Pages

Monday, August 5, 2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းအတွင်း အသေးစား ပေါက်ကွဲမှုဖြစ်ပွား

 ယမန်နေ့ညက ဘုန်းကြီးကျောင်းတွင်း ဖြစ်ပွားခဲ့သည့် အသေးစား ဗုံးပေါက်ကွဲမှုကို စစ်ဆေးနေသည့် အင်ဒို ရဲ့အရာရှိများ
PHOTO: Wahyudi Soeriaatmadja
RangonNewsDaily:: Aug 5, 2013
ယမန်နေ့ညနေပိုင်းက ဂျကာတာအနောက်ဘက်ရှိ ဣိကယန ၀ီဟာရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တခု
တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုကြောင့် လူသုံးဦးဒဏ်ရာရပြီး အဆောက်အ
ဦ အစိတ်အပိုင်းအချို့ ပျက်ဆီးခဲ့သည်။
ထိုကျောင်းကို ၁၉၉၅ ၌ အနီးအပါးမှ ဗုဒ္ဓဘာသာကျောင်းသားများအတွက် ရည်စူးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဂျကာတာအနောက်ပိုင်းရဲအကြီးအမှူးဖာဒီလ်အိမ်ရားန်ကမူသက်သေခံများ၏ ပြောကြားချက် အရ ကျောင်း
 အတွင်းမှ ပေါက်ကွဲမှု အသံနှစ်ခုကို ကြားခဲ့ရကြောင်း ပြောပြသည်။

“သူတို့ကတော့ အဆောက်အဦထဲမှာ ဗုံးကို သီးသန့်ထည့်ထားတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် ကျနော်
တို့ သတင်းအချက်တွေ စုဆောင်းနေပါတယ်။” လို့ သူက ဂျကာတာပို့စ်သို့ ပြောပြသည်။

ပထမပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် ၉.၁၀ (ညဘက်) တွင်ဖြစ်ပြီး ဒုတိယပေါက်ကွဲမှုမှာ ၁၀.၄၅ (ညဘက်) တွင် ဖြစ်ကြောင်း၊ ည ၁၂ အချိန်ထိ ရဲများက ကျောင်းဝင်းအတွင်း အခြားဗုံးများရှိမရှိစစ်ဆေးခဲ့ကြောင်း၊ ဧပြီ
လကတည်းက မွတ်စလင် အစွန်းရောက်များက ဗုဒ္ဓဘာသာနှင့် မြန်မာပိုင် ပစ္စည်းများကို ပစ်မှတ်ထား တိုက်
ခိုက်ရန် အစီအစဉ် ရှိနေခဲ့ကြောင်း၊ ယင်းမှာ မြန်မာပြည်တွင်း ဖြစ်ပျက်နေသည့် လူမျိုးဘာသာရေး အကြမ်း
ဖက်မှုများ အတွက် လက်တုန့်ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊

အင်ဒိုကမူဘာလီဗုံးပေါက်ကွဲမှုဖြစ်ပြီးကတည်းကအကြမ်းဖက်မှုတိုက်ဖျက်ရေးကို စစ်ဆင်ရေး တစ်ခုအဖြစ်
 ဆောင်ရွက်နေကြောင်း ဂျကာတာပို့စ်က တင်ပြသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုန်းကြီးကျောင်းမှာ ဇင်ဗုဒ္ဓဘာသာ ဂိုဏ်းများမှ တခုဖြစ်မည်ဟု ယူဆရပါသည်။ ဒဏ်ရာရရှိသူအရေအတွက်ကိုဂျကာတာပိုစ်မှ၃ ယောက်ဟု ဖော်ပြခဲ့ပြီး စင်ကာပူအခြေစိုက် စထရိတ်တိုင်း
မ် တွင်မူ ဒဏ်ရာရရှိသူ တစ်ဦးဖြစ်ပြီး ပေါက်ကွဲမှုမှာ အသေးစားပေါက်ကွဲမှုတခုဖြစ်ကြောင်း စထရိတ်တိုင်း
မ်ရဲ့ ဂျာကာတာအခြေစိုက် သတင်းထောက်ရဲ့ တင်ပြချက်ကို ဖော်ပြထားရှိပါသည်။

M-Media , RangonNewsDaily
kolatt (Pabedan): 5.8.2013

0 comments:

Post a Comment