Pages

Monday, April 25, 2016

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် မယ်စရင်း မြို့ နယ် စောင်ဟင် နယ်စပ်ကျေူရွှာအနီး မှုးယစ်ဆေးဝါးများဖမ်းမိ



RangonNewsDaily::April . 25 .2016
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် မယ်စရင်း မြို့ နယ် စောင်ဟင် နယ်စပ်ကျေူရွှာအနီးမှာ မြန်မာနိုင်ငံဘက်မှ သယ်ဆောင်လာကြတဲ့ မူးယစ်ဆေးဝါး ရာဘ (စိတ်ကြွဆေး နှစ်သိန်း(ကာလတန်ဘိုးဘတ်ငွေ သန်း၃၀) နဲ့အတူ ကရင်တိုင်ရင်းသား(၃)ဦးကို ဧပြီလ ၂၃ ရက် နေခည် ၁၄း၃၀ မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း
နလေစွန် နယ်ခြားစောင့်တပ် အမှတ် (၃၆ )နဲ့  မူးယစ်နှိမ်နင်းရေးအဖွဲ့  ၃၃၇ တပ်ဖွဲ့ ဝင်များက ယနေ့  သတင်းစာရှင်းလင်းပွဲလုပ်မှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံဘက် လွိုင်ကော်ဒေသကနေ စိတ်ကြွဆေးတွေကို တောလမ်းကနေ သယ်ဆောင်လာကြပြီး ထိုင်းဘက်က သတ်မှတ်ထားတဲ့နေရာမှာ ရာဘ အထုတ်တွေကို ချထားခဲ့ရမှာဖြစ်တယ်၊ ယခုဖမ်းမိတဲ့သူတွေကို တစ်နေ့ ကျပ်ငွေ နှစ်သောင်းနဲ့  အဌားသယ်ခိုင်းလာတာလို့ သိရပါတယ်။
.
တရားခံတွေနဲ့ အတူပါလာကြတဲ့ ကျန် မူးယစ်ဆေးဝါး သယ်ဆောင်အဖွဲ့ ဝင်တွေဟာ ထိုင်းတပ်ဖွဲ့ နဲ့ ထိပ်တိုက်တွေ့ ခဲ့ရာမှာ မြန်မာဘက်ကို ထွက်ပြေးသွားကြတယ်လို့  သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောဆိုသွားတယ်။
(SAW)::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment