Pages

Thursday, August 15, 2013

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၅ / ၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁) ပါ ပြဋ္ဌာန်းချက်အရ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်အား လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ ရပ်စဲလိုက်သည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၅ / ၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

ကမ္ဘာ့ဖလားအတွက် အားကစားကွင်းများ အချိန်မီ မပြီးစီးမှုကို ဝန်ကြီး စိုးရိမ်

ကမ္ဘာ့ဖလားအတွက် အားကစားကွင်းများ အချိန်မီ မပြီးစီးမှုကို ဝန်ကြီး စိုးရိမ်


ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်းမှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက်လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ရီဘီလိုက ဆိုသည်

ဘရာဇီးလ်နိုင်ငံ၊ အားကစားရေးရာ ဝန်ကြီးဖြစ်သူက မိမိအနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဆောက်လုပ်နေသည့် အားကစားကွင်းများ လုပ်ငန်းခွင် နှောင့်နှေး ကြန့်ကြာနေခြင်းအပေါ် စိုးရိမ်မိကြောင်း ဝန်ခံခဲ့သည်။ ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်း မှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက် လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း လည်း ရီဘီလိုက ဆိုသည်။ ဘရာဇီးလ်သည် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ ဖလားနှင့် (၂၀၁၆)ခုနှစ်၊ ရီယိုဒီဂျနေရိုး အိုလံပစ် ပြိုင်ပွဲတို့အတွက် ပြင် ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် အားကစားကွင်းကြီး (၆)ခု တည်ဆောက်မှုတွင် (၁)ခုသာ သတ်မှတ်လျာထားချက်အတိုင်း ပြီးစီးသေးသည်။ ဆော်ပေါ်လိုရှိ အားကစားရုံမှာ (၈၄)ရာခိုင်နှုန်း အပြီးသတ်ခဲ့ပြီဖြစ်ပြီး ယခုနှစ်ကုန်တွင် အချိန်မီ ဖွင့်လှစ်နိုင်ဖွယ် ရှိသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ဘရာဇီးလ်၏ ပြင်ဆင်မှုများအပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကလည်း အတန်ငယ် ဖိအားပေးနေပြီ ဖြစ်သည်။ မန်နာရက်စ်၊ ကူရီတီဘာ၊ကွီရာဘာ၊ ပေါ့တ်အလီဂရီနှင့် နေတယ်လ်တို့တွင် ဆောက်လုပ်နေသော ကွင်းကြီးများမှာမူ လုပ်ငန်းခွင် ပြီးပြတ်မှု (၇၁)ရာခိုင်နှုန်းမှ (၇၉)ရာခိုင်နှုန်းသာ အသီးသီး ရှိကြသည်။

ရီဘီလိုက ဒါဟာ သတိထားရမယ့် အခြေအနေပါ။ လက်ရှိ နှုန်းအတိုင်း လုပ်နေလို့ မရတော့ပါဘူး။ ကျွန်တော်တို့ အချိန်မီ ပြီးစီးမှာ မဟုတ်ဘူးဟု ဆိုသည်။ ၎င်းကအရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ ကျွန်တော်တို့ သတ်မှတ်ရက်အမီ အပြီးသတ်ဖို့ လိုအပ်နေပါပြီဟုလည်း ဆက်လက် ပြောကြားခဲ့သည်။ ရီဘီလိုက ကွင်းများ ဆောက်လုပ်မှုအတွက် တာဝန်ယူထားသည့် ကုမ္ပဏီများ အနေဖြင့် ယခင်သဘောတူညီချက်ထက် ပိုမို၍ အစိုးရထံမှ ထောက် ပံ့စရိတ်ကို ရရှိမည်ဟု မမျှော်လင့်ရန်လည်း သတိပေးခဲ့သည်။အစိုးရက အသုံးစရိတ် တိုးမြှင့်ပေးမှာ မဟုတ်ပါဘူး။ ရှင်းရှင်းလေးပါ။ လုပ်သား(၁၀)ယောက်နဲ့ (၂)လကြာမယ့် အလုပ်ကို လုပ်သား(၂၀)ခန့်ပြီး (၁)လနဲ့ပြီးအောင် လုပ်လို့ရတာပဲလေဟု ရီဘီလိုက ပြောဆိုသွားသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ယခင်ကွင်းဟောင်းများကိုပါ မွမ်းမံပြင်ဆင်ပြီး စုစုပေါင်း ဘောလုံးကွင်း (၁၂)ခု အသုံးပြုသွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

 Planet Myanmar Network

RangonNewsDaily:: Aug 15, 2013

ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်းမှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက်လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ရီဘီလိုက ဆိုသည်။

မီးပြတ်၍ ဓါတ်လှေခါးအတွင်း ပိတ်မိသူ အမျိုးသမီးနှစ်ဦး

မီးပြတ်၍ ဓါတ်လှေခါးအတွင်း ပိတ်မိသူ အမျိုးသမီးနှစ်ဦး

kolatt (Pabedan): 14.8.2013

သြဂုတ် ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက်သွားသဖြင့် ဗိုလ် တထောင်မြို့နယ် (၁ဝ) ရပ်ကွက် ၄၅ လမ်း(အထက်) -အမှတ် ၁၅၈၊ ၁ ခန်း ရှစ်ထပ်တိုက်၏ ခြောက်လွှာထပ်နှင့် @ခုနစ်လွှာအကြားအရောက်၌ ဓာတ် လှေကားရပ်သွားရာ အမျိုးသမီးနှစ်ဦး ဓာတ်လှေကားအတွင်း ပိတ်မိနေ ကြောင်း မီးပြန်လာသော်လည်း ဓာတ်လှေကားမှာ ပြန်လည်အတက် အဆင်းမလုပ်နိုင်ဘဲ ပိတ်မြဲပိတ်နေ သည်ဟု ၄င်းတိုက်ဝန်းကျင်မှ သတင်းရရှိသည်။

ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ တိုင်းမီးသတ်တပ်ဖွဲ့သို့ သတင်းပေး ထားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ ထွက်လာနေပြီဖြစ်ကြောင်း သိရှိခဲ့ရ သည်။

အခင်းဖြစ်ရာသို့ ကျောက်တံတား မြို့နယ် @မီးသတ်တပ်ဖွဲ့စခန်းမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးကျော်သူရနှင့် မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦးတို့ ညနေ ၄ နာရီကျော်၌ ရောက်ရှိလာကြောင်း တွေ့ရသည်။

မီးသတ်တပ်ဖွဲ့ဝင်များက ပိတ် နေသော ဓာတ်လှေကားတံခါးကို သံတူရွင်းဖြင့် ကြိုးစားဖွင့်ခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် @တံခါးပွင့်သွား သဖြင့် အတွင်းအပေါက်ငယ်မှ ပိတ်မိ နေသော အမျိုးသမီးနှစ်ဦးအား ခက်ခက်ခဲခဲ မတင်ကယ်ထုတ်ခဲ့ရ သည်။ (ဝဲပုံ)

ပိတ်မိနေသော အမျိုးသမီးနှစ်ဦး မှာ ကုမ္ပဏီဝန်ထမ်းများဖြစ်သည်ဟု သိရပြီး အင်းစိန်မြို့နယ် ရွာမအရှေ့ ရပ်ကွက် သီရိမင်္ဂလာလမ်းနေ@ ဒေါ်မြင့် မြင့်ဦး အသက်(၃၅)နှစ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၇) ရပ်ကွက် ကံ့ကော်မြိုင် ၂ လမ်းနေ ဒေါ်ရွှေ ယမင်းဦး အသက်(၂၂) နှစ်တို့ဖြစ် ကြောင်း စုံစမ်းသိခဲ့ရသည်။

¤င်းအဆောက်အအုံတွင် တပ် ဆင်ထားသော ဓာတ်လှေကားတွင် န.ျွ.ီစနစ် တပ်ဆင်ထားသော်လည်း ထိုဓာတ်လှေကားရှိ @ဘက်ထရီအိုးမှာ အားနည်းနေသောကြောင့် လျှပ်စစ် ပြတ်တောက်ချိန်တွင် တစ်ပေခန့်သာ ရွေ့လျားနိုင်ပြီး ရပ်တန့်သွားကြောင်း၊ ထို့အတွက် တိုက်ခန်းပိုင်ရှင်အား ဘက်ထရီအိုး အသစ်လဲလှယ်ရန် မီးသတ်တပ်ဖွဲ့က အကြံပေးခဲ့သည်ဟု သိရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
YawMinGyi

RangonNewsDaily:: Aug 15, 2013
သြဂုတ် ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက်သွားသဖြင့် ဗိုလ် တထောင်မြို့နယ် (၁ဝ) ရပ်ကွက် ၄၅ လမ်း(အထက်) -အမှတ် ၁၅၈၊ ၁ ခန်း ရှစ်ထပ်တိုက်၏ ခြောက်လွှာထပ်နှင့် @ခုနစ်လွှာအကြားအရောက်၌ ဓာတ် လှေကားရပ်သွားရာ

မင်းလူရဲ့ကဗျာနဲ့ ကဗျာနဲ့တူတဲ့မင်းလူ

RangonNewsDaily:: Aug 15, 2013
မင်းလူရဲ့ကဗျာနဲ့ ကဗျာနဲ့တူတဲ့မင်းလူ
ပွဲသိမ်းခရာ မမှုတ်သေးခင်
ရှုံးပြီလို့မပြောပါနဲ့ဦး..။

လူ့အခွင့်အရေး လှုပ်ရှားသူများကို ထပ်မဖမ်းရန် အစိုးရကို တိုက်တွန်းမည်ဟု ကင်တားနားပြော

RangonNewsDaily:: Aug 15, 2013

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးမှု မပြုလုပ်ရန် အစိုးရကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမက်အိုဟေး ကင်တားနားက ပြောကြားသည်။

မြန်မြန်ပြန်ပါ ငါ့သား (ဟာသ)

RangonNewsDaily:: Aug 15, 2013
လူငယ်တစ်ယောက် ခရစ်ယာန်ဘုန်းကြီးထံရောက်လာပြီးပြောသည်။“ဖာသာ၊ ကျွန်တော်အပြစ်လုပ်မိပါတယ်ခင်ဗျာ"“အဲဒါဆို ကိုယ့်အမှားကို ဝန်ခံလိုက်ပါ

လင်မယားချင်းစကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား ဓါတ်ဆီဖြင့်ပက် မီးရှို့

ရန်ကုန်၊ သြဂုတ် ၁၅

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မင်္ဂလာဒုံမြို့နယ်နေဒေါ်မြင့်မြင့်သည်နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့
စကားများရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန်ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။

မိမိကိုယ်ကို ခွဲစိတ်ခဲ့တဲ့ ခွဲစိတ် ဆရာဝန်

မိမိကိုယ်ကို ခွဲစိတ်ခဲ့တဲ့ ခွဲစိတ် ဆရာဝန်
Thursday, August 15, 2013

၁၉၆၁ ခုနှစ်တုန်းကပါ။ ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်တဲ့ Leonid Rogozov ( ၂၇ နှစ်) ဟာ ဆိုဗီယက် တောင်ပိုင် မှာ နေထိုင်ရင်း အလွန်ပြင်းထန်းတဲ့ အစာအိမ်ရောဂါကို ခံစားခဲ့ရတာကြောင့် အပြင်းအထန် ဖျားနာခဲ့ပါတယ်။

(သူတို့ ဆိုထားတာကတော့ ဆိုဗီိယက်တွေဟာ ကုန်ကျမှုကို လျှော့ချနေတဲ့ အချိန်လို့ ပြောပါတယ်)

Rogozov ဟာ ဆုံးဖြတ်ချက်ချခဲ့ပြီး မိမိမှာ ခံစားနေရတဲ့ ရောဂါကို ခွဲစိတ်ပြီး ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။ အူအတက်ရောင် ရောဂါဖြစ်ပွားခြင်းကြောင့် ဆိုတာကို သိရှိပြီး နောက်မှာတော့ ပြည်တွင်းဖြစ် ထုံဆေးကို အသုံးပြုပြီး
အူအတက်ကို ဖယ်ရှားခဲ့ပါတယ်။


Kaung Zay Yan
(Discoveries Myanmar)

အေးချမ်းမွန် Credit To > Discoveries Myanmar << Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia

RangonNewsDaily:: Aug 14, 2013 ၁၉၆၁ ခုနှစ်တုန်းကပါ။ ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်တဲ့ Leonid Rogozov ( ၂၇ နှစ်) ဟာ ဆိုဗီယက် တောင်ပိုင် မှာ နေထိုင်ရင်း အလွန်ပြင်းထန်းတဲ့အစာအိမ်ရောဂါကိုခံစားခဲ့ရတာကြောင့်အပြင်းအထန်ဖျားနာခဲ့ပါတယ်။

ဘုန်းကြီးမှ ကိုရင်အား ၀ါယာကြိုးဖြင့် ရိုက်နှက်

ဘုန်းကြီးမှ ကိုရင်အား ၀ါယာကြိုးဖြင့် ရိုက်နှက်

kolatt (Pabedan): 14.8.2013

မြိတ်မြို့ မြိတ်တောင် နယ်မြေ မြို့သစ် (၃) ရပ်ကွက် မြရည်နန္ဒာလမ်း အမှတ် (၄၈) နေ ဦးသန်းနိုင် + ဒေါ်မိုးစန္ဒာ တို့၏ သားဖြစ်သူ မောင်ချစ်ကိုကို ၊ အသက် (၁၁)နှစ်၊ (ဒုတိယတန်း(က)၊ ဘုရားကိုင် မူလတန်း) ကျောင်းသား ဖြစ်သူသည် ကိုရင်ဝတ်ဖြင့် မျက်နှာတွင် ဖူးယောင် ဒဏ်ရာများ ရရှိကာ မြိတ်မြို့ စန္ဒ၀တ် ကျေးရွာ ဘိုတောင်ထိပ်ရှိ ဥာဏလာဘ ကျောင်းမှ ဘုန်းတော်ကြီး ဦးဥာဏနှင့် အတူ မြိတ်မြို့ ကလွင် ရေပုန်းရပ် ဆေးရုံကြီး နောက်ဘက်ရှိ အောင်ချမ်းသာ ဘုန်းကြီးကျောင်း၌ သြဂုတ်လ (၁၂) ရက်နေ့ ညနေပိုင်း အချိန်တွင် စုံစမ်းတွေ့ရှိခဲ့ရာ ၄င်းဒဏ်ရာများမှာ ဘုန်းကြီး ဦးဥာဏမှ ၀ါယာကြိုးများဖြင့် ရိုက်နှက်၍ မျက်နှာနှင့် ဦးခေါင်းတွင် ဖူးယောင် ဒဏ်ရာများ၊ ခန္ဓာကိုယ် အနှံ့အပြား တွင် ပေါက်ပြဲဒဏ်ရာများနှင့် အမာရွတ်များ တွေ့ရှိရသဖြင့် အရေးယူ ပေးပါရန် မြိတ်မြို့မ ရဲစခန်းသို့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆေးစာဖြင့် မြိတ်ဆေးရုံကြိးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

စုံစမ်း စစ်ဆေးချက်များ အရ ကလေးငယ် ဖြစ်သူသည် ဥာဏ်ရည်နိမ့်ပါးသူ တစ်ဦး ဖြစ်ပြီး မိဘများ ခရီးထွက်ခိုက် အဒေါ်ဖြင့်သူနှင့် နေကာ လမ်းပေါ် လျှောက်သွားနေစဉ် ဘုန်းကြီး ဦးဥာဏမှ တွေ့ရှိပြီး ကောလိပ် ကုက္ကိုလ် ကျောင်းတိုက်တွင် ကိုရင်ဝတ် သင်္ကန်းစည်းပေးကာ ၄င်းသီတင်းသုံးရာ ဘိုတောင် ကျောင်းသို့ ခေါ်ဆောင်သွားပြီး ကိုရင်အား ရိုက်နှက် ဆုံးမခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြို့မ ရဲတပ်ဖွဲ့ စခန်းမှ သာသနာရေး ဦးစီးဌာနှင့် ညှိနှိုင်း၍ အရေးယူ နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြိတ်ပုလဲမြေ

RangonNewsDaily:: Aug 14, 2013
မြိတ်မြို့ မြိတ်တောင် နယ်မြေ မြို့သစ် (၃) ရပ်ကွက် မြရည်နန္ဒာလမ်း အမှတ် (၄၈) နေ ဦးသန်းနိုင် + ဒေါ်မိုးစန္ဒာ တို့၏ သားဖြစ်သူ မောင်ချစ်ကိုကို ၊ အသက် (၁၁)နှစ်၊ (ဒုတိယတန်း(က)၊ ဘုရားကိုင် မူလတန်း) ကျောင်းသား ဖြစ်သူသည် ကိုရင်ဝတ်ဖြင့် မျက်နှာတွင် ဖူးယောင် ဒဏ်ရာများ ရရှိကာ

“ဆရာမင်းလူ(၁၉၅၄-၂၀၁၃)”

“ဆရာမင်းလူ(၁၉၅၄-၂၀၁၃)”

kolatt (Pabedan): 15.8.2013

မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။

၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

 ကျောင်းတက်ရင်း စာအုပ် ထုတ်ဝေရေး လုပ်ငန်း လေ့လာ လုပ်ကိုင်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
ယခုအခါ မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏ နေအိမ်တွင် နေထိုင်ရင်း ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားလျက် ရှိသည်။ 

ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ဇာတ်ညွှန်း များစွာ ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။၂၀၁၃သြဂုတ်၁၄ညပိုင်းတွင်
ဝိတိုရိယ ဆေးရုံး၌ကွယ်လွန်အနိစ္စရောက်သည်။

(ပုံမှာ"ပန်းကျောင်း"အရှင်သခင် ဆရာမင်းလူရဲ့ ပုံရိပ်ဟောင်းလေးဖြစ်ပြီးဆရာ့သမီးဖြစ်သူ
ဆရာမYu Ya ထံမှ တစ်ဆင့်“မင်းလူ၏ ၀တ္တုတိုများ”ဖေ့ဘုတ်မှတောင်းဆို ကူးယူ၍ ဖော်ပြထားသော
ပုံအားထပ်ဆင့်ဖေါ်ပြခြင်းဖြစ်ပါသည်။)

Popular Myanmar

RangonNewsDaily:: Aug 15, 2013
မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အ
မှတ် (၁၄၇)(၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အ
ငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။

သမ္မတ ဟောင်း မော်စီ ကို ထောက်ခံသူများကို အီဂျစ် စစ်တပ် နှင့် ရဲတပ် ဖွဲ့  ၀င်များ က အင် အား အလုံးအရင်း သုံး ပြီး ဖြိုခွဲ

သမ္မတ ဟောင်း မော်စီ ကို ထောက်ခံသူများကို အီဂျစ် စစ်တပ် နှင့် ရဲတပ် ဖွဲ့  ၀င်များ က အင် အား အလုံးအရင်း သုံး ပြီး ဖြိုခွဲ 

kolatt (Pabedan): 15.8.2013

ရာထူး မှ ဖယ်ရှားခံရသည့် သမ္မတ ဟောင်း မော်စီ ကို ထောက်ခံသူများ
၏ သပိတ် စခန်း ကို အီဂျစ် စစ်တပ် နှင့် ရဲတပ် ဖွဲ့  ၀င်များ က အင် အား အလုံးအရင်း သုံး ပြီး ဖြိုခွဲ ရာ ၂၇၈ ဦး သေဆုံးသည်။ ၆၀၀ ကျော် ဒဏ်ရာရရှိ ပြီး ၊ ဆန္ဒ ပြ သူ အချို့  မှာ လုံခြုံရေး တပ် ဖွဲ့  ၀င် များ ၏ ရက်ရက် စက်စက် သတ် ဖြတ် ခြင်း ကို ခံ ရသည်။

ယခင် နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ အကြီး အကဲ ဟောင်း နှင့်
အီဂျစ် ကြား ဖြတ် အစိုးရ ဒုသမ္မတ မိုဟာမက် အယ်(လ)ဘာရာဒိုင်း က
ပစ်ခတ် သတ် ဖြတ် မှု များ ကို ရှုံ့  ချ သည့် အနေဖြင့် ဒုသမ္မတ ရာထူး မှ
နှုတ်ထွက် လိုက်သည်။

သွေးထွက် သံယို နှိပ်ကွပ် မှု များ ကို အမေရိကန် ၊ ဥရောပ သမဂ္ဂ ၊ ကာတာ
တူရကီ နှင့် ဂျာမဏီ နိုင်ငံ များ က လည်း ရှုံ့ ချ လိုက်သည်။


ပုံ တွင် ကိုင်ရိုမြို့  တော် နာဆာ စီတီး ရှိ အောက်တိုဘာ ခြောက် ရက် တံတား
တွင် ရဲကား တစ်စီး ကို ဆန္ဒ ပြသူ များ က ဟန့် တား နေစဉ်


(AP Photo/Aly Hazzaa, El Shorouk Newspaper)
Freedom News Group
ပုံ တွင် ကိုင်ရိုမြို့  တော် နာဆာ စီတီး ရှိ အောက်တိုဘာ ခြောက် ရက် တံတား
တွင် ရဲကား တစ်စီး ကို ဆန္ဒ ပြသူ များ က ဟန့် တား နေစဉ်
RangonNewsDaily:: Aug 15, 2013
ရာထူး မှ ဖယ်ရှားခံရသည့် သမ္မတ ဟောင်း မော်စီ ကို ထောက်ခံသူများ
၏ သပိတ် စခန်း ကို အီဂျစ် စစ်တပ် နှင့် ရဲတပ် ဖွဲ့  ၀င်များ က အင် အား အလုံးအရင်း သုံး ပြီး ဖြိုခွဲ ရာ ၂၇၈ ဦး သေဆုံးသည်။ ၆၀၀ ကျော် ဒဏ်ရာရရှိ ပြီး ၊ ဆန္ဒ ပြ သူ အချို့  မှာ လုံခြုံရေး တပ် ဖွဲ့  ၀င် များ ၏ ရက်ရက် စက်စက် သတ် ဖြတ် ခြင်း ကို ခံ ရသည်။

အမေရိကန် ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ကဏ္ဍ လေ့လာရေး ခရီးစဉ်

United States Institute of Peace

RangonNewsDaily:: Aug 15, 2013

မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် ပြည်ထောင်စုကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရောက်ရှိနေကြပါတယ်။

“ဆရာမင်းလူအတွက်ပန်းချီမင်းကျော်ခိုင်ရဲ့ အလွမ်း”

RangonNewsDaily:: Aug 15, 2013

သြော်....ခင်စရာကောင်းတဲ့ ကိုဥာဏ်ပေါ် (ကိုမင်းလူ)လည်းဆုံးသွားရှာပြီ.

တိုက်ပုံရယ်၊ ဆေးပေါ့လိပ်ရယ်၊ လွယ်အိပ်ရယ် အမြဲတတွဲတွဲရှိတဲ့သူ၊
ကျနော်တက္ကသိုလ်ပန်းချီခန်းမအဝင်၊ သူကတက္ကသိုလ်ကထွက်သွားပြီးပေမယ့် တက္ကသိုလ်အပေါ် အမြဲသံယောဇဉ်ကြီးတယ်၊ တက္ကသိုလ်ပန်းချီခန်းမကိုအမြဲလာတယ်၊

“ဆရာမင်းလူအတွက်ဆရာပန်းချီမျိုးမြင့်ရဲ့ အလွမ်း”

“ဆရာမင်းလူအတွက်ဆရာပန်းချီမျိုးမြင့်ရဲ့ အလွမ်း”

kolatt (Pabedan): 15.8.2013

စာရေးဆရာမင်းလူ.. ခဏခဏရေးဆွဲခဲ့ရတဲ့ သူ့ပုံတူတွေထဲက တပုံ။ "ငါ မင်းရုပ်ကြီးကိုကြည့်ပြီး ခဏခဏပုံတူမရေးချင်ဘူးကွာ .. အအိပ်ပျက် အစားပျက်ဖြစ်လွန်းလို့ .." 

ကျနော် ဘယ်လိုပဲ နှိပ်ကွပ်နှိပ်ကွပ် .. သူကတော့ ဒီပုံထဲကအတိုင်း စပ်ဖြဲဖြဲပဲ။ သြော် .. ခုတော့လဲ မင်း မရယ်နိုင်တော့ပါလား သူငယ်ချင်းရယ် .. ..။

by;Artist MyoMyint

(ပန်းချီပုံမှာဆရာပန်းချီမျိုးမြင့်ရဲ့ လက်ရာဖြစ်ပါတယ်)

ဆရာရဲ့ တက္ကသိုလ်မြေက လွမ်းဆွတ်စရာကဗျာလေးလဲဖော်ပြပေးလိုက်ပါတယ် ။ ကဗျာရဲ့ အနှစ်သာရနဲ့ ကျောင်းတော်ကြီးမှာတတ်ရောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေရဲ့
လူပ်ရှားမှုပုံရိပ်တွေကိုမြင်ယောင်စေလို့ပါ ။

ကိုလတ်(ပန်ဘဲတန်း)


ဘွဲ့ရသွားသော နှလုံးသား (မင်းလူ)
------------------------------------
အို သစ်ပုပ်ပင်

သင်၏ ထီးရိပ်အောက်တွင်
ချစ်တင်းဆိုခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို မျှော်စင်ကြီး ယုဒသန်
သင်၏ ရင်ခွင်အောက်တွင်
မိုးခိုခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို အင်းလျားကန်
သင်၏ ပခုံးစွန်းတွင် ထိုင်၍
အနမ်းမိုးစွေခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို ကံကော်တော
သင်၏ ဧည့်ခန်းထဲရှိ
ခုံတန်းပေါ်တွင် ထိုင်၍
နှုတ်ကတိ စာချုပ်များကို
ဖျက်ဆီး ပစ်လိုက်ကြရသူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို အဓိပတိလမ်း
သင်၏ ကြောကုန်းထက်ဝယ်
လွန်ခဲ့သော လေးနှစ်ကာလက
ဦးခေါင်းကိုမော့ ရင်ကိုကော့၍
အဖော်အပေါင်းများနဲ့အတူ
ပျော်ရွှင်စွာ လျှောက်ဝင်လာခဲ့ပြီး

ယခုအခါ
ဦးခေါင်းကို ငိုက်စိုက်ချလျှက်
တစ်ယောက်ထီးတည်း
ပြန်လည် ထွက်ခွာသွားရသူ တစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

စာမေးပွဲဟူသည်
ခွဲခွာခြင်း၏ အထိမ်းအမှတ်ဟု ဆိုပါလျှင်
ငါသည် ထာဝရ ခွဲခွာခြင်းအတွက်
စာမေးပွဲကို ဖြေခဲ့ပြီ။

ကျန်းမာ ချမ်းသာစွာ နေရစ်ကြပါလေ။

မင်းလူ

RangonNewsDaily:: Aug 15, 2013
စာရေးဆရာမင်းလူ.. ခဏခဏရေးဆွဲခဲ့ရတဲ့ သူ့ပုံတူတွေထဲက တပုံ။ "ငါ မင်းရုပ်ကြီးကိုကြည့်ပြီး ခဏခဏပုံတူမရေးချင်ဘူးကွာ .. အအိပ်ပျက် အစားပျက်ဖြစ်လွန်းလို့ .."

စားရေးဆရာ မင်းလူ ဆုံးရှာပြီ

Photo: စားရေးဆရာ မင်းလူ ဆုံးရှာပြီ

kolatt (Pabedan): 14.8.2013

ဆရာမင်းလူ အမှန်တကယ် ဆုံးပါးသွားပါပြီ။ကျွန်ုပ်၏ ရင်ထဲတွင် မည်သို့မျှ အစားထိုး၍ မရ
နှမြောတသ ၀မ်းနည်းကြေကွဲမှု ဖြစ်နေရပါ၏.......။။

( Ref ; ဆရာမင်းလူ၏ သမီး ယုယ)

((ဆရာမင်းလူရဲ့ ၀တ္ထုပေါင်း များစွာထဲက၀တ္ထုခေါင်းစဉ်အချို့ကို ရွတ်ကြည့်လိုက်တာတောင်
အဓိပ္ပါယ်ရှိစွာနဲ့ ရွတ်ဆိုလို့ ကောင်းနေလေရဲ့...။ဘယ်လောက်တောင်မှ စာပေသမား ပီသလိုက်ပါသလဲ..။ ))

လွန်ခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ 6:15 AM တုန်းကဆရာမ လတ်လတ်စိုး က "ဖေဖေဆုံးပြီ။"
ဆိုတဲ့ စတေတပ် တစ်ခု တင်ခဲ့ဖူးတယ် . . .

အခုလည်း သြဂုတ်လ ၁၄ ရက်နေ့ 11:50 PM မှာဆရာမ ယုယ က "အဖေဆုံးပြီ"
ဆိုပြီး စတေတပ် တစ်ခု တင်လိုက်ပြန်တယ် . . .

ခု တ ေ လ ာ ၾက ယ္ ေ တြေ ၾကြ လြ န်း တ ယ် ဗျာ . . . ;(

photo@ Yu Ya

RangonNewsDaily:: Aug 15, 2013

ဆရာမင်းလူ အမှန်တကယ် ဆုံးပါးသွားပါပြီ။ကျွန်ုပ်၏ ရင်ထဲတွင် မည်သို့မျှ အစားထိုး၍ မရ
နှမြောတသ ၀မ်းနည်းကြေကွဲမှု ဖြစ်နေရပါ၏.......။။

( Ref ; ဆရာမင်းလူ၏ သမီး ယုယ)

အသပြာလုလင် သူငယ်ချင်းတစ်ယောက်အကြောင်း (ကဗျာ)

Photo: အသပြာလုလင် သူငယ်ချင်းတစ်ယောက်အကြောင်း

kolatt (Pabedan): 14.8.2013

သူတို့ပျော်ကြလေပြီ
ရယ်မောခြင်းလက်ကျန် ရေတမာ
ပြတိုက်ထဲက ပြဇာတ်
ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး
ကျွန်တော်ကျွန်မတို့သည်
ခိုးခိုးခစ်ခစ်
ဂန္ထ၀င် အိပ်မက်
ချောကလက် ခြေစစ်ပွဲများ
နှလုံးသား ၃၅၀/၅၄ သင်္ခါရအခွင့်အရေး
မင်းမဆိုးပါဘူး
ပြန်ခေါ်သက်သေ
အချစ်ဟု
အဓိပ္ပါယ် သက်ရောက်ခြင်း မရှိစေရ
အချစ်သည်
သက်ကျော်ရာကျော်ရှည်ပါစေသတည်း
အချစ်ရူးကြီး ရူးတော့သည်
အနာဂတ် ကုမ္ပဏီလီမိတက် အမုန်းအလိုမရှိ
ကျမ်းကိုးစာရင်း
အဖွားကြီး သုံးယောက်နှင့် ထမင်းစားခြင်း
လေထန်ဖုန်း
ငိုအား နှင့် ရယ်အား
ယမကာလုလင် ဓာတ်ခဲ...။။။

စာရေးဆရာမင်းလူ

ဆရာ့အမှတ်တရာကဗျာလေးတွေပါ ။ မြန်မာစာပေလောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုတွေပါ။

RangonNewsDaily:: Aug 15, 2013

သူတို့ပျော်ကြလေပြီ
ရယ်မောခြင်းလက်ကျန် ရေတမာ
ပြတိုက်ထဲက ပြဇာတ်
ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး
ကျွန်တော်ကျွန်မတို့သည်
ခိုးခိုးခစ်ခစ်
ဂန္ထ၀င် အိပ်မက်
ချောကလက် ခြေစစ်ပွဲများ
နှလုံးသား ၃၅၀/၅၄ သင်္ခါရအခွင့်အရေး
မင်းမဆိုးပါဘူး

"ပန်းကျောင်း"အရှင်သခင် ဆရာမင်းလူရဲ့ ပုံရိပ်ဟောင်း