Pages

Wednesday, July 29, 2020

Desktop α€™ှာ α€šူα€”ီα€€ုα€’် ပြောင်းပြီး Zawgyi α€€ော၊ Unicode ပါ ဆက်α€žုံးα€”α€Š်း


RangonNewsDaily::Wednesday, July 29, 2020
ဇော်ဂျီα€€α€”ေ α€šူα€”ီα€€ုα€’်ပြောင်းα€–ို့ α€€ြိုးα€…ားခဲ့တာ α€†α€š်α€…ုα€”ှα€…်တစ်ခုα€œောα€€်α€€ြာခဲ့ပြီα€–ြα€…်ပါα€α€š်။ ထဲα€’ီα€œို ထကြိα€™်α€€ြိα€™်ပြောင်းα€–ို့ α€€ြိုးα€…ားခဲ့တာ α€’ီတစ်ခေါα€€်ကတော့ ထောင်α€™ြင်α€™ှု ထရှိဆုံးပါပဲ။ α€’ီα€œိုထောင်α€™ြင်ခဲ့တာ Facebook α€€ Facebook app α€™ှာ Zawgyi, Uni α€”ှα€…်α€™ျိုးα€œုံးဖတ်α€”ိုင်ထောင်α€œုပ်ပေးα€œို့ ထခက်ထခဲα€™α€›ှိ ပြောင်းα€”ိုင်α€€ြတာα€›α€š်၊ α€”ိုင်ငံတော် ထတိုင်ပင်ခံပုဂ္ဂိုα€œ်α€›ဲ့ တိုα€€်တွα€”်းα€…α€€ားα€€ြောင့်α€›α€š်α€œို့ ဆိုရင် α€™α€™ှားပါα€˜ူး။
Facebook α€™ှာတော့ α€šူα€”ီα€€ုα€’်ပြောင်းα€”α€Š်းတွေα€€ α€–ုα€”်းတွေထတွα€€်တော့ ပေါပေါα€™ျားα€™ျားပါပဲ၊ α€’ါပေα€™α€š့် Desktop ထတွα€€် ပြောင်းα€–ို့α€”α€Š်းα€œα€™်းα€€ိုတော့ မတွေ့α€™ိα€žေးပါα€˜ူး။ α€’ါα€€ြောင့် α€›ုံးတွေ၊ α€›ုံးတွေα€™ှာ α€šူα€”ီα€€ုα€’်ပြောင်းα€–ို့ ထခက်တွေ့α€”ေα€€ြα€™ှာα€…ိုးα€œို့ α€’ီα€”α€Š်းα€œα€™်းα€œေးα€€ို Myanmar Web Designer (MWD) Co., Ltd. α€€ α€™ျှဝေα€œိုα€€်ရတာပါ။
Desktop α€™ှာ Unicode α€›ေးα€”ိုင်၊ ဖတ်α€”ိုင်α€–ို့ထတွα€€် ထောα€€်ပါα€”α€Š်းα€œα€™်းထတိုင်း α€‘α€œွα€š်တကူ ပြုα€œုပ်α€”ိုင်ပါα€α€š်။ ⬇⬇
➡ Zawgyi install α€œုပ်ထားတာα€›ှိရင် Remove (α€žို့) Uninstall ပြုα€œုပ်ပါ။ (α€†α€š်α€…ုα€”ှα€…်တစ်ခုα€€ျော် ထင်တာα€”α€€်α€™ှာ α€™ြα€”်α€™ာα€…ာ α€‘α€žုံးပြုခွင့်ပေးα€œို့ α€€ျေးဇူးတင်ပါα€α€š် ဇော်ဂျီα€›ေ)
➡ α€šူα€”ီα€€ုα€’်α€›ေးα€–ို့ keyboard α€œိုပါα€α€š်၊ ဖတ်α€–ို့ထတွα€€် font α€œိုပါα€α€š်။ α€’ါပေα€™α€š့် software တစ်ခု download α€œုပ်ပြီး install α€œုပ်α€œိုα€€်α€›ုံα€”ဲ့ α€’ီ ၂ခုα€œုံးထဆင်ပြေပါα€α€š်။ http://www.unicodetoday.org/downlo…/All-in-One-Setup-5.2.exe α€€ို download α€œုပ်ပြီးတော့ install α€œုပ်α€œိုα€€်ပါ။ ထောα€€်α€™ှာဆက်ပြောတာတွေα€”ဲ့ တူα€–ို့ထတွα€€် α€˜ာ setting α€™ှ ထထူးα€α€œα€Š်မပြောင်းပါα€”ဲ့။ Next တွေပဲα€”ှိပ်α€žွားပါ။
➡ Install α€œုပ်ပြီးရင်တော့ keyboard ထတွα€€် Pyidaungsu MM, ဇတ်α€€ုα€’် (ဇော်α€€ုα€’်), my-Win 2.3.0 Unicode 5.2, α€™ြα€”်α€…ံ (Smart), ဇော်ဂျီ ဆိုပြီး Keyboard (၅)α€™ျိုး ပါပါα€α€š်။
Install α€œုပ်α€œိုα€€်ပြီဆိုရင်တော့ ရင်းα€”ှီးပြီးα€žား Zawgyi α€œα€€်α€€ွα€€်α€”ဲ့ပဲ Zawgyi α€€ော Unicode ပါ α€›ိုα€€်α€”ိုင်α€™ှာα€–ြα€…်ပါα€α€š်။ ထပေါ်α€™ှာပါတဲ့ Keyboard (၅) α€™ျိုးထဲα€€ Unicode α€›ိုα€€်α€–ို့ဆိုရင် ဇတ်α€€ုα€’် (ဇော်α€€ုα€’်) α€€ိုα€›ွေးပါ။ Zawgyi α€›ိုα€€်α€–ို့ဆိုရင် ဇော်ဂျီ α€€ိုα€›ွေးပြီး α€›ိုα€€်α€›ုံပါပဲ။ Keyboard shortcut α€”ဲ့α€›ွေးα€™α€š်ဆိုရင်တော့
Ctrl + Shift
————–
ထရင်α€€α€œိုပဲ ထင်္α€‚α€œိပ်α€”ဲ့ α€™ြα€”်α€™ာα€…ာ ထပြα€”်α€‘α€œှα€”်ပြောင်းα€–ို့ α€žုံးရတဲ့ shortcut ပါ။
Ctrl + Space
—————-
ပါဝင်တဲ့ Keyboard (၅) α€™ျိုးα€œုံးα€€ို α€›ွေးချα€š်α€‘α€žုံးပြုα€”ိုင်α€™ှာပါ။ Keymagic α€™ှာဆိုရင် Keyboard (၅)α€™ျိုးတောင် ပါဝင်တာα€™ို့ α€€ိုα€š်α€™α€œိုထပ်တဲ့ Keyboard α€™ျားα€€ို Remove ပြုα€œုပ်ထားα€œို့ရပါα€α€š်။ Remove α€œုပ်ထားတဲ့ထခါ keyboard ပြောင်းရင် Ctrl + Space ခဏခဏနှိပ်α€–ို့α€™α€œိုတော့α€˜ူးပေါ့။
ထထက်ပါα€”α€Š်းα€œα€™်းတွေα€€ို α€‘α€žုံးပြုပြီး ပိုα€™ိုα€€ောင်းα€™ွα€”်တဲ့ α€šူα€”ီα€€ုα€’်α€…α€”α€…်α€€ြီးα€€ို α€™ြα€”်α€™ာတစ်α€”ိုင်ငံα€œုံး α€‘α€žုံးပြုα€”ိုင်α€€ြα€™α€š်α€œို့ α€™ျှော်α€œα€„့်ပါα€α€š်။
α€’ီ post α€€ိုα€–ုα€”်းα€”ဲ့ဖတ်α€”ေတာဆိုရင် computer α€›ှေ့α€›ောα€€်တဲ့ထခါ ပြα€”်α€€ြα€Š့်α€–ို့ share α€œုပ်ထားα€œိုα€€်ပါ။
PC α€™ှာ α€šူα€”ီα€€ုα€’်မပြောင်းα€–ြα€…်α€žေးတဲ့α€žူတွေ α€žα€„့် Friend ထဲα€™ှာ α€›ှိα€”ေα€™α€š်ဆိုရင်α€œα€Š်း Share ပေးα€–ို့ α€™α€™ေ့α€”ဲ့α€”ော်။
Credit::myanmarwebdesigner