Pages

Monday, March 25, 2013

ဘာသာရေးခေါင်းဆောင်များနှင့် အစိုးရအဖွဲ့တွေ့ဆုံ

တနင်္လာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၃ ခုနှစ် 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့ရှိ ဘာသာရေးခေါင်းဆောင်များ ယနေ့ညနေတွင် ရန်ကုန်တိုင်းဒေသကြီးရုံးတွင် အစည်းအဝေးထိုင်နေကြောင်း အစ္စလာမ်သာသနာရေး ကောင်စီဌာနချူပ် အတွင်းရေးမှူး ဦးညွှန့်မောင်သျှိန် မှ မဇ္ဈိမသို့ ပြောသည်။
၎င်းက “အခု အစည်းအဝေး သွားနေပါပြီ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာပါ” ဟု အတည်ပြု ပြောဆို
သည်။

မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်အရောင်းအ၀ယ်မှစတင်ခဲ့သည့် မိတ္ထီလ ပဋိပက္ခအရေးအခင်း ဖြစ်ပြီးနောက်

 ရန်ကုန်မြို့တွင် ကူးစက်မည်ကို စိုးရိမ်သဖြင့် ထွက်ရှိနေသော ကောလဟာလဖြစ်စဉ်များအား အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဘာသာရေးခေါင်းဆောင်များကအဖြစ်မှန်များ ပြန်လည်ချပြမည် ဖြစ်သဖြင့်ယခုလို တွေ့
ဆုံခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ကိုယ့်ဘာသာဝင်တွေကို ကိုယ်ထိန်းကြဖို့ အစိုးရအဖွဲ့က ခေါ်ညှိတာပါ၊ အခမ်းအနားက ဒီနေ့လုပ်မှာ

ပါ။ အခုတော့မစသေးပါဘူး” ဟုဆိုသည်။

ခေါ်ယူတွေ့ဆုံရာတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္နူဘာသာနှင့်ခရစ်ယာန်ဘာသာတို့မှ ဘာသာရေး

ခါင်းဆောင်များ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။


ရန်ကုန် (မဇ္ဈိမ),Rangonnewsdaily
RND:  :25.3.2013

0 comments:

Post a Comment