အွန်လိုင်းမှတစ်ဆင့် Skype အကောင့်ကို ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှု
ကိုwww.mmskype.comမှ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ www.mmskype.comwebsite ကိုဇန်နဝါရီ၁
ရက်မှစတင်လွှင့်တင်ခြင်းဖြစ်ပြီး
ငွေဖြည့်သွင်းရာတွင်5 USD မှစ၍ ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
“ပြည်တွင်း Skype အသုံးပြုသူတွေကို အွန်လိုင်းကနေတိုက်ရိုက်
ငွေဖြည့်ပေးနိုင်မယ့်ဝက်ဘ်ဆိုက်တစ်ခု ဖြစ်
ပါတယ်။ www.mmskype.com
ကနေ ငွေပေးချေစဉ်အတောအတွင်းskype Usernameကိုတစ်ခါတည်းထည့်
ပေးဖို့
လိုအပ်ပါတယ်။
ငွေပေးချေစနစ်ကိုတော့ Myanpay ကိုအသုံးပြု ငွေပေးချေရမှာ
ဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့ အသုံးပြု
သူရဲ့ Skypeအကောင့်ထဲကို Skype
Credit ရောက်ရှိလာမှာ ဖြစ်ပါတယ်။ဝက်ဘ်ဆိုက်ဝန်ဆောင်မှုကိုအလွယ်
တကူ
မေးမြန်းနိုင်ဖို့ Live Chat ကိုလည်းထည့်သွင်းထားပါတယ်”ဟုအဆိုပါWebsite
၏ တာဝန်ရှိသူကပြော
သည်။ ထို့အပြင် အင်တာနက်ဆိုင်များ အတွက်ပိုမိုအဆင်ပြေနိုင်သည့်Skype Credit Planများကိုလည်းထည့်
သွင်းထားကြောင်းသိရသည်။အဆိုပါPlanများမှာ Unlimited
Country Plan နှင့် Unlimited World Planတို့ဖြစ်
ကြောင်း သိရသည်။
Unlimited Country Plan တွင် နိုင်ငံတစ်နိုင်ငံသို့တစ်လအတွင်းအကြိမ်ရေအတွက်၊မိနစ်အကန့်သတ်မရှိ ဖုန်း
ခေါ်ဆိုနိုင်မည် ဖြစ်ပြီး
နိုင်ငံရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။Unlimited World Plan
တွင် ကမ္ဘာ
့နိုင်ငံပေါင်း ၁၈၀ ကျော်ကို တစ်လအတွင်း အကြိမ်ရေ၊ မိနစ်
အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ အွန်လိုင်းမှSkypeအကောင့်အား ငွေဖြည့်ခြင်းဝန်ဆောင်မှုကိုဝက်ဘ်ဆိုက်မှပထမဦးဆုံး ပြုလုပ်ခြင်း
ဖြစ်ပြီး ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို www.mmskype.comတွင် ကြည့်ရှုနိုင်မည်
ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
International Social Network Myanmar

0 comments:
Post a Comment