Pages

Monday, April 25, 2016

ဦးခေါင်းပြတ်နေသော မိန်းကလေးငယ်တစ်ဦးအလောင်းတွေ့မှု ရဲအပူတပြင်းစုံစမ်းနေ


RangonNewsDaily::April . 25 .2016
ယမန်နေ့ ညနေပိုင်းက ဒေါပုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ရေမြောင်းဘေး၌ တွေ့ရှိခဲ့ရသည့် ဦးခေါင်းပြတ်နေသောအသက်၆ နှစ်အရွယ် မိန်းကလေး၏ ရုပ်အလောင်းနှင့် ယင်းသို့တွေ့ရှိသောနေရာနှင့် လမ်းတစ်လမ်းသာခြားသောတစ်ခြားရေမြောင်းတစ်ခုထဲတွင် ပုပ်ဆွေးနေသောဦးခေါင်းတစ်လုံးကိုယနေ့တွေ့ရှိရသဖြင့် 
ရုပ်အလောင်းနှင့် ဦးခေါင်းတို့ ဆက်စပ်မှုရှိမရှိကို ရဲကဆက်လက်စုံစမ်းလျှက်ရှိသည်။

ကားသမား ပြုသမျှနုနေရတဲ့မြန်မာပြည်ကခရီးသည်များရဲ့ ဘဝ


RangonNewsDaily::April . 25 .2016
ပုံမှာ မြင်ရတာက စစ်တွေ=ရန်ကုန် ပြေးဆွဲနေတဲ့တိုးရတနာ အထူးကားရဲ့ ကားတွင်းပိုင်းမြင်ကွင်းပါ။ 

ကျောက်မဲမြို့နယ်ပန်းစလော့ကျေးရွာတွင် ကောက်ရသောလက်ပစ်ဗုံးထုခွဲရာမှသေဆုံးဒဏ်ရာရ


RangonNewsDaily::April . 25 .2016
ကျောက်မဲမြို့နယ်၊လွယ်ကုန်ကျေးရွာအုပ်စု၊ပန်စလော့ ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ပေါက်ကွဲ့မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပီး၊ တစ်ဦး ဒဏ်ရာ ရခဲ့သည်။

အစားအစာနှင့်ဆေးဝါးများကို စစ်ဆေးလိုပါက အကြောင်းကြားနိုင်သော ဖုန်းနံပါတ်များ(FDA)ထုတ်ပြန်


RangonNewsDaily::April . 25 .2016
မိမိတို့ပတ်ဝန်းကျင်က အစားအစာနှင့်ဆေးဝါးများကို စစ်ဆေးလိုပါက အကြောင်းကြားနိုင်သော ဖုန်းနံပါတ်များ(FDA)ထုတ်ပြန်ခဲ့သည်။

ကွယ်လွန်သွားသော DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောလားပွယ် နေရာတွင် ဗိုလ်ချုပ်ကြီးစောမိုရှေးကိုအစားထိုးခန့်အပ်


RangonNewsDaily::April . 25 .2016
မကြာသေးမီကကွယ်လွန်သွားတဲ့ DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောလားပွယ်ရဲ့ နေရာကို ဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမိုရှေးကို အစားထိုးခန့်လိုက်ပြီဖြစ်ပါတယ်။

“စစ်ကိုင်းတွင် မိုးသီးများသည်းထန်စွာကြွေကျ”


RangonNewsDaily::April . 25 .2016
စစ်ကိုင်းမြို့ နီလာဦးရပ်ကွက်တွင် (ဧပြီလ ၂၂ရက်) ညနေ ၃နာရီက နှစ်လက်မ ပတ်လည် အရွယ်အစားရှိ မိုးသီး များ ၁၅မိနစ်ကြာကြွေကျခဲ့ပြီး တဲအိမ်နှစ်လုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း နီလာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရွှေအောင်ကပြောသည်။ 

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက် (ဟောက်သံကြောင့် ဖောက်ပြန်လာမယ့် ကျန်းမာရေးကို ကာကွယ်ပါ)


RangonNewsDaily::April . 25 .2016
အိပ်ပျော်နေစဉ် ဟောက်ခြင်းဟာ အအိပ်ဆတ်တဲ့ ဘေးလူတွေ အတွက် အနှောင့်အယှက် ဖြစ်စေသလို ကာယကံရှင် အတွက်လည်း သူများ ပြန်ပြောရင် ရှက်ကိုးရှက်ကန်း ဖြစ်စရာ တစ်ခုဖြစ်ပါတယ်။ ဒါတွေထက် အရေးကြီးတဲ့ ကိစ္စက ဟောက်ခြင်းဟာ အဖြစ်များတဲ့ အိပ်စက်မှု ဆိုင်ရာ ချို့ယွင်းချက်တစ်ရပ် (A Common Sleep Disorder) ဖြစ်နေလို့ ပါပဲ။ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်တတ်ပြီး အမျိုးသားတွေ၊ အ၀လွန်သူတွေ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။ 

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် မယ်စရင်း မြို့ နယ် စောင်ဟင် နယ်စပ်ကျေူရွှာအနီး မှုးယစ်ဆေးဝါးများဖမ်းမိ



RangonNewsDaily::April . 25 .2016
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် မယ်စရင်း မြို့ နယ် စောင်ဟင် နယ်စပ်ကျေူရွှာအနီးမှာ မြန်မာနိုင်ငံဘက်မှ သယ်ဆောင်လာကြတဲ့ မူးယစ်ဆေးဝါး ရာဘ (စိတ်ကြွဆေး နှစ်သိန်း(ကာလတန်ဘိုးဘတ်ငွေ သန်း၃၀) နဲ့အတူ ကရင်တိုင်ရင်းသား(၃)ဦးကို ဧပြီလ ၂၃ ရက် နေခည် ၁၄း၃၀ မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း
နလေစွန် နယ်ခြားစောင့်တပ် အမှတ် (၃၆ )နဲ့  မူးယစ်နှိမ်နင်းရေးအဖွဲ့  ၃၃၇ တပ်ဖွဲ့ ဝင်များက ယနေ့  သတင်းစာရှင်းလင်းပွဲလုပ်မှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။

ပြည်နယ်နှစ်ခုနှင့် တိုင်းသုံးခုတွင် မိုးသက်လေပြင်းကျခြင်းနှင့် မိုးသီးကြွေခြင်းသတိပြုရမည်


RangonNewsDaily::April . 25 .2016
ယနေ့မှနောက် ၂၄ နာရီအတွင်း ချင်းပြည်နယ် ၊မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ် တို့တွင် မိုးသက်လေပြင်းကျခြင်း မိုးသီးများကြွေခြင်းတို့ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း မိုးဇလပညာရှင်ဒေါက်တာထွန်းလွင်က 
ယနေ့နေ့လည်ပိုင်းတွင်ထုတ်ပြန်သည် ။

ကျောက်ဖြူတွင် ငါးဖမ်းသွားသည့် လူငယ်နှစ်ဦး သဲစုတ်တွင်းထဲကျပြီး ရေနစ်သေဆုံး


RangonNewsDaily::April . 25 .2016
ကျောက်ဖြူမြို့၊ ငလပွေ့တံတားအနီး အိုးတင်ဆိပ်ချောင်းတွင် ဧပြီလ ၂၃ ရက် ညနေ ၄ နာရီကျော်ခန့်က ငါးဖမ်းသွားသူ လူငယ် နှစ်ဦးသည် သဲစုတ်ထားသော ရေတွင်းထဲ ကျပြီး ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။
ငါးဖမ်းသွားရာတွင် လူငယ် သုံးဦးပါတ၀်ပြီး ထိုအထဲမှ နှစ်ဦးမှာ သဲစုပ်ယူထားသော တွင်းထဲကျပြီ ရေနစ်၍ သေဆုံး သွားခြင်း ဖြစ်ကြောင်း ဒေသခံရွာသားများက ပြောသည်။

မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း


RangonNewsDaily::April . 25 .2016
၁။ ယခုလတ်တလောကာလများတွင် မြန်မာနိုင်ငံတ၀န်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရှင်များက ထုတ်ပြန်ထားပါသည်။

ပြည်မြို့ကုတင်(၅၀၀)ဆေးရုံကြီးအတွက် အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနအဆောက်အဦးမြန်မာမွတ်စလင်များမှပေးအပ်လှုဒန်း

RangonNewsDaily::April  . 25 .2016
ပြည်မြို့ကုတင်(၅၀၀)ဆေးရုံကြီး၏ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနအဆောက်အဦးကို ဟာဂျီဦးခင်မောင်+ဟာဂျီဦးဝင်းမောင် (ခေတ်သစ်-ဆောက်လုပ်ရေးနှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) မိသားစုတို့မှ ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆောက်အဦးအသစ်အားဖွင့်လှစ် ပေးအပ်လှူဒါန်းခဲ့သည်။