Pages

Thursday, August 15, 2013

“ဆရာမင်းလူအတွက်ဆရာပန်းချီမျိုးမြင့်ရဲ့ အလွမ်း”

“ဆရာမင်းလူအတွက်ဆရာပန်းချီမျိုးမြင့်ရဲ့ အလွမ်း”

kolatt (Pabedan): 15.8.2013

စာရေးဆရာမင်းလူ.. ခဏခဏရေးဆွဲခဲ့ရတဲ့ သူ့ပုံတူတွေထဲက တပုံ။ "ငါ မင်းရုပ်ကြီးကိုကြည့်ပြီး ခဏခဏပုံတူမရေးချင်ဘူးကွာ .. အအိပ်ပျက် အစားပျက်ဖြစ်လွန်းလို့ .." 

ကျနော် ဘယ်လိုပဲ နှိပ်ကွပ်နှိပ်ကွပ် .. သူကတော့ ဒီပုံထဲကအတိုင်း စပ်ဖြဲဖြဲပဲ။ သြော် .. ခုတော့လဲ မင်း မရယ်နိုင်တော့ပါလား သူငယ်ချင်းရယ် .. ..။

by;Artist MyoMyint

(ပန်းချီပုံမှာဆရာပန်းချီမျိုးမြင့်ရဲ့ လက်ရာဖြစ်ပါတယ်)

ဆရာရဲ့ တက္ကသိုလ်မြေက လွမ်းဆွတ်စရာကဗျာလေးလဲဖော်ပြပေးလိုက်ပါတယ် ။ ကဗျာရဲ့ အနှစ်သာရနဲ့ ကျောင်းတော်ကြီးမှာတတ်ရောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေရဲ့
လူပ်ရှားမှုပုံရိပ်တွေကိုမြင်ယောင်စေလို့ပါ ။

ကိုလတ်(ပန်ဘဲတန်း)


ဘွဲ့ရသွားသော နှလုံးသား (မင်းလူ)
------------------------------------
အို သစ်ပုပ်ပင်

သင်၏ ထီးရိပ်အောက်တွင်
ချစ်တင်းဆိုခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို မျှော်စင်ကြီး ယုဒသန်
သင်၏ ရင်ခွင်အောက်တွင်
မိုးခိုခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို အင်းလျားကန်
သင်၏ ပခုံးစွန်းတွင် ထိုင်၍
အနမ်းမိုးစွေခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို ကံကော်တော
သင်၏ ဧည့်ခန်းထဲရှိ
ခုံတန်းပေါ်တွင် ထိုင်၍
နှုတ်ကတိ စာချုပ်များကို
ဖျက်ဆီး ပစ်လိုက်ကြရသူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို အဓိပတိလမ်း
သင်၏ ကြောကုန်းထက်ဝယ်
လွန်ခဲ့သော လေးနှစ်ကာလက
ဦးခေါင်းကိုမော့ ရင်ကိုကော့၍
အဖော်အပေါင်းများနဲ့အတူ
ပျော်ရွှင်စွာ လျှောက်ဝင်လာခဲ့ပြီး

ယခုအခါ
ဦးခေါင်းကို ငိုက်စိုက်ချလျှက်
တစ်ယောက်ထီးတည်း
ပြန်လည် ထွက်ခွာသွားရသူ တစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

စာမေးပွဲဟူသည်
ခွဲခွာခြင်း၏ အထိမ်းအမှတ်ဟု ဆိုပါလျှင်
ငါသည် ထာဝရ ခွဲခွာခြင်းအတွက်
စာမေးပွဲကို ဖြေခဲ့ပြီ။

ကျန်းမာ ချမ်းသာစွာ နေရစ်ကြပါလေ။

မင်းလူ

RangonNewsDaily:: Aug 15, 2013
စာရေးဆရာမင်းလူ.. ခဏခဏရေးဆွဲခဲ့ရတဲ့ သူ့ပုံတူတွေထဲက တပုံ။ "ငါ မင်းရုပ်ကြီးကိုကြည့်ပြီး ခဏခဏပုံတူမရေးချင်ဘူးကွာ .. အအိပ်ပျက် အစားပျက်ဖြစ်လွန်းလို့ .." ကျနော် ဘယ်လိုပဲ နှိပ်ကွပ်နှိပ်ကွပ် .. သူကတော့ ဒီပုံထဲကအတိုင်း စပ်ဖြဲဖြဲပဲ။ သြော် .. ခုတော့လဲ မင်း မရယ်နိုင်တော့ပါလား သူငယ်ချင်းရယ် .. ..။

by;Artist MyoMyint

(ပန်းချီပုံမှာဆရာပန်းချီမျိုးမြင့်ရဲ့ လက်ရာဖြစ်ပါတယ်)

ဆရာရဲ့ တက္ကသိုလ်မြေက လွမ်းဆွတ်စရာကဗျာလေးလဲဖော်ပြပေးလိုက်ပါတယ် ။ ကဗျာရဲ့ အနှစ်သာရနဲ့ ကျောင်းတော်ကြီးမှာတတ်ရောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေရဲ့
လူပ်ရှားမှုပုံရိပ်တွေကိုမြင်ယောင်စေလို့ပါ ။

ကိုလတ်(ပန်ဘဲတန်း)


ဘွဲ့ရသွားသော နှလုံးသား (မင်းလူ)
------------------------------------
အို သစ်ပုပ်ပင်

သင်၏ ထီးရိပ်အောက်တွင်
ချစ်တင်းဆိုခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို မျှော်စင်ကြီး ယုဒသန်
သင်၏ ရင်ခွင်အောက်တွင်
မိုးခိုခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို အင်းလျားကန်
သင်၏ ပခုံးစွန်းတွင် ထိုင်၍
အနမ်းမိုးစွေခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို ကံကော်တော
သင်၏ ဧည့်ခန်းထဲရှိ
ခုံတန်းပေါ်တွင် ထိုင်၍
နှုတ်ကတိ စာချုပ်များကို
ဖျက်ဆီး ပစ်လိုက်ကြရသူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

အို အဓိပတိလမ်း
သင်၏ ကြောကုန်းထက်ဝယ်
လွန်ခဲ့သော လေးနှစ်ကာလက
ဦးခေါင်းကိုမော့ ရင်ကိုကော့၍
အဖော်အပေါင်းများနဲ့အတူ
ပျော်ရွှင်စွာ လျှောက်ဝင်လာခဲ့ပြီး

ယခုအခါ
ဦးခေါင်းကို ငိုက်စိုက်ချလျှက်
တစ်ယောက်ထီးတည်း
ပြန်လည် ထွက်ခွာသွားရသူ တစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။

စာမေးပွဲဟူသည်
ခွဲခွာခြင်း၏ အထိမ်းအမှတ်ဟု ဆိုပါလျှင်
ငါသည် ထာဝရ ခွဲခွာခြင်းအတွက်
စာမေးပွဲကို ဖြေခဲ့ပြီ။

ကျန်းမာ ချမ်းသာစွာ နေရစ်ကြပါလေ။

မင်းလူ
 
RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): 15.8.2013

0 comments:

Post a Comment