Pages

Monday, August 5, 2013

ငဝန်မြစ်ရေတက်ကြောင့် မှု ရေကာတာ ငဝန် ရေကာတာ ကျိုးမည့် အန္တရာယ်ဖြစ်ပေါ်နေ

RangonNewsDaily:: Aug 5, 2013

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ယခု ရက်ပိုင်းအတွင်း မိုးရွာသွန်းမှု များပြားပြီး ငဝန်မြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်နေခြင်းကြောင့် ငဝန် ရေကာတာ ကျိုးမည့် အန္တရာယ်ရှိပြီး ကျေးရွာ များ ရေနစ်မြုပ်နိုင်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။ ငဝန်မြစ်ရေသည် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်၍ စိုးရိမ်ရေမှတ် အထက် ရောက်ရှိနေသဖြင့် ကျေးရွာများနှင့် စပါး စိုက်ခင်းများ ရေနစ်မြုပ် ပျက်စီးမည့် အခြေအနေ ရောက်ရှိနိုင်ကြောင်း၊ အဆိုပါ ငဝန် ရေကာတာ သည် သုံးကြိမ်ခန့် ကျိုးပေါက်ခဲ့ဖူးပြီး နောက်ဆုံးအကြိမ် ၁၉၉၁ ခုနှစ်က ကျိုးပေါက်ခဲ့စဉ် ကျောင်းကုန်းမြို့၊ ကျုံပျော်မြို့၊ ဟင်္သာတမြို့နှင့် ပန်းတနော် မြို့တို့ ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

ငဝန် မြစ်ရေသည် သြဂုတ်လ ၄ ရက်နေ့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ရောက်ရှိ ရပ်တန့်နေ ကြောင်း ဆည်မြောင်း ဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးသန်းဇော်ထူးက ပြောဆိုသည်။

ရေကာတာ လုံခြုံရေးအတွက် စောင့်ကြည့်ရေးကို ဌာနဆိုင်ရာ အင်အားဖြင့် မလုံလောက်ပါက ထိုက်သင့်သော ငွေကြေးပေးပြီး ဒေသခံများကို တာဝန် ခွဲဝေပေးသင့်ကြောင်း လေးမျက်နှာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုးခိုင်က ဆိုသည်။

လေးမျက်နှာမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၄၆ ခုရှိပြီး ရေကာတာ ကျိုးခဲ့ပါက တစ်မြို့လုံး၏ မိုးစပါးစိုက် ဧက ငါးသောင်းကျော် ပျက်စီး ဆုံးရှုံးနိုင်ကြောင်း ဒေသခံ တောင်သူ တစ်ဦးဖြစ်သည့် ဦးကြည်ဝင်းက ပြောကြားသည်။

The Voice , RangonNewsDaily
kolatt (Pabedan): 5.8.2013

0 comments:

Post a Comment