Pages

Monday, April 1, 2013

ဒုက္ခသည်တွေကို အားပေးဖို့ ၈၈မျိုးဆက်နဲ့ အနုပညာရှင်တွေ သွားရောက်

မိတ္တီလာမြို့ အဓိကရုဏ်းကြောင့် အခက်အခဲ ကြုံတွေနေရတဲ့ ဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးဖို့အတွက်ဒီနေ့ဧပြီလ၁ရက်နေ့မှာ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့နဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး ဒုက္ခသည်စခန်းတွေကို ရောက်နေပါတယ်။

ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန် Dhamma OnLine Media Library

သတင်းကောင်း ပါး ပေးကြပါ။
----- ----- ----- ----- -----

ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် www.dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3 တရားတော် အပုဒ်ရေ ပေါင်း တစ်သောင်း၇ထောင်ကျော်၊ WMV ဗီဒီယို တရားတော်ပေါင်း ၄ထောင်ကျော်၊ eBooks စာအုပ်ပေါင်း တထောင်ကျော်တို့ကို စုစုပေါင်း ၉၂၅ ဂစ်ဂါဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ 

ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် www.dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com/ တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်။

This is the Dhamma Download Home Page. In this Web Site , you can freely download or listen on-line most of the Dhamma Talks which were given by Myanmar monks over the years. This website is created by a group of Myanmar in Singapore, dedicated to all Buddhist all over the world.


Credit : www.dhammadownload.com

ဗုဒ္ဓဘာသာဝင်တို့အတွက်မြတ်ဗုဒ္ဓ၏တရားတော်များကိုလွယ်လင့်တကူနာယူမှတ်သားနိုင်ရန်အတွက် www.dhammadownload.comကို2002ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီးမြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟော
ကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ်တင်ပြလာခဲ့သည်

လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတွေရဲ့ ကားမှန်တွေကိုလိုက်ခွဲနေတဲ့ မန်းလေးကလူငယ်တစု ဖမ်းခံရပြီ

အပျင်းပြေ ကားမှန်တွေကိုလိုက်ခွဲနေတဲ့ မန်းလေးကလူငယ်တစု ဖမ်းခံရပီ
---------------------------------------------------------------------------------

မန္တလေး မဟာအောင်မြေမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ညက လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတစီး မှန်တွေကို မူးယစ်နေတဲ့ လူငယ်တစ်စုက ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒါဟာ တခြားအကြောင်းကြောင့်မဟုတ်ပဲ လူငယ်သဘာဝမူးယစ်ပြီး အုပ်စုဖွဲ ရမ်းကားတာမျိုးဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်မှာ ၁၂ ဦးရှိခဲ့ပေမယ့် ဖမ်းဆီးရမိချိန်မှာ ၁၁ဦးသာမိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဗေဒါကြီး ကို ဧပြီ(၁)ရက် နံနက်ပိုင်းမှာ သူအိမ်ရှေက ဖမ်းဆီးရမိခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက တာဝန်ကျ ရဲအုပ် စိုးမိုးနိုင်မှပြောပြခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ပြတ်ရှဒဏ်ရာကြောင့် မင်းပိုင်(၁၇) နှစ်ကိုလည်း ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ထားရတယ်လို့ သူကပဲ ပြောပြပါတယ်။ အခုလက်ရှိ သူတို့ကို ဥပဒေပုဒ်မ ၂၉၄(ဆဲဆိုရမ်းကားမှု) ၄၄၀၊ ၅၀၄၊ ၄၂၇၊၁၄၄တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မန္တလေး မဟာအောင်မြေမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ညက လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတစီး မှန်တွေကို မူးယစ်နေတဲ့ လူငယ်တစ်စုက ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

AP နှင့် NHK သတင်းငှာနများအား မြန်မာနိုင်ငံအတွင်း တရားဝင် အခြေစိုက် သတင်းရယူခွင့်ပြု

အစိုးရသစ်လက်ထက် နှစ်နှစ်သက်တမ်းအတွင်း နိုင်ငံခြားသတင်းဌာန နှစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ အခြေစိုက် AP နှင့် ဂျပန်နိုင်ငံ အခြေစိုက် NHK ရုပ်သံတို့အား ပထမဆုံးအဖြစ် မြန်မာနိုင်ငံအတွင်း တရား
ဝင် အခြေစိုက် သတင်းရယူခွင့်ပြုလိုက်ကြောင်း သိရှိရသည်။ AP (Associated Press) သတင်းဌာနအား အမေရိကန်နိုင်ငံတွင် ၁၈၄၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ဖွင့်လှစ်မည့် ရုံးခွဲကိုမူ AP သတင်းဌာနတွင် ၁၉၈၉ ခုနှစ် စတင်ကာ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ 

ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင် ခံစာ တင်သွင်းရက် ထပ်မံရွှေ့ဆိုင်းလိုက်ပြီ

ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင် ခံစာကို မတ်လ (၃၁) ရက်နေ့တွင် တင်သွင်းရန် ရက်သတ်မှတ် ခဲ့သော်လည်း ယခုအခါ ဧပြီလ (၂၃) ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိ ရှိရသည်။ အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အဖွဲ့ဝင် ၂၇ ဦး ဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ တွင် နိုင် ငံတော် သမ္မတရုံးမှ ဖွဲ့စည်း ပေးခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ် ရပ်နားခများ ယနေ့ ဧပြီ ၁ ရက်နေ့မှ စတင်၍ ကောက်ခံတော့မည် မဟုတ်

Monday, April 1, 2013

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင်မော်တော်ယာဉ် ရပ်နားခ ကောက်ခံနေခြင်းများအား ဧပြီ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

အင်းလျားကန်ဘောင်အနီး ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကိုဖမ်းမိ၊ ကိုယ်တိုင်လာရောက် အဖမ်းခံ

အင်းလျားကန်ဘောင်အနီး ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကိုဖမ်းမိ၊ ကိုယ်တိုင်လာရောက် အဖမ်းခံဟုသိရ
ကျူးလွန်သူမောင်းနှင်ခဲ့သည့် ပြိုင်ကားအား မတ်လ ၁၉ ရက်နေ့ က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းက အင်းလျားကန်ဘောင်အနီး ဖြစ်ပွားခဲ့သည့် ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုယ်တိုင်ပင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။
မတ် ၁၇ ရက် ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် ယင်းလူသတ်မှု ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူမှာ နှစ်ပတ်ခန့် ထွက်ပြေး တိမ်းရှောင်နေရာမှ မတ် ၃၁ ရက် ည ၁၀ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်ဟု သိရသည်။
“ကျူးလွန်သူလို့ ယူဆရတဲ့ သူကို ကျွန်တော်တို့ ဖမ်းမိပါပြီ။ မတ် ၃၁ ရက် ည ၁ နာရီခွဲလောက်က သူကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တာပါ” ဟုလှိုင်မြို့နယ် ရဲစခန်း စခန်းမှူး ရဲအုပ်သိန်းဆွေမြင့်က Eleven Media Group သို့ ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ် ၁၇ ရက်၊ ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမကြီးအတိုင်း အေဒီ မီးပွိုင့်ဘက်မှ လှည်းတန်းမီးပွိုင့်ဘက်သို့ မောင်းနှင်လာသော အဖြူပေါ်တွင် အရောင်ဖောက် ထားသည့် ၇ဂ/..... Skyline အမျိုးအစားကားသည် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ IBC ရှေ့အရောက် ‘ဂ’ ချိုးကွေ့ပြီး ကားကို ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် ကားပေါ်မှ ဦး....... (၃၈-နှစ်) သည် ဗိုက်ကိုနှိပ်၍ “ကားမောင်းသူမှ ဓားနှင့်ထိုးသည်” ဟု အော်ဟစ်ဆင်းပြေးလာပြီး သတိလစ် လဲကျသွားခဲ့ရာ ယင်းအချိန်၌ IBC ရှေ့၌ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ သွားရောက်ကြည့်ရှုစဉ် ပြိုင်ကားမှာ အေဒီမီးပွိုင့်ဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။
ယင်းနောက် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်မှ ဒဏ်ရာရ လူနာကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံး သွားခဲ့ကြောင်း၊ ကျူးလွန်သူ မောင်းနှင် ထွက်ပြေးသွားခဲ့သည့် ကားကို မတ် ၁၇ ရက်၊ ည ၁၁ နာရီခန့်က တောင်ဒဂုံမြို့နယ်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထိုနေ့က ဓားနှင့်အထိုး ခံရပြီး သေဆုံးသွားသူ ဦး....... (၃၈-နှစ်) ၏ အိတ်ကပ်ထဲမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား၂၈ ပြား၊ ငွေကျပ်နှစ်သိန်းခန့်၊ MPU ကတ် တစ်ကတ်နှင့် ကားနောက်ဖုံးထဲတွင် ဘိန်းဖြူ ၂ ဒသမ ၅ ဂရမ် တွေ့ရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ဖြစ်စဉ်အပေါ် လှိုင်မြို့နယ် ရဲစခန်း မှ (ပ) ၉၈/၂၀၁၃၊ ပုဒ်မ ၃၀၂ နှင့် မူးယစ်ဆေးဝါး တွေ့ရှိမှုအပေါ် မူးယစ် (ပ)၁/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၉/(ဂ)၂၀(က)ဖြင့် အမှုဖွင့် အရေးယူထားသည်။
Eleven Media Group
ကျူးလွန်သူမောင်းနှင်ခဲ့သည့် ပြိုင်ကားအား မတ်လ ၁၉ ရက်နေ့ က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းက အင်းလျားကန်ဘောင်အနီး ဖြစ်ပွားခဲ့သည့် ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုယ်တိုင်ပင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။
မတ် ၁၇ ရက် ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့်

အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ

အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ
Monday, April 1, 2013 

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက်လာပါပြီ။

မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကားလိုင်းတွေလည်း ပိတ်တတ်တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

ဒီနှစ်မှာလည်း April လ ၁ ရက်နေ့ပဲ ရှိပါသေးတယ်။ ဧပြီလ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေက မရှိတော့ဘူးလို့ အဝေးပြေး ကားဂိတ်တွေက ပြိုင်တူ တညီတညွှတ်ထဲ ဇာတ်တိုက်ထားသလို ပြောလာကြပါတယ်။

တကယ်လက်မှတ်ကုန်သွားတာမျိုး မဟုတ်ဘဲနဲ့ မှောင်ခိုဈေးကွက်တစ်ခု ဖြစ်လာအောင် အဝေးပြေးလိုင်းကားတွေ ဖန်တီးကြခြင်းသာ ဖြစ်တယ်လို့ အိမ်ပြန်နေကျ ပြည်သူတွေက ပြောပြကြတယ်။

`အဝေးပြေးကားတွေက အဲလိုပဲ ဒီရက်မှာ မေးတဲ့ သူတိုင်းကို လက်မှတ်တွေကုန်ပြီ မရှိတော့ဘူးလို့ ပြောတယ်၊ ပြီးတော့ မဖြစ်မနေ ပြန်ချင်တဲ့ သူတွေကို လက်မှတ်ခတွေ ၅ ဆလောက် တက်ပြီး ရောင်းတယ်၊ အိမ်ပြန်ချင်တော့ ပေးရတာပဲ၊ ကျနော် ဆိုရင် လစာ ၅ ငါးသောင်းကျော်ပဲ ရတယ်၊ မနှစ်ကလည်း အမေနဲ့ တွေ့ချင်လို့ အိမ်ပြန်တာ ကားခနဲ့တင် လစာ ကုန်လို့ အမေ့အတွက် မုန့်တစ်ထုပ်တောင် မ၀ယ်နိုင်ခဲ့ဘူး `လို့ လှိုင်သာယာ စက်မှု ဇုံ ၂ ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံဝန်ထမ်းလေးတစ်ဦးက ပြောပြခဲ့တယ်။

သူ့လိုပဲ အစိုးရ၀န်ထမ်းတဦးကလည်း ခုလေးတင် မြတ်မန္တလာထွန်း၊ ရွှေမန္တလာထွန်း၊ ရွှေမျှား ၊ အောင်စင်္ကြာ စတဲ့ အဝေးပြေးကားတွေကလည်း ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်ပြီလို့ ပြောပါတယ်။

`ကျမက လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့လောက်ကတည်းက ကားလက်မှတ်မှာတော့ ဧပြီလ ၁ ရက်နေ့မှ စမှာပါလို့ ပြောတယ်၊ ဒီမနက် အစောကြီးကတည်းကပဲ ကားလက်မှတ် ၀ယ်တော့ ကုန်ပြီလို့ ပြောတယ်၊ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး သူတို့တွေ ကားလက်မှတ်ခတွေ တက်ချင်လို့ လုပ်နေကြတာ ၊ မနှစ်ကလည်း အဲလိုပဲ ကျမတို့ လက်မှတ်လိုချင်လို့ တစောင်ကို ကျပ် ၄ သောင်း ဈေးနဲ့ ပေးဝယ်ခဲ့ရတယ်`ဟု သူမက ပြောပါတယ်။

ခုလိုပဲ အဝေးပြေးလိုင်းကားတွေက လုပ်နေကြလို့ ပြည်သူတွေက ပြောကြတယ်။ထုံးစံအတိုင်း သင်္ကြန်မတိုင်ခင်မှာကတည်းက အဝေးပြေးကားတွေက ပုံမှန်ယူနေကြ ဈေးနှုန်းတွေထက် ၃ ဆ လောက်ထိ မြှင့်တင်ပြီး ကားလက်မှတ်တွေ ရောင်းချကြပါတယ်။ ပုံမှန် ၁၂၀၀၀ကျပ် တစ်သောင်း နှစ်ထောင်း ကားလက်မှတ်ခ ပေးရတာက ဒီလို သင်္ကြန်မတိုင်ခင်ရက်တွေမှာတော့ ကျပ် သုံးသောင်းကနေ ကျပ် ၅ သောင်းအထိ ဈေးမြှင့်ရောင်းချနေကြတာကိုလည်း နှစ်တိုင်း တွေ့မြင်ခဲ့ရတာပါပဲ။

အိမ်ပြန်ချင်ရှာတဲ့သူတွေ မိဘနဲ့ တွေ့ချင်ရှာတဲ့ သူတွေကတော့ သူတို့ရဲ့ ချွေးနည်းစားနဲ့ ဘယ်လောက်တောင်းတောင်း မျက်စိမှိတ်လို့ ပေးကြရ တာပါပဲ။

မြတ်မန္တလာထွန်းကားဂိတ်ရဲ့ အရောင်းကိုယ်စားလှယ်တဦးဖြစ်တဲ့ မထက်ထက်က `ဟုတ်တယ်၊ ဒီနေ့မနက်မှာပဲ လာဝယ်တဲ့သူများလွန်းလို့ ကုန်သွားပြီ၊ ဧပြီ ၁၂ ရက်နေ့ထိ ကုန်ပြီ၊ မကျေနပ်လို့ တိုင်ချင်လည်း တိုင်ပေါ့ အဲလို ဟိုတိုင်မယ် ဒီတိုင်မယ် ပြောကြတာပဲ ဘာမှလည်း တတ်နိုင်ကြတာ မဟုတ်ဘူး`လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီလို သင်္ကြန်ရက်မှ အိမ်ပြန်နိုင်သူတွေကို ခုလိုမျိုး အဝေးပြေးကားဂိတ်တွေက ပြည်သူတွေအပေါ် အမြတ်ထုတ်နေတာ နှစ်တိုင်း လိုလိုဖြစ်နေပါပြီ။

အဝေးပြေးကားလိုင်းတွေက ပြည်သူအပေါ် ခုလို အနိုင်ကျင့် အမြတ်ထုတ်လိုမှုတွေကို ပြည်သူတွေက အမြဲသည်းခံခဲ့ကြရတာပဲလား။

ဒီလို ပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို တာဝန်ရှိသူတွေ ဘယ်သူတွေကမှ ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူးလား။

ဒီအဝေးပြေးလိုင်းကားတွေ မှန်မှန်ကန်ကန်ဖြစ်ရေးအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။

လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ရှိသလား။
မထသ မှာ တာဝန်ရှိသလား။ အရင်တုန်းကတော့ ကုန်လမ်းပို့ဆောင်ရေးမှာ တာဝန်ရှိတယ်။

ခုလို လက်မှတ်တွေကို မှောင်ခိုဈေးဖြစ်အောင် ဖန်တီးနေတဲ ကိစ္စတွေကို စီစစ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။

ခုလို ပြည်သူတွေအပေါ် သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေထက် ပိုရောင်းတဲ့ လိုင်းကားတွေကို ဘယ်လို အရေးယူကြမလဲ။

ဘာပဲဖြစ်ဖြစ် ဒီလို အဝေးပြေးကားတွေ ပြည်သူကို အနိုင်ကျင့်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတွေ ဘယ်သူတွေ ဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ကဲ….လက်ရှိတာဝန်ရှိသူတွေ အနေနဲ့ အဝေးပြေးလိုင်းကားတွေရဲ့အမြတ်ထုတ်လိုမှုနဲ့ စိန်ခေါ်ချက်ကို ပြည်သူတွေဘက် ရပ်တည်ဖြေရှင်းမလား၊
အဝေးပြေးလိုင်းကားတွေဘက်ကနေ ရပ်တည်နေမလား
ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

Monday, April 1, 2013

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက်လာပါပြီ။ မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကားလိုင်းတွေလည်း ပိတ်တတ်တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအဖွဲ့ဌာနချုပ်မှအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက် ထုတ်ပြန်

လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေများနှင့်ပတ်သက်ပြီး
မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအဖွဲ့ဌာနချုပ်မှ ယနေ့ကျင်းပသော
အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်။

လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအ
ဖွဲ့ဌာနချုပ်မှ ယနေ့ကျင်းပသော အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေငြာလိုက်ကြောင်း
သတင်းရရှိပါသည်။

4G ကွန်ရက်စနစ် အဆင့် မြှင့်တင်မှု ဂျပန် နိုင်ငံမှ ကူညီမည်

မြန်မာ နိုင်ငံတွင် လက်ရှိ အသုံးပြုနေသော 3G ကွန်ရက် မိုဘိုင်းလ်ဖုန်းများအား4G ကွန်ရက်စနစ်ဖြင့်အဆင့်
မြှင့် တင်နိုင်ရန် ဂျပန်နိုင်ငံမှ ကူညီ ထောက်ပံ့မှုဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
မိုဘိုင်းလ် ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောကြားသည်။

ပုဂ္ဂလိက သတင်းစာ ၄ စောင် စတင်ထုတ်ဝေ

ပုဂ္ဂလိက သတင်းစာ ၄ စောင် စတင်ထုတ်ဝေ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရာကနေ ဒီနေ့ဧပြီလ ၁ ရက်နေ့ကစပြီး နေ့စဉ်သတင်းစာ ၄ စောင်ကို စတင်ထုတ်ဝေကြပြီဖြစ်ပါတယ်။ 

The Voice နေ့စဉ်၊ ပြည်ထောင်စု နေ့စဉ် ၊ စံတော်ချိန် နေ့စဉ်နဲ့ ရွှေနိုင်ငံသစ် နေ့စဉ် သတင်းစာတွေကို ဒီနေ့စတင် ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ The Voice ကတော့ အရင်အပတ်စဉ်ဂျာနယ် ထုတ်ဝေနေတာဖြစ်ပြီး ပြည်ထောင်စု နေ့စဉ် သတင်းစာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ထုတ်ဝေတာလို့ ပြောကြပါတယ်။ ဒါ့အပြင် စံတော်ချိန် နေ့စဉ် သတင်းစာက ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Three Friends Company က ထုတ်ဝေတာဖြစ်သလို ရွှေနိုင်ငံသစ် နေ့စဉ် သတင်းစာက ရွှေနိုင်ငံ ပုံနှိပ်ထုတ်ဝေရေးက ထုတ်ဝေတာလို့ သိရပါတယ်။  

သတင်းစာလွတ်လပ်ခွင့် ရရှိလာတာနဲ့ တပြိုင်နက် အခက်အခဲတွေလည်း တပြိုင်နက်တည်း ရင်ဆိုင်နေရသလို နေ့စဉ်ထုတ်ဝေရတာဖြစ်တဲ့အတွက် အရည်အသွေးပိုင်းနဲ့ ဈေးကွက် နေရာရယူဖို့ အခက်အခဲရှိတယ်လို့ ထုတ်ဝေသူတချို့က ပြောပါတယ်။ 

စတင်ထုတ်ဝေတဲ့ ဒီနေ့မှာ ၀ယ်ယူဖတ်ရှုသူတွေများတာကြောင့် နာရီပိုင်းအတွင်းမှာပဲ သတင်းစာတွေ ရောင်းကုန်သွားတယ်လို့လည်း ပြောကြပါတယ်။ 

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ၁၉၆၄ ခုနှစ်က စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပုဂ္ဂလိက သတင်းစာ ၁၆ စောင် စတင်ထုတ်ဝေခွင့် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေတဲ့ ဒီလှိုင်းသတင်းစာနဲ့ တခြားခွင့်ပြုချက်ရထားပြီးသား သတင်းစာတွေကတော့ ဖြန့်ဖြူးရေးနဲ့ တခြားအခက်အခဲတွေကြောင့် အချိန်ကြန့်ကြာဦးမယ်လို့ သိရပါတယ်။ 
လာမယ့် နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၆ ရက်နေ့မှာ (၇) ရက် နေ့စဉ် သတင်းစာနဲ့ မေလ ၃ရက်နေ့မှာ The Daily Eleven နေ့စဉ်သတင်းစာတွေ ထွက်ရှိလာဖို့ရှိတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရာကနေ ဒီနေ့ဧပြီလ ၁ ရက်နေ့ကစပြီး နေ့စဉ်သတင်းစာ ၄ စောင်ကို စတင်ထုတ်ဝေကြပြီဖြစ်ပါတယ်။

အမေရိကန် လေတပ်မှ F-22 Raptor ကိုယ်ပျောက် တိုက်လေယာဉ်များအား တောင်ကိုရီးယားသို့ စေလွှတ်

အမေရိကန် လေတပ်မှ F-22 Raptor ကိုယ်ပျောက် တိုက်လေယာဉ်များအား တောင်ကိုရီးယားသို့ စေလွှတ်

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ အဆိုအရ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု Operation Foal Eagle တွင် ပါဝင်ဆင်နွှဲရန် ကမ္ဘာ့ နည်းပညာအမြင့်ဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် F-22 Raptor များအား တောင်ကိုရီးယားသို့ တနင်္ဂနွေနေ့တွင် စေလွှတ်ခဲ့သည်ဟု သိရှိရသည်။

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အချိန်နှင့် တိုက်ဆိုင်ပြီး F-22 Raptor များအား တောင်ကိုရီးယားရှိ အမေရိကန် လေတပ်စခန်းသို့ စေလွှတ် ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် စစ်ဌာနချုပ်ကမူ အဆိုပါ တိုက်လေယာဉ်များအား Operation Foal Eagle တွင် ပါဝင်ရန်သက်သက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဤ တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုအား နှစ်စဉ်ပြုလုပ်ပြီး ၁၉၅၃ ကိုရီးယားစစ်ပွဲ အပြီးတွငှ် စတင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်ခ်ျလအတွင်းမှ စတင်ကာ မြောက်ကိုရီးယားမှ တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့အား ရာဇသံများ တစ်ခုပြီးတစ်ခုပေးကာ စစ်ရေးအရ ခြိမ်းခြောက်နေပြီး လွန်ခဲ့သည့် မတ်ခ်ျလ ၁၁ ရက်နေ့တွင် တောင်-မြောက်ကိုရီးယား အပြစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် သောကြာနေ့တွင်မူ မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံများနှင့် စစ်ပွဲကာလာအတွင်းသို့ ဝင်ရောက်ခဲ့ပြီဟု ကြေညာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် စစ်စခန်းများအား ဒုံးလက်နက်များနှင့် ပစ်ခတ်တိုက်ခိုက် သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြန်သည်။

အမေရိကန်နိုင်ငံ အနေဖြင့်လည်း မဟာမိတ်ဖြစ်သူ တောင်ကိုရီးယားအား စစ်ဖြစ်ပွားပါက အပြည့်အဝ ထောက်ပံကူညီ သွားမည်ကို သက်သေပြသည့် အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်ကြီးများအား မစ်ဇူရီပြည်နယ် လေတပ်စခန်းမှ တောင်ကိုရီးယားနိုင်ငံသို့ မိုင် ၆၀၀၀ ကျော် အသွား-အပြန် ခရီးအား စေလွှတ်ပြီး အင်အားပြသခဲ့သည်။
Myanmar Consumer Guide

Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Zaw Mintun Zawmintun << Thank

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ အဆိုအရ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး
လေ့ကျင့်မှု Operation Foal Eagle တွင် ပါဝင်ဆင်နွှဲရန် ကမ္ဘာ့ နည်းပညာအမြင့်ဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် F-22 Raptor များအား တောင်ကိုရီးယားသို့ တနင်္ဂနွေနေ့တွင် စေလွှတ်ခဲ့သည်
ဟု သိရှိရသည်။

စင်ကာပူရှိ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဧပြီလ ၁ ရက် ၂၀၁၃

စင်ကာပူနိုင်ငံရှိ မြန်မာများ အများဆုံး သွားရောက်လေ့ရှိပြီး မြန်မာစားသောက်ဆိုင်နှင့် မြန်မာလူသုံးကုန်ု ပစ္စည်းဆိုင် အများအပြားရှိရာ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဖခင်ဆီက ပိုးရခဲ့တဲ့ ချစ်သုဝေ”