Pages

Thursday, August 15, 2013

“ဆရာမင်းလူအတွက်ပန်းချီမင်းကျော်ခိုင်ရဲ့ အလွမ်း”

RangonNewsDaily:: Aug 15, 2013

သြော်....ခင်စရာကောင်းတဲ့ ကိုဥာဏ်ပေါ် (ကိုမင်းလူ)လည်းဆုံးသွားရှာပြီ.

တိုက်ပုံရယ်၊ ဆေးပေါ့လိပ်ရယ်၊ လွယ်အိပ်ရယ် အမြဲတတွဲတွဲရှိတဲ့သူ၊
ကျနော်တက္ကသိုလ်ပန်းချီခန်းမအဝင်၊ သူကတက္ကသိုလ်ကထွက်သွားပြီးပေမယ့် တက္ကသိုလ်အပေါ် အမြဲသံယောဇဉ်ကြီးတယ်၊ တက္ကသိုလ်ပန်းချီခန်းမကိုအမြဲလာတယ်၊ ကျနော်တို့ကျောင်းသားလူငယ်ဘာဝ ကျောင်းဝင်းထဲမှာရော၊မိန်းခလေးအဆောင်တွေကကျောင်းသူတွေနဲ့
 ဖြစ်တဲ့ အီစီကလီဇာတ်လမ်းတွေ လာလာမေးတတ်တယ်၊ သူတို့ခေတ်တုန်းက တယောက်ယောက်ကရင်ဖွင့်ချင်တယ်ဆိုရင် အလားကားပြောလို့မရဘူး၊ လ္ဘက်ရည်တိုက်ပြီးပြောရတယ် ဒါမှနားထောင်ပေးကြတာ....
ကျနော်တို့က အဲဒီဓလေ့ကိုတော်လှန်ပစ်လိုက်တယ်၊ သိချင်ရင် ပြောပြမယ်၊ အလကားမရဘူး လ္ဘက်ရည် (အီကို Canteen က ကိုအောင်ရင့်လ္ဘက်ရည်ဆိုင်မှာ..တခါတလေ ဦးချစ်ဆိုင်ပေါ့)၊ ဒူးယားစီးကရက်၊ ဒါတွေအပြင် ဒေါ်ချို ဆီချက်ခေါက်ဆွဲတောင်ပါလိုက်သေး...
ကျနော်တို့ ညီငယ်တွေအပေါ် အမြဲ အလိုလိုက်တဲ့အပြင် သူတို့ကျောင်းသားဘဝက ဇာတ်လမ်းတွေလည်းပြန်ပြန်ပြောပြတတ်တယ်...ညဘက်သန်းခေါင်ကျော် ဘွဲ့နှင်းသဘင်ခန်းမရှေ့ အဓိပတိလမ်းမကြီးပေါ်ပက်လက်လှန်အိပ်ရင်း ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးကိုကြည့်ပြီးကဗျာတွေစပ်ခဲ့တဲ့သူ.....
အံကြိတ်ပြီးတော်လှန်ကဗျာတွေစပ်ခဲ့တဲကသူ...
ကောင်းမွန်ရာဘုံဘဝမှာ စာတွေကဗျာတွေဆက်ရေးနိုင်ပါစေကိုဥာဏ်ပေါ်ရေ....

လွမ်းတမ်းတလျက်..
(မင်းကျော်ခိုင်)Min Kyaw Khine
 RangonNewsDaily
kolatt (Pabedan): 15.8.2013

0 comments:

Post a Comment