![]() |
သတင်း နှင့် ဓါတ်ပုံ - ကိုမင်းဇေယျာ |
ရန်ကုန်မြို့တွင် ၉၆၉ အကြမ်းဖက် ဂိုဏ်းသား အချို့သည် ပြည်သူ့ရဲ
ဆိုင်ကယ်များကို အသုံးပြုပြီး ၉၆၉ တရားခွေများ စတေကာများ လိုက်လံ ဝေငှ
လျက်ရှိကြောင်းသတင်းရရှိပါသည်။ လွန်ခဲ့သည် မတ်လ၂၉ ရက်
သောကြာနေ့က ရန်ကုန်မြို့ မြယာကုန်းလမ်း ဗလီ အရှေ့ရှိ ရွှေလဘက်ရည်ဆိုင်
အရှေ့တွင် ရပ်ထားသော မော်တော်ဆိုင်ကယ် အားမောင်းနှင် သူမှာ
ပြည်သူ့ရဲတပ်ဖွဲ့ဝင် တစ်ဦးမဟုတ်ပဲ ဒေါပုံဖက်က လူမိုက်အောင်ကိုဦး
ဆိုသူဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်သည် သာကေတမြို့နယ် တစ်ဝိုက် မွတ်စလင်မ်
မုန်းတီးရေး ၀ါဒဖြန့်သူများအနက်တစ်ဦးဖြစ်ကြောင်း သာကေတ အစ္စလာမ် စာသင်ကျောင်း ဖျက်ဆီးမှုတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း မျက်မြင်များက သတင်းပေးပို့ ပါသည်။
အဆိုပါကဲ့သို့ နိုင်ငံတော် တရားဥပဒေ စိုးမိုးရေးအား တာဝန်ယူထားသော ပြည်သူရဲ များ ၏ ဆိုင်ကယ်များတွင် အစွန်းရောက်အဖွဲ့ အစည်းတစ်ရပ်၏ စတေကာများကို ကပ်ထားခြင်းကြောင့် ပြည်သူများ စိုးရိမ်မှုများ တိုးပွားလာခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ အပေါ်အယုံအကြည်များ ပိုမိုလျော့နည်း လာနိုင်ကြောင်း၊
ပြည်သူ့ရဲ တပ်ဖွဲ့ အနေဖြင့် အုပ်စု တစ်စု၏ အသုံးချခံ
မဖြစ်သင့်ကြောင်းနိုင်ငံသားအားလုံး၏
အသက်အိုးအိမ် စည်းစိမ်များကို အကာအကွယ် ပေးရမည့် အဖွဲ့ အစည်းတစ်ရပ်အဖြစ်
ပိုမိုပီပြင်လာစေရေးအတွက် အထူးလိုအပ်လျက်ရှိကြောင်း မြယာကုန်းလမ်းရှိ ပြည်သူတစ်ဦးမှ `အခု ဒီမှာ
ဒုက္ခသည်တွေ ရောက်နေတယ်လေ ...
ဒီရဲဆိုင်ကယ်ကြီးက ၉၆၉
တံဆိပ်ကြီးတပ်ပြီး အရှေ့တည့်တည့်က လာရပ်ထားတယ် .... သာကေတက ကျွန်တော့်
မိတ်ဆွေက ပြောပြတယ် ဒီလူက သာကေတလူမိုက်တဲ့ ဘာဖြစ်လို့
ရဲဆိုင်ကယ်ကြီးစီးလာလဲ မသိဘူး ....
ဒီလိုဆိုယင် ကျွန်တော်တို့ ဘယ်သူ့ကို
အားကိုးရမလဲ ... ရဲက လည်း ၉၆၉ တံဆိပ်နဲ့ ကျွန်တော်တို့ အိမ်တွေကို
လာဖျက်တဲ့ သူတွေကလဲ ဒီလူတွေပဲ ဆိုတော့ ..... ဒုက္ခပဲပေါ့ ဟု
myanmarmuslim.net သို့ပြောကြားခဲ့ပါသည်။
Myanmar Muslim.Net, Rangonnewsdaily
RND:1.4.2013




0 comments:
Post a Comment