2013-03-31
နယ်စပ်ဒေသရောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က
အဖွဲ့ဝင် ၆ ယောက်ဟာ ခရီးစဉ် နောက်ဆုံးနေ့အဖြစ် တရုတ်မြန်မာနယ်စပ်မှာရှိတဲ့
ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်စခန်းတွေကို စနေနေ့ မနေ့က အကူအညီတွေ သွားရောက်
ပေးအပ်ခဲ့ပါတယ်။ မတ်လ ကုန်ပိုင်းကမှာစတင်ပြီး တရုတ်မြန်မာနယ်စပ် ကိုရောက်ရှိနေတဲ့ ဗကသ ကျောင်းသား အဖွဲ့ဝင်တွေဟာ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေကို
သွားရောက်ကူညီခဲ့သလို ကျောင်းတက်ခွင့် မရတဲ့ ကေအိုင်အို ဒေသအတွင်းရှိ
ကျောင်းသူကျောင်းသားတွေအရေးနဲ့ ပတ်သက်ပြီး လေ့လာဆွေးနွေးခဲ့ကြတယ်လို့
အဖွဲ့ရဲ့ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို
ပြောပါတယ်။
" ခုဆိုရင် မန်ဝိန်ကြီးကျေးရွာက ဖာသာခါးလီ
စောင့်ရှောက်ထားတဲ့ အိုင်ဒီပီ ကမ့်တွေပေါ့ အဲဒီ ဘေးပတ်ဝန်းကျင် ရွာက
အများကြီးပဲလာတာဆိုတော့ အားလုံးပေါင်း အယောက် ၃၀၀၀ ကျော်လောက် ရှိတယ်၊ အဲဒါ
ကျနော်တို့ အ၀တ်ထုတ် ၃ ပေ ၄ ပေရှိတဲ့ ဆာလာအိတ်တွေနဲ့ အထုတ်ပေါင်း ၅၀
ကျော် လှူဒါန်းခဲ့တယ် နောက် အလှူငွေ ၃သိန်းလှူဒါန်းခဲ့တယ်၊
" ခုဆိုရင် မန်ဝိန်ကြီးကျေးရွာက ဖာသာခါးလီ စောင့်ရှောက်ထားတဲ့ အိုင်ဒီပီ ကမ့်တွေပေါ့ အဲဒီ ဘေးပတ်ဝန်းကျင် ရွာက အများကြီးပဲလာတာဆိုတော့ အားလုံးပေါင်း အယောက် ၃၀၀၀ ကျော်လောက် ရှိတယ်၊ အဲဒါ ကျနော်တို့ အ၀တ်ထုတ် ၃ ပေ ၄ ပေရှိတဲ့ ဆာလာအိတ်တွေနဲ့ အထုတ်ပေါင်း ၅၀ ကျော် လှူဒါန်းခဲ့တယ် နောက် အလှူငွေ ၃သိန်းလှူဒါန်းခဲ့တယ်၊
0 comments:
Post a Comment