Pages

Tuesday, January 20, 2015

မန္တလေး-ပြင်ဦးလွင်လမ်း၂၄မိုင် ရှုခင်းသာအနီး ကုန်တင်ယာဉ် အရှိန်လွန်ပြီး ချောက်ထဲထိုးဆင်း


RangonNewsDaily:: January . 20 .2015
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ၂၄ မိုင် ရှုခင်းသာအနီး မိုင်တိုင်အမှတ် ၂၄/၆နှင့်
၂၄/၇ကြား မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် ဇန်နဝါရီ၁၅ရက် မွန်းလွဲ၃နာရီ ၄၅မိနစ်ခန့်က
မူဆယ်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ၂၂ ဘီး ကုန်တင်ယာဉ် ၆ဂ /-- သည် အရှိန်လွန်ပြီး ၂၄ မိုင်ယာဉ်အန္တရာယ် ကင်းရှင်းရေး ပြုလုပ်ထားသော လမ်းကားတုံးများအား ဖြတ်ကျော်ကာ
ချောက်အတွင်းထိုး ဆင်းသွားရာ ယာဉ်အောက်တွင် ချိတ်ထားသော အပိုဘီးနှင့် တိုက်မိပြီး
ရပ်တန့်သွားခဲ့သည်။
ယာဉ်ပေါ်လိုက်ပါလာသူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကြီးကြပ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိချေ။ ယာဉ်မောင်းအားပြင်ဦးလွင်မြို့နယ် ပြင်စာနယ်မြေရဲစခန်းက အမှုဖွင့် အရေး ယူထားကြောင်းသိရသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment