Pages

Monday, April 1, 2013

AP နှင့် NHK သတင်းငှာနများအား မြန်မာနိုင်ငံအတွင်း တရားဝင် အခြေစိုက် သတင်းရယူခွင့်ပြု

အစိုးရသစ်လက်ထက် နှစ်နှစ်သက်တမ်းအတွင်း နိုင်ငံခြားသတင်းဌာန နှစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ အခြေစိုက် AP နှင့် ဂျပန်နိုင်ငံ အခြေစိုက် NHK ရုပ်သံတို့အား ပထမဆုံးအဖြစ် မြန်မာနိုင်ငံအတွင်း တရား
ဝင် အခြေစိုက် သတင်းရယူခွင့်ပြုလိုက်ကြောင်း သိရှိရသည်။ AP (Associated Press) သတင်းဌာနအား အမေရိကန်နိုင်ငံတွင် ၁၈၄၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ဖွင့်လှစ်မည့် ရုံးခွဲကိုမူ AP သတင်းဌာနတွင် ၁၉၈၉ ခုနှစ် စတင်ကာ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ 


“ကျွန်မတို့အနေနဲ့ ဒီလိုရုံးဖွင့်ချင်ပါတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနကို တင်ပြခဲ့တော့ သူတို့ကလည်း ပြုပြင်

ပြောင်းလဲရေး ကာလဆိုတော့ ခွင့်ပြုချက်ရခဲ့ပါတယ်။ တရားဝင် အကြောင်းကြားတာကတော့ မတ်လ ၃၀ ရက်နေ့ကပါ” ဟု ဒေါ်အေးအေးဝင်းက မတ်လ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။ 

တရားဝင် ဖွင့်လှစ်ခွင့်ရခဲ့သည့် နိုင်ငံခြားသတင်းဌာနမှ နိုင်ငံခြားသတင်းထောက်များ အနေဖြင့် မြန်မာနိုင်ငံ
အတွင်း သတင်းလှည့်လည် ရယူရာတွင် တရားဝင် လွတ်လပ်စွာ နေထိုင်နိုင်မည်ဖြစ်ပြီး မိသားစု အပါအဝင် တစ်နှစ်ဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

“ဒီလို သတင်းဗျူရိုမျိုးတွေ ဖွင့်ခွင့်မပေးတာ နှစ်ပေါင်းကြာပါပြီ၊ ဗျူရိုမရှိလည်း ခွင့်ယူပြီး လာနိုင်ပေမယ့် ဗျူ
ရိုထားတော့ လွတ်လွတ်လပ်လပ်သတင်းယူနိုင်တာပေါ့”ဟု၎င်းကဆက်လက် ပြောကြားခဲ့သည်။ မြန်မာနိုင်
ငံနှင့် ပတ်သက်သည့် သတင်းများအား တိုက်ရိုက်ရယူခွင့်ရှိသည့် နိုင်ငံခြားသတင်းဌာန ခြောက်ခုအထိ ရှိနေ
ပြီး အစိုးရသစ် လက်ထက်တွင် အမေရိကန်အခြေစိုက် AP နှင့် ဂျပန်နိုင်ငံ အခြေစိုက် NHK ရုပ်သံတို့အား ပထမဆုံးအဖြစ် မြန်မာနိုင်ငံအတွင်း တရားဝင် အခြေစိုက် သတင်းရယူခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

 မြန်မာနိုင်ငံအတွင်း ဌာနေသတင်းထောက် နှစ်ဦးဖြင့် အဓိကလည်ပတ်နေသည့် NHK ရုပ်သံမှ ကိုသီဟက
လည်းကျွန်တော်တို့ သဘောပေါက်ထားတာက တရားဝင် သတင်းရယူခွင့်ကို လက်ရှိပြည်တွင်းမှာ လုပ်ကိုင်
နေတဲ့ နိုင်ငံခြားသတင်းဌာန အားလုံးကို ပေးမယ်လို့ နားလည်ထားပါတယ်။ 

ကျွန်တော်တို့နိုင်ငံမှာ ဆီးဂိမ်းရော၊ အာဆီယံဥက္ကဋ္ဌနေရာပါ တာဝန်ယူရမှာတွေ ရှိနေတော့ ဂျပန်နဲ့ အမေရိ
ကန်မှာအကြီးဆုံးဖြစ်တဲ့သတင်းဌာနနှစ်ခုကို ပြည်တွင်းမှာစမ်းသပ်တယ်ထင်ပါတယ်။ ဒီမိုကရေစီနိုင်ငံ အနေ
နဲ့ရော၊နိုင်ငံတကာနဲ့ဆက်ဆံရမယ့်အနေအထားအရဒီလိုခွင့်ပြုတာကြိုဆိုရပါမယ်”ဟု ပြောကြားခဲ့ကြောင်း
၂၀၁၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Weekly Eleven, Rangonnewsdaily
RND:1.4.2013


0 comments:

Post a Comment