Pages

Thursday, August 15, 2013

မီးပြတ်၍ ဓါတ်လှေခါးအတွင်း ပိတ်မိသူ အမျိုးသမီးနှစ်ဦး

kolatt (Pabedan): 14.8.2013

သြဂုတ် ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက်သွားသဖြင့် ဗိုလ် တထောင်မြို့နယ် (၁ဝ) ရပ်ကွက် ၄၅ လမ်း(အထက်) -အမှတ် ၁၅၈၊ ၁ ခန်း ရှစ်ထပ်တိုက်၏ ခြောက်လွှာထပ်နှင့် @ခုနစ်လွှာအကြားအရောက်၌ ဓာတ် လှေကားရပ်သွားရာ အမျိုးသမီးနှစ်ဦး ဓာတ်လှေကားအတွင်း ပိတ်မိနေ ကြောင်း မီးပြန်လာသော်လည်း ဓာတ်လှေကားမှာ ပြန်လည်အတက် အဆင်းမလုပ်နိုင်ဘဲ ပိတ်မြဲပိတ်နေ သည်ဟု ၄င်းတိုက်ဝန်းကျင်မှ သတင်းရရှိသည်။

ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ တိုင်းမီးသတ်တပ်ဖွဲ့သို့ သတင်းပေး ထားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ ထွက်လာနေပြီဖြစ်ကြောင်း သိရှိခဲ့ရ သည်။

အခင်းဖြစ်ရာသို့ ကျောက်တံတား မြို့နယ် @မီးသတ်တပ်ဖွဲ့စခန်းမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးကျော်သူရနှင့် မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦးတို့ ညနေ ၄ နာရီကျော်၌ ရောက်ရှိလာကြောင်း တွေ့ရသည်။

မီးသတ်တပ်ဖွဲ့ဝင်များက ပိတ် နေသော ဓာတ်လှေကားတံခါးကို သံတူရွင်းဖြင့် ကြိုးစားဖွင့်ခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် @တံခါးပွင့်သွား သဖြင့် အတွင်းအပေါက်ငယ်မှ ပိတ်မိ နေသော အမျိုးသမီးနှစ်ဦးအား ခက်ခက်ခဲခဲ မတင်ကယ်ထုတ်ခဲ့ရ သည်။ (ဝဲပုံ)

ပိတ်မိနေသော အမျိုးသမီးနှစ်ဦး မှာ ကုမ္ပဏီဝန်ထမ်းများဖြစ်သည်ဟု သိရပြီး အင်းစိန်မြို့နယ် ရွာမအရှေ့ ရပ်ကွက် သီရိမင်္ဂလာလမ်းနေ@ ဒေါ်မြင့် မြင့်ဦး အသက်(၃၅)နှစ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၇) ရပ်ကွက် ကံ့ကော်မြိုင် ၂ လမ်းနေ ဒေါ်ရွှေ ယမင်းဦး အသက်(၂၂) နှစ်တို့ဖြစ် ကြောင်း စုံစမ်းသိခဲ့ရသည်။

¤င်းအဆောက်အအုံတွင် တပ် ဆင်ထားသော ဓာတ်လှေကားတွင် န.ျွ.ီစနစ် တပ်ဆင်ထားသော်လည်း ထိုဓာတ်လှေကားရှိ @ဘက်ထရီအိုးမှာ အားနည်းနေသောကြောင့် လျှပ်စစ် ပြတ်တောက်ချိန်တွင် တစ်ပေခန့်သာ ရွေ့လျားနိုင်ပြီး ရပ်တန့်သွားကြောင်း၊ ထို့အတွက် တိုက်ခန်းပိုင်ရှင်အား ဘက်ထရီအိုး အသစ်လဲလှယ်ရန် မီးသတ်တပ်ဖွဲ့က အကြံပေးခဲ့သည်ဟု သိရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
YawMinGyi

RangonNewsDaily:: Aug 15, 2013

RangonNewsDaily
kolatt (Pabedan): 15.8.2013

0 comments:

Post a Comment