Pages

Monday, August 5, 2013

ယခင်ရက်ပိုင်းက ပြန်လည်ကောင်းစပြုလာတဲ့ SEA-ME-WE 3 အင်တာနက်ဆက်ကြောင်း ထပ်မံ ပျက် ပြီ

RangonNewsDaily:: Aug 5, 2013

၃၊၈၊၁၃ရက်နေ့ နံနက် ၄နာရီ၃၀မိနစ်ခန့်က ပအရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများကို ဆက်သွယ်ထားသည့် ပင်လယ်ရေအောက်ဖြတ်
SEA-ME-WE 3 အင်တာနက်ဆက်ကြောင်းချွတ်ယွင်း ပျက်စီးမှုများ ထပ်မံဖြစ်ခဲ့ဖြစ်ကြောင်း သိရှိရပါသည်၊
ဇူလိုင်လအတွင်းက ပျက်ခဲ့သောဆက်ကြောင်းကို ပြုပြင်ချိန်(၁)လကြာ
မြင့်နိုင်သည်ဟု ခန့်မှန်းပြင်ဆင်ခဲ့သော်လည်း (၁၀)ရက်အတွင်း ပြန်လှယ်ပြုပြင်နိုင်ခဲ့ပါသည်၊

ယခုပြတ်တောက်ပျက်ဆီးခြင်းမှာ ယခင်ပြုပြင်ခဲ့သော နေရာ မဟုတ်နိုင်ကြောင်းနှင့်
ပျက်ဆီးချို့ယွင်းမှုဖြစ်သော နေရာကို ရှာဖွေနေဆဲဖြစ်ကြောင်းလည်း သိရပါသည်။

၊မြန်မာနိုင်ငံသည် (SEA_ME_WE 3) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် ချို့ယွင်းမှု ဖြစ်ပေါ်လာလျှင်
ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ရှိရာသို့လှမ်းအကြောင်းကြားရပြီး ဆက်ကြောင်း ချို့ယွင်းတဲ့ နေရာနှင့် ဆက်ကြောင်းဆိုင်ရာ အချက်အလက် များကို စင်ကာပူနိုင်ငံ အခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ထံ
ပေးပို့ရပြီးထိုပေးပို့ချက်အရ လာရောက်ပြုပြင်ပေးသွားမည်လည်း ဖြစ်ပါသည်။

ထိုပြုပြင်မှု မပြီးမှီအချိန်တွင် အင်တာနက်လိုင်းများ ယခင်ကထက် ပိုမို နှေးကွေးနေမည်ဖြစ်ကြောင်း
တာဝန်ရှိသူတစ်ဦးမှ Herjule Mediaသို့ ပြောကြားခဲ့ပါသည်။

(ဟာဂျူလီ-ကသာ)Herjule Media
RangonNewsDaily
kolatt (Pabedan): 5.8.2013

0 comments:

Post a Comment