Pages

Monday, April 1, 2013

ရထားတိုက်မိမှုများကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်၊ ဧပြီ ၁

၃၀-၃-၂၀၁၃ ရက်နေ့ ၂၁၂၅ အချိန် အမှတ်(၇၀)အစုန် သာရဝေါ-ကြည့်မြင်တိုင် လူစီးအမြန်ရထားသည် ရန်ကုန်တိုင်းဒေသကြီး၊မှာ်ဘီမြို့နယ်၊မိုင်တိုင်အမှတ်(၂၉/၁၁-၁၂)ကြား ၀ါးနက်ချောင်းဘူတာအထွက်တွင် မြန်မာ့မီးရထားဌာနမှ ၀ါးနက်ချောင်းဘူတာဝင်းနေ ရထားသံလမ်းကူး ဂိတ်တာဝန်ကျဝန်ထမ်းဖြစ်သူ မြတ်အောင်စိုး(၃၂)နှစ်မှ ရထားအား လမ်းရှင်းလင်းကြောင်း မီးအချက်ပြ၍ လှမ်းခေါ်စဉ် ရထားစက်ခေါင်းဖြင့်တိုက်မိခဲ့သည်။ 
အခင်းဖြစ်နေရာသို့ ရထားလုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ ၀ါးနက်ချောင်းရဲကင်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ မြတ်အောင်စိုးအား ယာလက်ကောက်ဝတ်ပြတ်ဒဏ်ရာ၊ ယာခြေသလုံးထိုးခွဲဒဏ်ရာ၊ ၀ဲပေါင်းရင်းပြတ်ဒဏ်ရာများဖြင့် တွေ့ရှိရ၍ ၀ါးနက်ချောင်းတိုက်နယ်ဆေးရုံမှတစ်ဆင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွား သောကြောင့် မှော်ဘီရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၂/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် အဆိုပါနေ့ ၂၂၃၀ အချိန် အမှတ်(၆၁)အဆန် ရန်ကုန်-ပုဂံ လူစီးရထားသည် ပြည်မြို့နယ်၊ သဲကုန်းဘူတာနှင့်ဆင်မြီးဆွဲဘူတာကြား မိုင်တိုင်အမှတ်(၁၄၅/၂၁-၂၂)ကြား၊ တောင်မဲကြီးရွာ၊ တောင်မဲကြီးဂိတ်အရောက်တွင် ရထားသံလမ်းပေါ်၌အိပ်နေသော အမျိုးသား(၁)ဦးအား ရထားစက်ခေါင်း ဖြင့် တိုက်မိခဲ့သည်။ 
အခင်းဖြစ်နေရာသို့ ရထားလုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ဆင်မြီးဆွဲရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ရထားတိုက်မိသူမှာ နက်ပြာရောင်ဘောင်းဘီရှည်၊ နက်ပြာရောင် အင်္ကျီဝတ်ဆင်ထားသည့် အသက်(၄၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသား(၁)ဦးဖြစ်ပြီး ဦးခေါင်းကြေမွ ဒဏ်ရာ၊ လက်နှစ်ဘက်ပြတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အလောင်းအား ဆင်မြီးဆွဲတိုက်နယ်ဆေးရုံသို့ပို့အပ်ပြီး ဆင်မြီးဆွဲရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 ရဲဇာနည်, Rangonnewsdaily
RND:1.4.2013

0 comments:

Post a Comment