Pages

Monday, April 1, 2013

နယူးဇီလန် ကမ်းလွန်တွင် လေယာဉ်တစ်စင်း ပျက်ကျ လူနှစ်ဦး ပျောက်ဆုံးလျက် ရှိ

ဝါရှင်တန် မတ် ၃၁
နယူးဇီလန် မြောက်ပိုင်း ဝိုင်ကာတို အရပ်ဒေသရှိ Kawhia ကမ်းလွန် ပင်လယ်ပြင်တွင် မတ် ၃ဝ ရက်က အပေါ့စား လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ နှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။ အင်ဂျင် နှစ်လုံးတပ် Beechcraft Baron လေယာဉ်သည် မတ် ၃ဝ ရက်မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ တွင် အာ့ဒ် မောဒေသမှ ကန်တာဘာရီ ဒေသရှိ တီမာရူ ဆိပ်ကမ်းမြို့သို့ ဦးတည် ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည် ဟုနယူးဇီလန် အသံလွှင့် ဌာနက ထုတ်ပြန်ထားသည်။

လေယာဉ် အပျက်အစီး များနှင့် ရေနံ ဖိတ်စင်မှု တစ်ခုကို ဂန်းနတ်ကျွန်း အနီး Kawhia ဆိပ်ကမ်း အဝင်၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂ဝ အကွာတွင် တွေ့ရှိခဲ့ပြီး ယခုအခါ ပျောက်ဆုံးနေသူ များအား ကမ်းခြေစောင့် တပ်ဖွဲ့က ပင်လယ်ပြင်တွင် ရှာဖွေလျက် ရှိကြောင်း သိရသည်။

မြ၀တီ
, Rangonnewsdaily
RND:1.4.2013

0 comments:

Post a Comment

 
world time