Pages

Monday, March 25, 2013

ကိုရီးယားသွားခွင့် စာမေးပွဲ ကွန်ပြူတာဖြင့်သာ ဖြေဆိုရတော့မည်

ကိုရီးယားသွားခွင့် စာမေးပွဲ ကွန်ပြူတာဖြင့်သာ ဖြေဆိုရတော့မည်

မတ်လ ၂၅ ရက်၊ ၂၀၁၃

ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် ခွင့်ရရန် ကွန်ပြူတာအခြေပြု စစ်ဆေးသည့် ပုံစံဖြင့် ပြောင်းလဲစစ်ဆေးတော့မည်ဟု သိရသည်။

သမာရိုးကျ အဖြေလွှာ စာရွက်ဖြင့် ဖြေဆိုသည့် စနစ်မှ ပြောင်းလဲ စစ်ဆေးနိုင်ရန်အတွက် ကွန်ပြူတာအခြေပြုစာစစ်ဌာနကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် အလုပ်သမား အလုပ်ကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ၀န်ကြီး ဦးမောင်မြင့်၊ ၀န်ကြီးဌာန ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှုအဖွဲ့အစည်း(HRD Service of Korea)မှ ဒုတိယ ဥက္ကဌ Mr. Lee Choon Book နှင့် သက်ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးချုပ်များ ၀န်ထမ်းများ တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် ဘာသာစကား အားနည်းမှုများ မရှိစေရန် အရည်ချင်းစစ် စာမေးပွဲများကို သေချာစွာ စိစစ်ကြပ်မတ်၍ အလုပ်သမားစေလွှတ်နိုင်မည်ဖြစ်ပြီး အလုပ်သမား ခေါ်ယူမှုကိုလည်း လျှင်မြန်စွာ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ ကိုရီးယားနိုင်ငံသို့ ၂၀၀၈ မှ တရားဝင်လုပ်သားများကို စာမေးပွဲဖြေဆို ရွေးချယ်၍ စေလွှတ်ခဲ့ရာ ယခုနှစ်အထိ လုပ်သား ၇၀၀၀ ကျော် စေလွှတ်ပြီးကြောင်း သိရသည်။

Popular

မတ်လ ၂၅ ရက်၊ ၂၀၁၃

ကိုရီးယားနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရရန်ကွန်ပြူတာအခြေပြုစစ်ဆေးသည့် ပုံစံဖြင့် ပြောင်းလဲ
စစ်ဆေးတော့မည်ဟု သိရသည်။ သမာရိုးကျအဖြေလွှာစာရွက်ဖြင့်ဖြေဆိုသည့်စနစ်မှပြောင်းလဲစစ်ဆေးနိုင်ရန်အတွက် ကွန်ပြူတာအခြေပြု
စာစစ်ဌာနကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် အလုပ်သမား အလုပ်ကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ၀န်ကြီး ဦးမောင်မြင့်၊ ၀န်ကြီးဌာန ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှုအဖွဲ့အစည်း(HRD Service of Korea)မှ ဒုတိယ ဥက္ကဌ Mr. Lee Choon Book နှင့် သက်ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးချုပ်များ ၀န်ထမ်းများ တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် ဘာသာစကား အားနည်းမှုများ မရှိစေရန် အရည်ချင်းစစ် စာမေးပွဲများကို သေချာစွာ စိစစ်ကြပ်မတ်၍ အလုပ်သမားစေလွှတ်နိုင်မည်ဖြစ်ပြီး အလုပ်သမား ခေါ်ယူမှုကိုလည်း လျှင်မြန်စွာ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာကိုရီးယားနိုင်ငံသို့၂၀၀၈မှတရားဝင်လုပ်သားများကို စာမေးပွဲဖြေဆို ရွေးချယ်၍ စေလွှတ်ခဲ့ရာ ယခုနှစ်အထိ လုပ်သား ၇၀၀၀ ကျော် စေလွှတ်ပြီးကြောင်း သိရသည်။

Popular Myanmar News:,Rangonnewsdaily
RND:  :25.3.2013

0 comments:

Post a Comment