စည်းထားကြောင်း ၄င်းကပြောသည်။

အဆိုပါ ပါတီသည် အောက်တိုဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ်က မှတ်ပုံတင်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက် ၂၀၁၂ ခုနှစ်က ပါတီတည်ထောင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပါတီရုံးချုပ်အား အမှတ် ၅၃ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းဖွင့်လှစ်ထားကြောင်း ၊ လတ်တလော၌ ပါတီဝင်အင်အား သုံးသိန်းကျော်ရှိကြောင်းသိရသည်။

အဆိုပါပါတီ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

NLA

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

တောင်သူလယ်သမားအရေး သီးသန့်လုပ်ဆောင်သွားရန် ပါတီတည်ထောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
တာင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးကျော်စွာစိုးကယနေ့ပြုလုပ်သည့် ပါတီ မိတ်ဆက်
ပွဲအခမ်းအနား၌ ပြောကြားသည်။ ပါတီ အနေဖြင့် တောင်သူလယ်သမားများ အားမငယ်စေရန်နှင့် တောင်သူလယ်သမားများတိုးတက်ဖွံ့ဖြိုးရန် လုပ်ငန်းများကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊နိုင်ငံရေးဆိုင်ရာမူဝါဒ ၄ ရပ်၊အနာဂတ်နိုင်ငံတည်ဆောက်
ရးမူဝါဒကြီး ၅ ရပ်ဖြင့် ပါတီကိုဖွဲ့စည်းထားကြောင်း ၄င်းကပြောသည်။

အဆိုပါ ပါတီသည် အောက်တိုဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ်က မှတ်ပုံတင်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက် ၂၀၁၂ ခုနှစ်က ပါတီတည်ထောင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပါတီရုံးချုပ်အား အမှတ် ၅၃ လေးထောင့်ကန်လမ်း၊ သင်္ဃန်း
ကျွန်းဖွင့်လှစ်ထားကြောင်း ၊ လတ်တလော၌ ပါတီဝင်အင်အား သုံးသိန်းကျော်ရှိကြောင်းသိရသည်

အဆိုပါပါတီ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင်ပြု
လုပ်ခဲ့ကြောင်းသိရသည်။

NLA
 
Popular Myanmar News

0 comments:

Post a Comment