Pages

Monday, April 1, 2013

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင် မသင်္ကာဖွယ် လူ(၃)ဦး ရဲစခန်းမှ ဖမ်းဆီး

ဧပြီ ၁၊ ၂၀၁၃

ရန်ကုန် ။ ။ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင်း ရောက်ရှိလာသော မျက်နှာစိမ်း လူ(၃)ယောက်ကို မသင်္ကာဖွယ်တွေ့ရှိရ၍ ယခုမနက်အစောပိုင်း ၂-နာရီခန့်က ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ - သင်္ကန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်အတွင်းတွင် ယမန်နေ့ မတ်လ ၃၁-ရက်ညပိုင်းက လူစိမ်း (၅)
ယောက်ခန့် ၀င်ရောက်လာကြောင်းသိရ၍ လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ကြောင်း၊ဧပြီလ ၁-ရက်နေ့မနက်
အစောကြီး ၂-နာရီခန့်တွင် သင်္ကန်းကျွန်းဘူတာနှင့် နှင်းဆီကုန်း ဘူတာအကြားတွင်လူ(၃)ယောက်ကိုရဲများ
မှ ဖမ်းဆီးပြီးစစ်ဆေးရော လက်ဆွဲအိတ်တစ်လုံးနှင့် အတွင်းမှ ဓါးတိုတစ်ချောင်း၊ 

ဂတ်စ်မီးခြစ်(၃)ခုတွင်ပူးတွဲချည်ထားသောဖယောင်းတိုင်တစ်တိုင်နှင့်ပုဆိုးတစ်ထည်တို့ကို တွေ့ရှိရကြောင်း
၊ ယင်းအတွက် ဘူတာနှစ်ခုကြားသည် လူသွားလူသာ သိပ်မရှိသောနေရာဖြစ်ပြီး၊ ညပိုင်းအချိန်တွင် မသင်္ကာ
ဖွယ်တွေ့ရှိရ၍ သင်္ကန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

M-Media, Rangonnewsdaily
RND:1.4.2013 

0 comments:

Post a Comment