Pages

Monday, August 5, 2013

Taxi သမားမို့လျှော့ပေးလိုက်တာဆိုတဲ့ လိမ်လည်ကားအတိုက်ခံပြီးလျှော်ကြေးတောင်းတဲ့ဖြစ်ရပ်

RangonNewsDaily:: Aug 5, 2013

ဒါကတော့ Taxi သမားတစ်ဦးရဲ့ကိုယ်တွေဖြစ်ရပ့်လေးပါ။
ကျွန်တော်ကိုယ်တိုင် ပြီးခဲ့တဲ့တစ်ပတ် လောက်ကမှဖြစ်ထားတာလေးပါ(၂၈.ရ.၂၀၁၃)ကားမောင်း
နေကြတဲ့ ညီအကိုမောင်နှမ အပေါင်း တို့ ခင်ဗျာကျွန်တော် ဒီနေ့ ခံလိုက်ရတဲ့ အတွေ့ အကြုံလေး
ကိုဝေမျှ ချင်လို့ ပါ ။ ကျွန်တော် မနက် ၁၁ နာရီ ၀န်းကျင်မှာ ယုဇန် ပလာဇာ ဘက်သို့ ကျောက်မြောင်း အတွင်းမှ ဖြတ်အသွား ဒဂုံသီရီလမ်း သွယ်အရောက်တွင် ဆိုကကားနောက်တွင်ထိုင်နေသော အမျိုးသမီးတစ်ဦးနှင့်ကျွန်တော်ကားတိုက်မိပါသည်။ယင်းအမျိုးသမီးကို ကျွန်တော် ကားနှင့်တိုက်မိတာက သူ့ ဆိုက်ကားနောက်တွင်စီးသော ဖိနပ်အမြင့်နှင့်ဖြစ်ပါသည်။

ယင်းဖိနပ်အမြင့်ကို တိုက်မိသောကြောင့် တိုက်ခံရသူအမျိုးသမီးမှာ ခြေဖမိုးတွင်အနည်းငယ်ရောင်ရမ်းပီး ဆေးလိပ်ဖင်စီခံလောက်သာပေါက်ပြဲခဲ့ပါသည်။ကျွန်တော်လဲ ယင်းအမျိုးသမီးငယ်အား လူသားချင်းစာနာစွာဖြင့် သျင်ပါကူဆေးခန်းတွင်ဓာတ်မှန်မှ အစပြုပြီး ဆေးကုသစေခဲ့ပါသည်။

ပြသနာက အခုမှစတာပါ ယင်းဆေးခန်းတွင် ဆရာဝန်ကြီးမှလဲ ဓာတ်မှန်အဖြေတွေဘာတွေကြည့်ပီး ဘာမှမဖြစ်ပါပု အရိုးအက်ခြင်းတောင် မရှိပါပုဟုပြောကြားခဲ့ပါသည်။ ယင်းနောက် သူတို့ နေထိုင်ရာ ကျောက်မြောင်းမှ အိမ်သို့ ကျွန်တော်ပြန်လည်ပို့ ဆောင်ပေးခဲ့ပါသည်။

ယင်းအိမ်အရောက်တွင် ယင်းအတိုက်ခံရသူအမျိုးသမီးနှင့်ပါလာသူအမျိုးသမီးများမှ ဆေးဖိုးဝါးခအားတောင်းခံခဲ့ပါသည်။ကျွန်တော် သူတို့ ကို ဆေးခန်းတွင်ကုန်ကြစရိတ်အ၀၀ ကို အကုန်ခံခဲ့ပါသည်။

ကျွန်တော် မှလည်း ဘာမှမှမဖြစ်တာဆေး ဘိုးဝါးခအတွက် ၅၀၀၀၀ကျပ်ကို စေတနာထားပြီးပေးမယ်ဟုပြောရာ အတိုက်ခံရသူအမျိုးသမီးနှင့်ပါလာသူအမျိုးသမီးများက ၅၀၀၀၀ ဆိုလျှင်မယူဘူး ပြန်တော့ဟုပြောကြားခဲ့ပါသည်။

ယင်းအမျိုးသမီးများကို ကျွန်တော်မှဆေးဘိုးဝါးခ မည်မျပေးရမည် လဲဟုမေးရာ ၈၀၀၀၀၀(ရှစ်သိန်း)ပေးရမည်ဟုပြောကြားခဲ့ပါသည်။ယင်းနောက်အမျိုးညှိရင်းညှိရင် ငွေကျပ် (၅၀၀၀၀၀)ငါးသိန်းနှင့်နှစ်ဦးသဘောတူ ကြေအေးခဲ့ပါသည်။

ယင်းစာချုပ်ချုပ်နေစဉ်အတွင်း ကျွန်တော့်အားပြောကြားခဲ့ရာ(နင်လို တကကစီမောင်းလို့  ငါးသိန်းနှင့် ကျေအေးတာ ပထမ တစ်ခေါက်က ကိုယ်ပိုင်ကားနဲ့ ဆို ၁၂၀၀၀၀၀ ဆယ်နှစ်သိန်းတောင်ရတာ ဟုပြောကြားခဲ့ပါသည်.။)

ကားသမားများနှင့်သက်ဆိုငရာမှလဲ ယခုပိုစ့်ကိုတွေ့ လျှင်ဆင်ခြင်နိုင်ရန်င်ပြခြင်းဖြစ်ပါသည်။
ဒီလိုလုပ်စားတဲ့သူတွေကို သက်ဆိုင်ရာမှမည်သို့ အရေးယူမည်နည်......................

ယာဉ်မောင်းသူအားလုံးဘေး၇န်ရှင်းကြပါစေဗျာာာာာာာာာာာာာာာာာာ။ Pls Share

ပေးပို့သူ၏ အာဘော်သာ ဖြစ်ပါသည်
REF:စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ
Ko Naing Zaw Htet ပေးပို့သည် ။

0 comments:

Post a Comment