Pages

Monday, April 1, 2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ရှိ မောင်းမကန် ကမ်းခြေ ဧည့်သည် အ၀င်များလျက်ရှိပြီး တည်းခိုရန်နေရာ အခက်အခဲ ကြုံတွေ့နေ

မောင်းမကန်ကမ်းခြေသို့ ဧည့်သည် အ၀င်များလျက်ရှိပြီး တည်းခိုရန်နေရာ အခက်အခဲ ကြုံတွေ့နေ

Monday, 01 April 2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ရှိ မောင်းမကန် ကမ်းခြေသို့ ခရီးသွား
ဧည့်သည် ၀င်ရောက်မှု ပိုမိုများပြားလာပြီး စနေ၊ တနင်္ဂနွေ အားလပ်ရက်
များအပြင် ကျန်ရက်များတွင်ပါ နယ်ဝေးနှင့် ဘုရားဖူးအဖွဲ့များ လာရောက်မှု ရှိနေကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ နှစ်ကစပြီး ကမ်းခြေကို လာတဲ့ခရီးသည်တွေ သိသိသာသာ တိုးလာတယ်။ ဒီနှစ်မှာတော့ အများ ဆုံးပါပဲ။ မြန်မာနိုင်ငံအနှံ့ကလာတဲ့ ခရီးသွားတွေ ပါဝင်လာတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ချင်းပြည်နယ် ဘက်က ခရီးသည်တွေ မှန်လုံကား သုံးစီးနဲ့ ကမ်းခြေကို လာတယ်။ ရန်ကုန်ဘက်က ဘုရားဖူးအဖွဲ့တွေလည်း လာတာရှိတယ်။ တချို့က မိသားစုအလိုက် ကားနဲ့လာတာ ရှိသလို အဖွဲ့လိုက် လာတာတွေလည်း ရှိတယ်။ နိုင်ငံခြားသားတွေလာတာလည်း ပိုများလာတယ်။ အခုနောက်ပိုင်း ရန်ကုန်-ထားဝယ်လမ်းက ကောင်းလာတော့ ခရီးသည်တွေပို ၀င်လာတာပါ။ နောက်ပိုင်းဒီထက် ခရီးသည်တွေ ပိုဝင်လာနိုင်တယ်” ဟုကမ်းခြေရှိ ဈေးဆိုင်ရောင်းချသူ တစ်ဦးမှ ပြောကြားခဲ့သည်။

မောင်းမကန် ကမ်းခြေသို့ ခရီးသွားများ ၀င်ရောက်မှု တိုးတက်လာသော်
လည်း ကမ်းခြေတွင် တည်းခိုရန် နေရာမလုံလောက်မှုကြောင့် ခရီးသွားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ရလျက်ရှိပြီး ထားဝယ်မြို့ ပေါ်တွင်သာ သွားရောက်အိပ်စက် ရလေ့ရှိကြောင်း ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။

“ဒီကမ်းခြေမှာ အဓိကပြဿနာ တစ်ခုက တည်းခိုဖို့နေရာ မလုံလောက်
တာဘဲ။ ဘန်ဂလိုတွေတော့ ရှိတယ်။ ဒါပေမယ့် ခရီးသည် အ၀င်များတဲ့
နေ့ဆိုရင် တည်းခိုဖို့ အားလုံးဒုက္ခရောက်တာ များတယ်။ ဘန်ဂလိုကလည်း အုပ်စုဖွဲ့လာသူတွေ အတွက်ပဲ အဆင်ပြေတယ်။ သီးသန့်အခန်းနဲ့ မဟုတ်တော့ ငှားရမ်းရတာ အဆင်မပြေမှုတွေ ကြုံရလေ့ ရှိပါတယ်။ တချို့ ခရီးသည်တွေက နေ၀င်ချိန်ကို ကြည့်ပြီး အေးအေးဆေးဆေး
နေချင်ပေမယ့် အခန်းမရှိတော့ မြို့ပေါ်က တည်းခိုခန်းမှာ ပြန်အိပ်ရလေ့ ရှိပါတယ်။ ကမ်းခြေမှာ ဘန်ဂလိုက ၁၀ လုံး လောက်တော့ရှိတယ်။ ကမ်းခြေမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေရှိရင်တော့ ဒီထက်ပို အဆင်ပြေမယ်။ အခုလက်ရှိ အနေအထားက ကမ်းစပ်တစ်လျှောက်မှာ
ဈေးဆိုင်တွေ အများကြီးရှိတယ်ဆိုတော့ စားသောက်ဖို့တော့ အဆင်ပြေကြ
ပါတယ်” ဟု ယင်းကမ်းခြေရှိ ဈေးဆိုင်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

မောင်းမကန်ကမ်းခြေသည် ထားဝယ်မြို့ မှ အနောက်ဘက် ၉ မိုင် အကွာတွင် တည်ရှိပြီး ဆိုင်ကယ် (သို့မဟုတ်) ကားဖြင့် မိနစ် ၃၀ ခန့် စီးနင်းရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထားဝယ်အခြေစိုက် ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု အများပိုင် ကုမ္ပဏီ (DDPC) မှ မောင်းမကန် ကမ်းခြေတွင် ဟိုတယ်ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပြီး စီးပွားရေ လုပ်ငန်းရှင် အများစုကလည်း အဆိုပါ ကမ်းခြေတစ်လျှောက်တွင် ဟိုတယ်များ ဆောက်လုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

eleven media group

Monday, 01 April 2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ရှိ မောင်းမကန် ကမ်းခြေသို့ ခရီးသွား ဧည့်သည် ၀င်ရောက်မှု ပိုမိုများပြားလာပြီး စနေ၊ တနင်္ဂနွေ အားလပ်ရက် များအပြင် ကျန်ရက်များတွင်ပါ နယ်ဝေးနှင့် ဘုရားဖူးအဖွဲ့များ လာရောက်မှု ရှိနေကြောင်း သိရှိရသည်။ “ပြီးခဲ့တဲ့ နှစ်ကစပြီး ကမ်းခြေကို လာတဲ့ခရီးသည်တွေ သိသိသာသာ တိုးလာတယ်။ ဒီနှစ်မှာတော့ အများ ဆုံးပါပဲ။ မြန်မာနိုင်ငံအနှံ့ကလာတဲ့ ခရီးသွားတွေ ပါဝင်လာတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ချင်းပြည်နယ် ဘက်က ခရီးသည်တွေ မှန်လုံကား သုံးစီးနဲ့ ကမ်းခြေကို လာတယ်။ 
 
ရန်ကုန်ဘက်က ဘုရားဖူးအဖွဲ့တွေလည်း လာတာရှိတယ်။ တချို့က မိသားစုအလိုက် ကားနဲ့လာတာ ရှိသလို အဖွဲ့လိုက် လာတာတွေလည်း ရှိတယ်။ နိုင်ငံခြားသားတွေလာတာလည်း ပိုများလာတယ်။ အခုနောက်ပိုင်း ရန်ကုန်-ထားဝယ်လမ်းက ကောင်းလာတော့ ခရီးသည်တွေပို ၀င်လာတာပါ။ နောက်ပိုင်းဒီထက် ခရီးသည်တွေ ပိုဝင်လာနိုင်တယ်” ဟုကမ်းခြေရှိ ဈေးဆိုင်ရောင်းချသူ တစ်ဦးမှ ပြောကြားခဲ့သည်။

မောင်းမကန် ကမ်းခြေသို့ ခရီးသွားများ ၀င်ရောက်မှု တိုးတက်လာသော် လည်း ကမ်းခြေတွင် တည်းခိုရန် နေရာမလုံလောက်မှုကြောင့် ခရီးသွားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ရလျက်ရှိပြီး ထားဝယ်မြို့ ပေါ်တွင်သာ သွားရောက်အိပ်စက် ရလေ့ရှိကြောင်း ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။

“ဒီကမ်းခြေမှာ အဓိကပြဿနာ တစ်ခုက တည်းခိုဖို့နေရာ မလုံလောက် တာဘဲ။ ဘန်ဂလိုတွေတော့ ရှိတယ်။ ဒါပေမယ့် ခရီးသည် အ၀င်များတဲ့ နေ့ဆိုရင် တည်းခိုဖို့ အားလုံးဒုက္ခရောက်တာ များတယ်။ ဘန်ဂလိုကလည်း အုပ်စုဖွဲ့လာသူတွေ အတွက်ပဲ အဆင်ပြေတယ်။ သီးသန့်အခန်းနဲ့ မဟုတ်တော့ ငှားရမ်းရတာ အဆင်မပြေမှုတွေ ကြုံရလေ့ ရှိပါတယ်။ တချို့ ခရီးသည်တွေက နေ၀င်ချိန်ကို ကြည့်ပြီး အေးအေးဆေးဆေး
နေချင်ပေမယ့် အခန်းမရှိတော့ မြို့ပေါ်က တည်းခိုခန်းမှာ ပြန်အိပ်ရလေ့ ရှိပါတယ်။ 
 
ကမ်းခြေမှာ ဘန်ဂလိုက ၁၀ လုံး လောက်တော့ရှိတယ်။ ကမ်းခြေမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေရှိရင်တော့ ဒီထက်ပို အဆင်ပြေမယ်။ အခုလက်ရှိ အနေအထားက ကမ်းစပ်တစ်လျှောက်မှာ
ဈေးဆိုင်တွေ အများကြီးရှိတယ်ဆိုတော့ စားသောက်ဖို့တော့ အဆင်ပြေကြ ပါတယ်” ဟု ယင်းကမ်းခြေရှိ ဈေးဆိုင်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

မောင်းမကန်ကမ်းခြေသည် ထားဝယ်မြို့ မှ အနောက်ဘက် ၉ မိုင် အကွာတွင် တည်ရှိပြီး ဆိုင်ကယ် (သို့မဟုတ်) ကားဖြင့် မိနစ် ၃၀ ခန့် စီးနင်းရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထားဝယ်အခြေစိုက် ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု အများပိုင် ကုမ္ပဏီ (DDPC) မှ မောင်းမကန် ကမ်းခြေတွင် ဟိုတယ်ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပြီး စီးပွားရေ လုပ်ငန်းရှင် အများစုကလည်း အဆိုပါ ကမ်းခြေတစ်လျှောက်တွင် ဟိုတယ်များ ဆောက်လုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

Eleven media group, Rangonnewsdaily
RND:1.4.2013

0 comments:

Post a Comment