Pages

Monday, March 25, 2013

တပ်ကုန်း၊ ရွေးစုရွာတွင် ဗလီကို စတင်ဖျက်ဆီးနေ (Breaking News)

မတ်လ ၂၅၊ ၂၀၁၃ ည ၁၀နာရီ
တပ်ကုန်း ။ ။ တပ်ကုန်း၊ ရွေးစုရွာရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များကို စတင် ဖျက်ဆီးနေကြောင်းသတင်းရရှိပါ
သည် တပ်ကုန်း၊ ရွေးစုရွာတွင် မွတ်စလင်မ်အိမ်ခြေ(၂၀)နှင့် မွတ်စလင်မ်ဦးရေ(၈၇)ယောက်သာရှိပြီး ဗလီ
တစ်လုံးလည်းရှိသော ရွာဖြစ်ပါသည်။

ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်းထွက်ပေါ်နေသည့် ရန်ကုန် တိုင်း ဒေသကြီး အတွင်းရှိ တာမွေ၊ မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များ၌လှုံခြုံရေးတိုးမြင့်ထား

ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တာမွေ၊ မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များ၌ ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက လမ်းအလိုက် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်၍ မတ်လ၂၅ ရက်နေ့ညပိုင်းတွင်ရန်ကုန်
တိုင်း ဒေသကြီး အတွင်းရှိ တာမွေ၊ မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များ၌ ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက လမ်းအလိုက် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွာပြောင်းရွှေ့ရေးကိစ္စ ညှိနှိုင်းမှု မရှိပါက ချာခန်းဒေသခံများ လက်မခံနိုင်

မတ်လ ၂၅ ရက်၊ ၂၀၁၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထိန်ကြီးကျေးရွာအုပ်စု အတွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း နယ်မြေ တွင် ပါဝင်နေသည့် ချာခန်းဒေသကို ပြောင်းရွှေ့ပေးရန် သက်ဆိုင်ရာမှ ဖိအားပေး ခိုင်းစေနေသော်လည်း စေ့စပ် ညှိနှိုင်းမှု မရှိပါက ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း ချာခန်းဒေသခံများက ပြောသည်။

မန္တလေးက ကျူးကျော်အိမ်ရှင်တွေကို ရုံးတင်စစ်ဆေး

မန္တလေးက ကျူးကျော်အိမ်ရှင်တွေကို ရုံးတင်စစ်ဆေး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာရှိတဲ့ ကျူးကျော်အိမ်တွေကို အခုမတ်လအတွင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ဖယ်ရှားရှင်းလင်းရာမှာ ပြန်လည်ဟန့်တားခဲ့တဲ့ ဒေသခံ ၁၂ ဦးကို တရားစွဲဆိုပြီး ဒီကနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဒေသခံတွေကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ပုဒ်မ (၃၅၃) ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ(၁၁၄) အားပေးကူညီမှု၊ ပုဒ်မ(၄၄၇) ပိုင်နက်ကျူးလွန်မှုစတဲ့ ပုဒ်မတွေနဲ့ တရားလို ပြုလုပ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တရားစွဲခံရတာနဲ့ ပတ်သက်ပြီး ဒေသခံ ဒေါ်ရှမ်းမက RFA ကို အခုလို ပြောပါတယ်။

“တကယ်နေဖို့နေရာ လိုအပ်လွန်းလို့သာ ကျမတို့ကဝင်တာ၊ သူတို့ကို တော်လှန်တာလည်း မရှိဘူး၊ ပုန်ကန်တာလည်း မရှိဘူး၊ ဘာတစ်ခုမှ ကျမတို့ တုတ်ဓားဆွဲပြီးတော့ လုပ်တာလည်းမရှိဘူး၊ အခုကျမတို့က သူတို့ရဲ့လုပ်ငန်းကို နှောင့်ယှက်ပါတယ်ဆိုပြီးတော့မှ ကျမတို့ကို ပြန်ပြီးတရားစွဲတာ”

ဒီနေ့ရုံးမှာ တရားစွဲဆိုခံရသူတွေထဲက ၁၁ ဦးကို ကိုယ်တိုင်ခံဝန်ချက်နဲ့ အာမခံပေးခဲ့ပြီး ကျန်တဲ့ ၁ ဦးကိုတော့ တရားရုံးကို ရောက်မလာတဲ့အတွက် အာမခံမပေးခဲ့ပါဘူး။ ဒီအမှုကို လာမယ့်ဧပြီလ ၈ ရက်နေ့မှာ ပြန်လည်ရုံးချိန်းခေါ်ဆိုထားပါတယ်။

အဲ့ဒီကျူးကျော်အိမ်တွေကို ပြီးခဲ့တဲ့နှစ်က အာဏာပိုင်တွေက မြေတူးစက်တွေနဲ့ အဓမ္မဖယ်ရှား ရှင်းလင်းခဲ့ပေမယ့် ဒီနေရာမှာပဲ မိသားစု ၃၀ လောက်က ပြန်ပြီးအခြေချနေထိုင်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် အာဏာပိုင်တွေက အခုလ ၃ ရက်နေ့မှာ ထပ်မံဖယ်ရှားရှင်းလင်းခဲ့တာကို ဒေသခံတချို့က ပြန်ပြီးဟန့်တားခဲ့ကြတာပါ။

Re-Post By ACM 25-3-2013
အေးချမ်းမွန် Credit & Copy From >> RFA Burmese<< Thank

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာရှိတဲ့ ကျူးကျော်အိမ်တွေကို အခုမတ်လအတွင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ဖယ်ရှားရှင်းလင်းရာမှာ ပြန်လည်ဟန့်တားခဲ့တဲ့ ဒေသခံ ၁၂ ဦးကို တရားစွဲဆိုပြီး ဒီကနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

A Muslim-owned factory set on fire in Yamethin

A Muslim-owned factory set on fire in Yamethin
----------------------
M-Media
March 24, 2013
War Pin Lay

According to a resident from Yamethin, a Muslim-owned beef can factory in Shwe Dar village in Yamethin township was destroyed on March 23 at 7PM.

Buddhists extremists destroyed the factory and stole properties from the factory. The factory was then set on fire.

A resident from Yamethin told M-Media, “In this village, there is one factory owned by Muslim. Fire started since 7 pm yesterday and it didn’t end until this morning. Nobody got hurt because they already left for other places since they heard of violence”.

The resident told that the chairman of National Assembly Khin Aung Myint, who is from Yamethin constituency, arrived at the scene at 8 in the morning. At noon, he met inter-faith organizations and members of Union Solidarity and Development Party and said, “our religion is not the one that spreads religion by setting things on fire”.

He urged that people not write and distribute anything that destroy peaceful relations between different religious groups. He also suggested that Buddhist trouble-makers be investigated, and that everyone should work together not to let violence happen in their constituency.

Khin Aung Myint also visited Ywar Tan village where all Muslim houses were burnt to ground last night.

M-Media talked to beef factory owner Lay Hein Tun. He said, “The factory had been closed down by the authority since much earlier, but the rioters came in to destroy it. The building itself is expensive. I lost about 300 to 400 million kyat. The factory’s security guard, who is a Buddhist, had to run away as he was also attacked. There are two huts and betel farm in the area, which were all destroyed”.

Lay Hein Tun called Yamethin district chairman and district officer for help when his factory was under fire. The authorities  replied that they could not help because Ywar Tan was also on fire. They suggested that Lay Hein Tun not go to the factory.

http://m-mediagroup.com/en/archives/7628

More photos at http://www.facebook.com/media/set/?set=a.517603388282136.1073741841.468226919886450&type=1&l=235ce5ef7e

March 24, 2013
According to a resident from Yamethin, a Muslim-owned beef can factory in Shwe Dar village in Yamethin township was destroyed on March 23 at 7PM. Buddhists extremists destroyed the factory and stole properties from the factory. The factory was then set on fire. A resident from Yamethin told M-Media, “In this village, there is one factory owned by Muslim. Fire started since 7 pm yesterday and it didn’t end until this morning. Nobody got hurt because they already left for other places since they heard of violence”.

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို 

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၂၅ ရက်

ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကြောင်း  Shan Herald Agency for News (SHAN) သတင်းတရပ်တွင်
ဖေါ်ပြထားသည်။

UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun)က လားရှိုးမြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။

တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန်လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။

“ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းနေပါတယ်။ ဒါသူတို့အခွင့်အရေးပါ။ ဝ,ရဲ့ တောင်းဆိုမှုကို ဆန့်ကျင်မယ့်သူတွေလည်း ရှိပါတယ်။ သူတို့ (အခွင့်အရေး)ကိုလည်း ပိတ်ပင်လို့ မရပါဘူး” ဟု ဦးခွန်ဆိုင်း က ပြောသည်။

ထို့ပြင် ခွဲထွက်ခြင်းမပြုသည့် အဖြေတရပ်ရရန် ဆွေးနွေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်း-ကယား ညီလာခံသို့ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့် လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။ ဗြိတိန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံ သံရုံးများမှ  သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

UWSA မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား သုံးသောင်းကျော်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ တွင် နှစ်မြို့နယ်သာ ကျင်းပနိုင်ခဲ့သည်။

မိဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၂၅ ရက်

ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကြောင်းShan Herald Agency for News (SHAN)သတင်းတရပ်တွင်
ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စသောမြို့နယ်တို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ဆိုင်များမဖွင့်ရန် ဒေသန္တရအမိန့်များ ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စသောမြို့နယ်တို့တွင် ည ၉ နာရီမှနံနက်၅ နာရီအတွင်း ဆိုင်များမဖွင့်ရန် ဒေသန္တရအမိန့်များ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါအမိန့်များသည် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်အရ ထုတ်ပြန်နိုင်သော အမိန့်များဖြစ်သည်။

ဇာတ်ကားနာမည်ကို’သမ္မတထံပေးစာ’ကနေ ‘လူကြီးမင်း ခင်ဗျား’လို့ပြောင်း လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ပြေတီဦး

ဇာတ်ကားနာမည်ကို’သမ္မတထံပေးစာ’ကနေ ‘လူကြီးမင်း ခင်ဗျား’လို့ပြောင်း
လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ပြေတီဦး
Monday, March 25, 2013

လတ်တလောမှာ ပြေတီဦးက ‘လူကြီးမင်းခင်ဗျား’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ဝတ်မှုံရွှေရည်နဲ့ ပြင် ဦးလွင်မှာရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားကို အရင်တုန်း
က သမ္မတထံ ပေးစာလို့ နာမည်ပေးထားတာဖြစ် ပြီး ဒီနာမည်ကခွင့်ပြုချက်မရ
တဲ့ အတွက်’လူကြီးမင်းခင်ဗျား’ လို့ ပေး ဖြစ်သွားတြာ ဖစ်ကြောင်း ပြောပါ တယ်။ 
‘သမ္မတထံပေးစာ’ ဆိုတဲ့ နာ မည်ကို ဘာကြောင့် ခွင့်ပြုချက်မရ တာလဲဆိုတာကို နားမလည်ဖြစ်ရ ကြောင်း ကို ပြေတီ ဦးက”ကျွန်
တော် တို့က အပျက်သဘောဆောင်ပြီး ရိုက်တဲ့ဇာတ်ကားမျိုးလည်း
မဟုတ် ဘူး။

ဒါအပြုသဘောဆောင်ခြင်း အားဖြင့် သမ္မတရဲ့ဂုဏ်ကို လည်း မြှင့်တင်ပေး
တာတောင် ဘာကြောင့် ဒီနာမည်ပေးလို့မရတာလဲဆိုတာကို ကျွန်တော်
လည်း နားမလည်ဘူး။ သမ္မတနဲ့ ပတ်သက်တဲ့အေ ကြာင်း အရာတွေ နည်းနည်းပါး ပါးပါတယ်။

အခက်အခဲတွေတင်ပြတဲ့ သဘောမျိုး တွေ ပေါ့။ဒါကို သမ္မတဘက်က လိုက်လျောပေးလို့ အားလုံးစိတ် ချမ်းသာပြီးပျော်ရွှင်သွားကြတဲ့ ပုံစံ မျိုးတွေပါပါတယ်။ကျွန်တော်တို့က အပျက်သဘောဆောင်လို့ ခွင့်မပြု ဘူးဆိုရင် တစ်မျိုးပေါ့။ ကျွန်တော် တို့ကအပြုသဘောဆောင်တာပါ။

အဲဒါကို မရဘူးဆိုတော့ တော်တော် နားမလည်နိုင်ဘူး” လို့ပြောပါတယ်။
လတ်တလောမှာ ရုပ်ရှင်အစည်း အရုံးမှာဖြစ်ေ ပ်ါနေတဲ့ကိစ္စရေးရာ တွေ
အပေါ် သူ့ရဲ့အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အမှန်ကတော့ အားလုံးက ပြေပြေလည်လည်ညှိညှိနှိုင်းနှိုင်း နဲ့သွားနေ
တဲ့ လမ်းကြောင်းတစ်ခုကို အားလုံးအကောင်းဆုံးဝိုင်းဝန်း စဉ်း စားပြီး ပူးပေါင်းသင့်တာပေါ့။ ဒီ ရုပ်ရှင်အစည်းအရုံးဆိုတာ ကျွန် တော်တို့ ကိုယ်
တိုင် အပါအဝင် အားလုံးကသဘောတူညီစွာနဲ့ ရွေးကောက်တင်မြှောက်
ထားတဲ့ ရုပ်ရှင်အစည်းအရုံးလေ။အနုပညာ လောကမှာ ကိုယ်ပိုင်ဆုံး ဖြတ်
ချက်တွေနဲ့ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဥာဏ်တွေနဲ့ အားလုံးအောင်မြင်အောင်
ကြိုး စားခဲ့တဲ့ လူတွေတော်တော်များများပါတယ်။

ဒီလောက်လူတွေအများကြီးကဒီအဖွဲ့အစည်းကိုတစ်ညီတစ်ညွတ်
တည်း ထောက်ခံထား တယ်ဆိုရင် ဒါက အကြောင်းမဲ့ သက်သက်
တော့ မဖြစ်နိုင်ပါဘူး။ဒီ အပေါ်မှာ အပြုသဘော ဆောင်တယ် ဆိုတာကိုလည်း နားလည်တယ်။

လက်ခံလို့ရတယ်။ဒါပေမဲ့အပြုသဘောဆောင် တယ်ဆိုရင်ပြေပြေလည် လည်ညှိညှိနှိုင်းနှိုင်း လေးနဲ့ ၊စည်းစည်းလုံးလုံးလေးနဲ့ သွားမယ်ဆိုတဲ့ လမ်းကြောင်းကိုပဲ စတင်ရွေးချယ်သင့်တယ်။အခုကတော့ ပြဿနာတွေ မဖြစ်စေချင်ဘဲနဲ့ ဖြစ်သွားပြီပေါ့လေ။

ဒီအပေါ်မှာ ကျွန်တော်တို့ ဘာမှ ပြန်ပြီးလုပ်လို့မရတော့ဘူး။ ရှေ့ဆက်ပြီး
တော့ စည်းစည်းလုံးလုံးနဲ့သွားနိုင် ပါစေပဲ ဆုတောင်းပါတယ်” လို့ ပြောပါ
တယ်။

ခိုင်ဝေလွင်
Popular Journal

Monday, March 25, 2013

လတ်တလောမှာ ပြေတီဦးက ‘လူကြီးမင်းခင်ဗျား’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ဝတ်မှုံရွှေရည်နဲ့ ပြင် ဦးလွင်မှာရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားကို အရင်တုန်း က သမ္မတထံ ပေးစာလို့ နာမည်ပေးထားတာဖြစ် ပြီး ဒီနာမည်ကခွင့်ပြုချက်မရ တဲ့ အတွက်’လူကြီးမင်းခင်ဗျား’ လို့ ပေး ဖြစ်သွားတြာ ဖစ်ကြောင်း ပြောပါ တယ်။ ‘သမ္မတထံပေးစာ’ ဆိုတဲ့ နာ မည်ကို ဘာကြောင့် ခွင့်ပြုချက်မရ တာလဲဆိုတာကို နားမလည်ဖြစ်ရ ကြောင်း ကို ပြေတီ ဦးက”ကျွန် တော် တို့က အပျက်သဘောဆောင်ပြီး ရိုက်တဲ့ဇာတ်ကားမျိုးလည်း မဟုတ် ဘူး။

ရန်ကုန်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်သည်ဆိုသော သတင်းမဟုတ်မှန်ဟုဆို

Monday, March 25, 2013

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန်ရန်အတည်ပြုဆုံးဖြတ်လိုက် သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

၁၂၄ အထူး ယာဉ်အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ယာဉ်များကိုဝင်တိုက်

၁၂၄ အထူး ယာဉ်အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ယာဉ်များကိုဝင်တိုက်
Monday, March 25, 2013

ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ အမှတ် ၁၂၄ အထူး ယာဉ်သည် ရန်ကုန်မြို့ ပြည်လမ်း နှင့် မင်းရဲကျော်စွာလမ်း
ထောင့် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်ကြော ညာဘက်အခြမ်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်း အုတ်နံရံကို အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့မှု ဖြစ်
စဉ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ 

ယင်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းအပြင်
ဘက်ရှိ ရပ်နားထားသည့် Probox အမျိုး အစား မော်တော်ယာဉ် ၁ စီးကြေမွပျက်စီးခဲ့ပြီး အခြားယာဉ် ၄ စီးကိုလည်း ထိခိုက်မှုများဖြစ်
ပေါ်ခဲ့ကြောင်း သိရ သည်။ 

အဆိုပါ အဖြစ်အပျက်ကို မျက်မြင်တွေ့ရှိလိုက်သည့် ယာဉ်ရောင်း
ဝယ်ရေးစခန်းရှိ စည်ပင်ဝန်ထမ်းတစ်ဦးက "မနက် ၆ နာရီဝန်းကျင် မှာ ဖြစ်တာ ၊ခရီးသည် ၂၀ လောက်ပါတယ် ဒါပေမယ့် ထိခိုက်ဒဏ်
ရာတော့ မရှိကြပါဘူး ၊ အရှိန်က အရမ်းပြင်းတယ် သူတက်ကြိတ်
ထားတဲ့ Probox က ဂျမ်းတုန်းသဘောမျိုးဖြစ်ပြီး အရှိန်သေ သွား
တာနို့မို့ဆိုရင် ကျွန်တော်တို့စည်ပင်ရုံးကိုပါ ၀င်တိုက်မိနိုင်တယ် အခုအရှိန်နဲ့တောင် စည်ပင်ရုံးရဲ့ အနောက်က သန့်စင်ခန်းတွေ 
တိုက်မိသွား တယ်" ဟု ယင်းကပြောသည်။ 

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လမ်းဘေးရှိ အမျိုးသမီး တစ်ဦးအား ယာဉ်ဖြင့် ထိ
ခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ "ကားပေါ်ကလူတွေ ဘာမှမဖြစ်
ပေမယ့် လမ်းဘေးက လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်
တော့ ကားတွေနဲ့ ညပ်တာတော့ဖြစ်သွားတယ် ၊ ဒဏ်ရာရသွား တာပါ စိုးရိမ်စရာတော့ မရှိပါဘူး " ဟု ယာဉ်တိုက်မှု ကို ကြီးကြပ် နေသည့် ယာဉ်ထိန်းရဲ အရာရှိ တစ်ဦး ကပြောသည်။ 

ကျော်ဇေယျ ၊ သတင်း ဓာတ်ပုံ ရဲနောင်(ဖယ်ခုံ) 
Yangon Media Group

Monday, March 25, 2013

ယနေ့နံနက်၆နာရီဝန်းကျင်တွင်မြောက်ပိုင်းခရိုင်ယာဉ်လိုင်းမှအမှတ်၁၂၄အထူးယာဉ်သည် ရန်ကုန်မြို့ ပြည်
လမ်း နှင့် မင်းရဲကျော်စွာလမ်း ထောင့် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်ကြော ညာဘက်အခြမ်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်း အုတ်နံရံကို အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့မှု ဖြစ် စဉ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများသို့ ဆက်သွယ်ရန် ဖုန်းနံပတ်များ

ဧရာဝတီတိုင်းအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများသို့ ဆက်သွယ်ရန် ဖုန်းနံပတ်များ

(၁) တိုင်းရဲတပ်ဖွဲ့မှူးရုံး - ဝ၄၂-၂၅၈၂၂၊ ဝ၄၂-၂၄၆၅၂ ဝ၊ ၄၂-၂၄၉၃၅
(၂) တိုင်းတာဝန်မှူး - ဝ၄၂-၂၁ဝ၃ဝ

(၃) ခရိုင်ရဲတပ်ဖွဲ့မှူး(ပုသိမ်) - ဝ၄၂-၂၅၁ဝ၇
(၄) ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး - ဝ၄၂-၂၁ဝဝ၅

အကြမ်းဖက် သွေးထိုးလှုံဆော် သူများတွေ့ရှိလျှင် တာဝန်သိပြည်သူများမှ ပြည်သူ့ရဲတပ်ဖွဲ့သို့ ဆက်သွယ်ကြပါ

“ မန္တလေးမြို့မှ မိဘပြည်သူများအတွက် ”
••••••••••••••••••••••••••••••••••

“ မိမိတို့ မြို့တွေ ရပ်ကွက်တွေမှာဖြစ်ဖြစ် မသင်္ကာစရာများ
တွေ့ရင်ဖြစ်ဖြစ်၊ူပူမှုတွေ ဖြစ်လာအောင် သွေးထိုးလှုံဆော်
သူများတွေ့ရှိလျှင် တာဝန်သိပြည်သူများမှ ပြည်သူ့ရဲတပ်ဖွဲ့သို့ ဆက်သွယ်ကြပါ အရေးပေါ်ဆက်သွယ် ဆက်သွယ်နိုင်ရန်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန်
ဖုန်းနံပါတ်များ

၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇

၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈

၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉

၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁

၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁

၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂

၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃

၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄

၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅

၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅

၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆

၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀

၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈

၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉

၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉

၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈

၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅

၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇

၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂

၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁

၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉

၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂

၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃

၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂

၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄

၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂

၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆

၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃

၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁

၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃

၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆

၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇

၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄

၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁

၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂

၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃

၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄

၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅

၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄

၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄

၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆

၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅

၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅

၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉

၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄

၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁

၄၇။ ဝမ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇

၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃

၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆

၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄

၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉

၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀

၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄

၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄

၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉

၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉

၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃

၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

Source : www.facebook.com/youngbuddhistassociation.mm


Re-Post By ACM 25-3-2013
အေးချမ်းမွန် Credit & Copy From >> Young Buddhist's Association << Thank

မိမိတို့ မြို့တွေရပ်ကွက်တွေမှာဖြစ်ဖြစ်မသင်္ကာစရာများ တွေ့ရင်ဖြစ်ဖြစ်၊ူပူမှုတွေ ဖြစ်လာအောင် သွေးထိုး
လှုံဆော်သူများတွေ့ရှိလျှင်တာဝန်သိပြည်သူများမှ ပြည်သူ့ရဲတပ်ဖွဲ့သို့ ဆက်သွယ်ကြပါ အရေးပေါ်ဆက်
သွယ် ဆက်သွယ်နိုင်ရန်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန်
ဖုန်းနံပါတ်များ

ဘာသာရေးခေါင်းဆောင်များနှင့် အစိုးရအဖွဲ့တွေ့ဆုံ

တနင်္လာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၃ ခုနှစ် 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့ရှိ ဘာသာရေးခေါင်းဆောင်များ ယနေ့ညနေတွင် ရန်ကုန်တိုင်းဒေသကြီးရုံးတွင် အစည်းအဝေးထိုင်နေကြောင်း အစ္စလာမ်သာသနာရေး ကောင်စီဌာနချူပ် အတွင်းရေးမှူး ဦးညွှန့်မောင်သျှိန် မှ မဇ္ဈိမသို့ ပြောသည်။

အစွန်းရောက် အကြမ်းဖက်သမာတို့ရဲ့ ဘာသာရေး၊ လူမျိုးရေးနှင့် သက်ဆိုင်သည့် ကောလာဟလ ထုတ်လွှင့်မှု အချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းများ ပိတ်သိမ်း

ဘာသာရေး၊ လူမျိုးရေးနှင့် သက်ဆိုင်သည့် ကောလာဟလ ထုတ်လွှင့်မှု အချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းများမှာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်တွင် လူမျိုးရေး၊ ဘာသာရေးနှင့် သက်ဆိုင်သည့် ကောလာဟလများ ထုတ်လွှင့်မှုကြောင့် ဆိုင်ခန်းပိုင်ရှင်များမှာ ဆက်လက်ရောင်းချခြင်း မပြုပဲ ဆိုင်ခန်းအချို့ ပိတ်သိမ်းခြင်းဖြစ်သည်။

မင်္ဂလာဈေးရှိ ဆိုင်ခန်းများအား လုံးပိတ်သိမ်းခြင်း မဟုတ်ပဲ ဆိုင်ခန်းအချို့မှ ပိတ်သိမ်းခြင်း၊ ဗညားဒလ လမ်းမပေါ်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်းခြင်း ဖြစ်သည်။

မင်္ဂလာဈေးမှ ဈေးကော်မတီနှင့် တာဝန်ရှိသူများကမူ စိုးရိမ်စရာ မရှိကြောင်း၊ ဆက်လက်၍ ဆိုင်ခန်းဖွင့်လှစ် ရောင်းချနိုင်ကြောင်းကို ဆက်တိုက်နီးပါး ကြေညာပေးလျှက်ရှိပြီး တာဝန်ရှိသူများ၊ တာဝန်ကျ ရဲဝန်ထမ်းများလည်း လာရောက်ဆောင်ရွက်ပေးလျှက် ရှိသည်ဟု သိရသည်။
ယခုဖြစ်စဉ်အရ မည်သည့်အကြောင်းရင်း တစ်စုံတစ်ရာမရှိပဲ ကောလာဟလ ထုတ်လွှင့်နေသူများကြောင့် ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၄ ရက်နေ့ညကလည်း ကားတစ်စီးဖြင့် လူတစ်စုမှ လိုက်လံ၍ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဗလီတွေကို ဖျက်နေပြီဟူသော သတင်းမှားများ ထုတ်လွှင့်ကာ ဆူပူစေရန် လှုံ့ဆော်မှု ဖြစ်ပွားခဲ့သည်။

ဘာသာရေး၊ လူမျိုးရေးနှင့် သက်ဆိုင်သည့် ကောလာဟလ ထုတ်လွှင့်မှု အချို့ကြောင့် မင်္ဂလာဈေးနှင့် ယု
ဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းများမှာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်
နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်တွင် လူမျိုးရေး၊ ဘာ
သာရေးနှင့် သက်ဆိုင်သည့် ကောလာဟလများ ထုတ်လွှင့်မှုကြောင့် ဆိုင်ခန်းပိုင်ရှင်များမှာ ဆက်လက်
ရောင်းချခြင်း မပြုပဲ ဆိုင်ခန်းအချို့ ပိတ်သိမ်းခြင်းဖြစ်သည်။

iPhone ကို ငါးနှစ်ဒိတ်အောက်သည်ဟု Blackberry ဘော့စƟ