Pages

Monday, April 25, 2016

ကျောက်ဖြူတွင် ငါးဖမ်းသွားသည့် လူငယ်နှစ်ဦး သဲစုတ်တွင်းထဲကျပြီး ရေနစ်သေဆုံး


RangonNewsDaily::April . 25 .2016
ကျောက်ဖြူမြို့၊ ငလပွေ့တံတားအနီး အိုးတင်ဆိပ်ချောင်းတွင် ဧပြီလ ၂၃ ရက် ညနေ ၄ နာရီကျော်ခန့်က ငါးဖမ်းသွားသူ လူငယ် နှစ်ဦးသည် သဲစုတ်ထားသော ရေတွင်းထဲ ကျပြီး ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။
ငါးဖမ်းသွားရာတွင် လူငယ် သုံးဦးပါတ၀်ပြီး ထိုအထဲမှ နှစ်ဦးမှာ သဲစုပ်ယူထားသော တွင်းထဲကျပြီ ရေနစ်၍ သေဆုံး သွားခြင်း ဖြစ်ကြောင်း ဒေသခံရွာသားများက ပြောသည်။
ရေနစ် သေဆုံးသွားသူမျာမှာ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ကုလာဘာတောင်ကျေးရွာမှ မောင်ဇော်လင်း(၂၃)နှစ်နှင့် မောင်လူဖြူချေ(၁၁)နှစ်တို့ဖြစ်သည်။
အိုးတင်ဆိပ်ချောင်းတွင် မောင်ဇော်လင်း ကငါးဖမ်းကွန်ပစ်လိုက်သောအခါ အရှိန်လွန်ပြီး ပေနှစ်ဆယ်ကျော် အနက်ရှိသော သဲစုပ်ထားသော တွင်းထဲသို့ကျရောက်သွား၍ ငါးတန်းကျောင်းသား မောင်လူဖြူချေ မှ လက်ကမ်းဆွဲယူရာမှ နှစ်ယောက်လုံးရေနစ်မြုပ်သွားကြောင်း ငါးဖမ်းရန်အတူလိုက်ပါလာသူ မောင်ဘိုဘို(၁၇)နှစ် က ပြောဆိုသည်။

နှစ်ယောက်လုံး ရေနစ်မြုပ်သွားသည်နှင့် ငါးဖမ်းရန်အတူပါလာသူ မောင်ဘိုဘိုက ရေနစ်နေပြီ ကယ်ကြပါဟု အနီးအနားမှ လူများကို အော်ဟစ်အကူအညီ တောင်းခဲ့ရာ လူအများရောက်ရှိလာပြီး ရှာဖွေခဲ့ရာ ညနေ(၅) နာရီကျော်တွင် ရေနစ်မြုပ်သေဆုံးသူနှစ်ဦးအလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၊ ငလပွေ့တံတားအနီး တွင် ချောင်းကမ်းခြေ ကို ချောင်းမှသဲတွေကိုစုပ်ယူပြီး ဆည်ဖို့၍ အဆောက် အဦးတွေ ဆောက်လုပ်နေသောကြောင့် ချောင်းကမ်းခြေ တစ်လျှောက်တွင် ရေတွင်းကြီးများ ဖြစ်ပေါ် နေသည်ဟု သိရသည်။
.
ယင်းတွင်းကြီးများ ဖြစ်ပေါ်နေသော နေရာများတွင် ငါးဖမ်းပါက အရှိန်လွန်ပြီး ရေထဲနစ်သွားတတ်ပြီး ငါးဖမ်းသူများ မကြာခဏ သေဆုံး မှုရှိနေကြောင်း မြို့ခံများက ဝေဖန်မှု ပြောကြားသည်။
ငါးဖမ်းရန်လာရောက်သူသုံးဦးစလုံးမှာ ရေကူးမတတ်သူများဖြစ်ကြောင်း ဒေသခံတွေပြောကြားချက်အရ သိရသည်။
အဆိုပါအခင်းဖြစ်စဉ်အား ကျောက်ဖြူမြို့နယ်ရဲစခန်းမှ သေမှုသေခင်း ၇/၂၀၁၆ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။
နိရဉ္ဇရာ ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment