Pages

Tuesday, January 20, 2015

ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ဒေါက်တာထွန်းအောင် အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်


RangonNewsDaily:: January . 20 .2015
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအကြား ပဋိပက္ခနဲ့ဆက်နွယ်ပြီး အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ ဒေါက်တာထွန်းအောင်ကို နိုင်ငံတော်သမ္မတရဲ့ အထူးလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့မှာ လွှတ်ပေးလိုက်ပါတယ်။

မန္တလေး-ပြင်ဦးလွင်လမ်း၂၄မိုင် ရှုခင်းသာအနီး ကုန်တင်ယာဉ် အရှိန်လွန်ပြီး ချောက်ထဲထိုးဆင်း


RangonNewsDaily:: January . 20 .2015
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ၂၄ မိုင် ရှုခင်းသာအနီး မိုင်တိုင်အမှတ် ၂၄/၆နှင့်
၂၄/၇ကြား မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် ဇန်နဝါရီ၁၅ရက် မွန်းလွဲ၃နာရီ ၄၅မိနစ်ခန့်က
မူဆယ်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ၂၂ ဘီး ကုန်တင်ယာဉ် ၆ဂ /-- သည် အရှိန်လွန်ပြီး ၂၄ မိုင်ယာဉ်အန္တရာယ် ကင်းရှင်းရေး ပြုလုပ်ထားသော လမ်းကားတုံးများအား ဖြတ်ကျော်ကာ
ချောက်အတွင်းထိုး ဆင်းသွားရာ ယာဉ်အောက်တွင် ချိတ်ထားသော အပိုဘီးနှင့် တိုက်မိပြီး
ရပ်တန့်သွားခဲ့သည်။

နျူကလီးယားလက်နက်ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသော ယူရေနီယံ အများအပြားထွက် ရှိသည့်နေရာတွေ့ရှိယူရေနီယံ ဟုတ်၊ မဟုတ် စမ်းသပ်ကြည့်ခဲ့သော ဦးတေဇက ဓာတ်ရောင်ခြည် သင့်ထား၍ ကျန်းမာရေးသိပ်မကောင်းဟုပြော


RangonNewsDaily:: January . 20 .2015
နျူကလီးယားလက် နက်များထုတ်လုပ်ရာတွင် အဓိက ပါဝင်သော ကုန်ကြမ်းဖြစ်သည့် ယူရေနီယံသတ္တု အများအပြား ထွက်ရှိသောနေရာကို မြန်မာ နိုင်ငံ၌ တူးဖော်ရှာဖွေတွေ့ရှိ ထားပြီဖြစ်ကြောင်း ထူးကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇကပြောသည်။

ထိုင်းတွင် ခရီးသည်တင်ကားမှောက်၊ မြန်မာ ၂ ဦးသေ ၁၁ ဦး ကုသမှုခံယူ


RangonNewsDaily:: January . 20 .2015
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မနေ့မနက်က မြန်မာအလုပ်သမားတွေ စီးနင်းလာတဲ့ ခရီးသည် တင်မှန်လုံကား မတော်တဆဖြစ်မှုကြာင့် ကားပေါ်ပါ ဇနီးမောင်နှံ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တွေကို ဆေးဝါးကုသနေပါတယ်။